ကျမဘလော့ထဲ ၀င်လည်ကြသူတွေကို ခုထိ ကျေးဇူးစကား မပြောရသေးပါ..
ဘာမှ မတတ်ဘဲ ဘလော့ဂါလုပ်ချင်တဲ့သူနဲ့ ဘလော့အသစ်စက်စက်အတွေ့မှာ
ပြဿနာပေါင်း သောင်းခြောက်ထောင်..။အရပ်လဲကူရ.. လူလဲဝိုင်းရ..
ပထဇ လဲ မနေရ..
ခုတော့ တဖြည်းဖြည်း ရုပ်တော့ ပေါ်လာပြီထင်ပါရဲ့နော်..။
ဒါတောင် တချို့နေရာ.. လေးထောင့်တုံး.. တချို့နေရာ မေးခွန်းအမှတ်အသား ဖြစ်ဖြစ်နေသေးတာ..။
ကံများမကောင်းချင်တော့ ထိုင်းမှာ ဆီဗုံးတွေလဲ ပြဿနာတက်ချိန်..
ကိုယ့်ဆီလာလည်လို့မှ နှုတ်ဆက်မရ..။ ခက်ပါ့..နော်။
ဘာပဲဖြစ်ဖြစ်.. ဘလော့အသစ်သက်စက်လေးကို စိတ်မပျက်ကြပါနဲ့နော်။
ဒီနေ့ဆိုရင် ကွန်မင့်တွေကို စာစပြန်လို့ ရသွားပါပြီ…။
နောက်ကို ကွန်မင့်တွေအတွက် အမြဲ စာပြန်ရေးပါ့မယ်။
ဝေဖန်ဆွေးနွေး အကြံပေးကြပါနော……
ဘလော့လေး နှစ်ပတ်သားရောက်မှပဲ
ကိုယ့်ဆီလာခဲ့သမျှ ဧည့်သည်တွေကို
နှုတ်ဆက်စကားပြောရပါတော့တယ်..
ချစ်ခင်စွာ… မေငြိမ်း