May 7, 2008

မျှဝေခံစားခြင်း



မွန်မြတ်ကြပါစို့

အရာအားလုံး ပျောက်ဆုံး သွားသူတွေအတွက်
မျှော်လင့်ချက်ကလွဲလို့
နားခိုစရာ လောကငရဲပဲရှိတော့တာလား…။

မုန်တိုင်းဟာ
ကမူး ရှူးတိုး ဆိုးသွမ်းဖျက်စီးတတ်တဲ့သဘာဝနဲ့
ဘာမှမကျန်အောင် ၀ါးမြိုသွားလိုက်တာ
ရင်ဘတ်ဟောင်းလောင်း အလောင်းတွေတန်းစီနေတဲ့
ဒို့ပြည်ပဲ ကျန်ခဲ့တယ်…။

စားစရာ မရှိတော့ဘူး လူလေးရေ
အမေက ငိုနေပေမယ့် စားမယ့် ပါးစပ်ပေါက်လေးတွေ
ပျောက်ဆုံးခဲ့….။

နေစရာမရှိတော့ဘူး လုံမရေ
ပုံကျခွေလဲနေတဲ့ ရေထဲက အလောင်းလေးပဲ ကျန်ခဲ့…..။

ဆေး မရှိတော့ဘူး အဘရေ
ငြိမ်သက်နေတဲ့အဘ ရေတွေစိုပွလို့ ဘ၀ခြားတဲ့အလောင်းပဲ
ရေစီးကြောင်းထဲ မျောခဲ့…..။

ဒီလို ဘ၀တွေနဲ့
ကူသူမဲ့….
ကယ်သူမဲ့….
ဆူဝေတဲ့သောကပင်လယ်ဟာ
ရှင်သူများကို ၀ါးမြိုစပြုနေပြီလေ….။

နတ် သိကြား ဒေ၀တာ
များစွာသော တန်ခိုးရှင်များ ခင်ဗျား
မွဲတေတဲ့ဘ၀များ ဘာမှားခဲ့ပါသလဲ…
မိသားစု ပျောက်ဆုံးသွားသူတွေအတွက်
မျက်ရည်နဲ့ သောက ၊ ငတ်မွတ်မှုနဲ့ ရောဂါဆိုး
သင်တို့ဘယ်တန်ခိုးနဲ့ဖန်ဆင်းခဲ့ကြပါသလဲ….။

ကဲ…
ဒို့ ပြည်သူ ဒို့ ကူကြစို့
ဘာပဲဖြစ်ဖြစ် ကျန်ရစ်သူတွေအတွက်
မျှော်လင့်ချက် အနန္တနဲ့ ဘ၀ဆက်ခွင့်အတွက်….။

ငြိမ်းဇေဦး
http://nyeinzayoo.blogspot.com


ဒီနေရာကပုံ

မုန်တိုင်း ဒဏ် ခံရသော ပြည်သူများ ကယ်ဆယ်ရေး အလှူငွေ အတွက်ရေးသားပါသည်။

3 comments:

Welcome said...

ထပ်တူထပ်မျှ နာကျင်ခံစားရပါတယ်။

* In Search of Truth * said...

May 8 သတင်းကောင်းလေးတွေနဲ့ စိတ်ရဲ့ ခွန်အားတွေ တိုးပွားစေအံ့ http://lightofmyanmar.blogspot.com/

* In Search of Truth * said...

မြန်မာပြည် ဒုက္ခအပေါ် အမြတ်ထုတ်တဲ့ Al Gore အရှက်ကွဲခြင်း အကြောင်းကို ဗီဒီယိုနှင့်တကွ တင်ပြထားပါသည်။ http://lightofmyanmar.blogspot.com/