May 6, 2008

ဘယ်သူသေသေ

ဆန္ဒခံယူပွဲ မေ ၁၀ ရက်နေ့တွင် လုပ်သွားမည် ဆိုသော စစ်အစိုးရ၏ ကြေငြာချက်

၁။ ။ မြန်မာနိုင်ငံရှိ အခြေအနေသည် ဒေသအတွင်း နိုင်ငံတကာတို့ရဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်မှု မရှိသော်လည်း ၂ ရက် ၅ လ ၂၀၀၈ ခုနှစ် နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသဘာပတိ၏ ကြေညာချက် ထုတ်ပြန်ခဲ့သည့်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် များစွာ အံ့သြရပါသည်။

၂။ ။ နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေ မူကြမ်းအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခြင်းကို ၂၀၀၈ခုနှစ် မေလ ၁၀ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ခုနှစ်တွင် ကျင်းပ ပြုလုပ် မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့် အချိန်ဖြစ်ပြီး ဆန္ဒမဲပေးရန်အတွက် ပြည်သူလူထူက စိတ်အားထက်သန်စွာ မျှော်လင့်ချိန် ဖြစ်ပါသည်။

၃။ ။ မြန်မာနိုင်ငံသည် အချုပ်အခြာနိုင်ငံဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါသည်။ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေ မူကြမ်းအား ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုမည့် ကိစ္စသည် ပြည်သူများ၏ အဆုံးအဖြတ်ပြုရမည့် ကိစ္စရပ် သက်သက်သာ ဖြစ်ပါသည်။ ထို့အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခြင်းသည် ပြည်တွင်း စီရင်ခွင့် အာဏာတွင် ကျရောက်ပါသည်။ ထိုသို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခြင်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ပြီး ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်မည် ဖြစ်ပါသည်။

၎။ ။ နိုင်ငံတော် အစိုးရသည် အိမ်နီးချင်း နိုင်ငံများ အာဆီယံနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများက ထောက်ခံ ကြိုဆိုလျက်ရှိသော နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ လမ်းစဉ် ၇ ချက်နှင့် ပြည်သူလူထုနှင့် လက်တွဲကာ ဆက်လက် ကြိုးပမ်း အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ဖော်ပြပါသည်။

ပုံ
အမိန့်အရ
သန့်ရှင်း။
ဗိုလ်မှူးကြီး (အတွင်းရေးမှူး)
ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့။
ဒီနေ့ကြေငြာချက်(၅၊မေလ၊၂၀၀၈)

1 comment:

Nge Naing said...

To in search of lying
အရေမရ အဖတ်မရ အလိမ်အညာတွေနဲ့ ရေးထားတဲ့ နင်တို့ဆောင်းပါးကို ဖတ်ဖို့ ဘယ်သူမှ စိတ်ဝင်စားဘူး၊ အချိန်လည်း ပေးနိုင်ကြမှာ မဟုတ်ဘူး။ ဒီမှာ နင်တို့ရဲ့ စာဖတ်ပရိတ်သတ်လည်း ဘယ်သူမှ ရှိမှာမဟုတ်ဘူး ဆိုတော့ လာပြီး ဖတ်ခေါ်နေလည်း အလကားပဲ။ ဗဟုသုတ လာယူရင်လည်း ယူပြီးရင် အေးအေးပြန်ပါ။ ဒီမိုသမားတွေဟာ အရေမရ အဖတ်မရ အပိုတွေလျှောက်လုပ်နေတယ်လို့ ယူဆရင် လာပြီးမပတ်သက်ပါနဲ့၊ ဒီမိုကရေစီဟာ ကိုယ့်နဲ့မဆိုင်ဘူးလို့ ယူဆရင် ရှင်းရှင်းနေပါ။ လာမရှုပ်ပါနဲ့။ ဒီမိုကရေစီနဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်ကို အကောင်းမှတ်နေတဲ့ နင်တို့လိုကောင်တွေရေးတဲ့စာကို ဒီဘလော့ကို လာတဲ့သူတွေ ဘယ်သူမှဖတ်မှာ မဟုတ်ဘူး ကိုယ့်စာကိုယ်ပဲ ပြန်ဖတ်လိုက်ပါ။