Apr 24, 2008

IC တဲ့ဗျိုးးးးး

မြန်မာပြည်မှာတော့ လူထုက အသစ်ထွင်လိုက်ပြန်ပြီ။

IC (အိုင်စီ)တဲ့လေ..။

ကျမတို့ မြန်မာနိုင်ငံကလူတွေဟာ အစိုးရအဆက်ဆက်ရဲ့ အနှိပ်စက်နဲ့ အလိမ်အညာတွေကို အမျိုးမျိုးအဖုံဖုံ ခံရဖန်များတော့ စဉ်းစား ဆင်ခြင်ဥာဏ်တွေ ထွင်ဥာဏ်တွေမှာ ပို အားသာ လာကြတယ်။

ခုလည်း NO))))))) လို့ အော်နေကြရာကနေ၊ နယ်ဘက်က ကျေးလက်နေ ရိုးသားလှတဲ့ လူထုကြီးက အမှတ်မှားပြီး မဲပေါ်မှာ 'NO'လို့ ရေးမိရင် ပယ်မဲတွေ ဖြစ်ကုန်မှာစိုးလို့တဲ့ IC... လို့ ပြောင်းအော်ကြရပြီ။ IC ဆိုတာ ဘာလဲလို့ မေးကြည့်ုတော့ Iron Cross လေ... တဲ့။ Cross တောင်မှ ရိုးရိုး Cross မဟုတ်ဘူးနော်.. ပိုင်ပိုင်နိုင်နိုင် ခိုင်ခိုင်မာမာ ထင်းထင်းလင်းလင်းရှိတဲ့ သံမဏိကြက်ခြေခတ် Iron Cross ပါတဲ့။ ဒီလိုနဲ့ ဒီတရက်နှစ်ရက်မှာပဲ တနိုင်ငံလုံး တီးတိုးတီးတိုးနဲ့ ပျံ့နှံ့သွားတာက IC တဲ့လေ။ IC ဆိုရင် ကြက်ခြေခတ်ရမယ့် ကန့်ကွက်တဲ့ အမှတ်အသားလို့ သိပြီတဲ့။ (No အဖွဲ့ပြီးတော့ Iron Cross အဖွဲ့တွေ မျက်ခမ်းခပ်လှုပ်လှုပ် ဖြစ်နေတော့မယ်)

ဒါပေမဲ့ လူထုကြားမှာတော့ IC, IC နဲ့ ပိုပြီး လူပြောများလာတာတော့ အမှန်ပါပဲ..။ မကောင်းဘူးလား.. :P ။ ကျမကတော့ ဒီလောက် ခက်ခဲလှတဲ့ အနေအထားထဲမှာတောင် ရသလောက်အတိုင်းအတာကြားက အချင်းချင်း အမျိုးမျိုး စည်းရုံးရေးဆင်းနေကြတဲ့.. Message ပေးနေကြတဲ့ ပြည်သူလူထုကို လေးစားဦးညွှတ် နေမိပါတယ်။

ကျမတို့ ပြည်သူများ ကြိုးစားရကျိုးနပ်ပါစေလို့လည်း ဆုတောင်းနေမိပါတယ်..။

6 comments:

* In Search of Truth * said...

( ဒေါ်မေငြိမ်း၏ တောသားနှစ်ယောက် ဘလော့တွင် ပြောဆိုချက်

ရှင်တို့က စီဘောက်မထားတော့ ဒီမှာပဲ ၀င်ရေးရတော့တယ်။ မပြောရင်မဖြစ်တော့လို့.. ရှင်တို့ရဲ့ အရည်မရ အဖတ်မရ ကော်မင့်တွေကို ကျမဆီမှာ လာလာမရေးပါနဲ့။ မျက်စေ့ တော်တော် ရှုပ်လာပီ။ ပီးတော့ ကျမအတွက် အကျိုးလည်း မရှိဘူး။ သူများကို အကျိုးရှိစေချင်ရင်တော့ ရှင်တို့ ကိုယ်ပိုင် ဘလော့မှာပဲ ရေးပါ..။ ကျမအသက် ၄၅နှစ်ရှိတော့မယ်.. ရှင်တို့ ပြောလည်း ကိုယ့် ခံယူချက်နဲ့ ကိုယ်ပဲ.. ဒါကြောင့် ဒီမိုကရေစီသမားတွေပီပီ သူတပါး စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုတဲ့ ကိစ္စကို ရပ်တန်းက ရပ်ပါ.. ဒါပါပဲ။
မေငြိမ်း
)

ဒေါ်မေငြိမ်း ခင်ဗျား . . .

ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ဆန္ဒကို ထုတ်ဖေါ်ခွင့်၊ ဝေဖန်ခွင့်ကို ပေးရပါသည်။ သင်၏ တောင်းဆိုချက်သည် ရှက်ဖွယ်ဖြစ်ပေ၏။ နအဖကို သင်တို့က အာဏာရှင်ဖြစ်သည်ဟု စွပ်စွဲထားသော်လည်း မည်သည့် နအဖ ဘလော့မှ သင်တို့ ဒီမိုဘလော့တွေလို အရှက်မဲ့စွာ ဝေဖန်ခွင့်အား ပိတ်ပင်ခြင်းမရှိပါ။ နအဖဘလော့များ၏ ဆီပုံးများတွင် ဒီမိုသမားများ အောက်တန်းကျစွာ ဆဲဆိုနေသည်ကို သင်ကိုယ်တိုင်သိပါသည်။ (သင်ကိုယ်တိုင်ပင် သင်တို့အဖွဲ့သားများမှ နအဖ လူဟန်ဆောင်ကာ သားမယားသဖွယ် အကြိမ်များစွာ ပြောဆိုခံခဲ့ရပါသည်။) သို့သော် နအဖ ဘလော့များ၏ သဘောထားကြီးမှုကို သင်အနေဖြင့် အတုယူခြင်း မရှိသည့် အတွက် ရှက်ဖွယ်ဖြစ်ပေ၏။ ထို့ကြောင့် ကျနော်တို့တောသား နှစ်ယောက်သည် သင်၏ အရှက်မဲ့သော တောင်းဆိုချက်ကို လိုက်လျောမည်မဟုတ်ပါ။ အမှန်ကို ပွင့်လင်းစွာ ပြောကြားခြင်းအတွက် ခံစားရတယ်ဆိုရင် ခွင့်လွတ်ပေးပါ။ တောသားဆိုသည်မှာ တည့်တည့်ပဲ ပြောတတ်ပါသည်။

တောသားနှစ်ယောက်

ကိုကိုကြောင်ချေး said...

ဒေါ်မေငြိမ်း

Comment မရေးစေချင်ရင်လဲ ဖြုတ်ထားလိုက်ပေါ.
ခက်တာမှတ်လို.။ချီးမွမ်းမြှောက်ပင်.တဲ. Comment တွေ
ကိုပဲ လက်ခံချင်ရင်လဲ ရှင်းရှင်းလင်းလင်း ကြေညာထားပါလားခင်ဗျ။
နောက်ပီး ဘယ်သူမှ မမေးပဲနဲ.လဲ အသက်ဘယ်လောက်
ရှိပါပီဆိုပီး ဈေးကွက်စီးပွားရေး လုပ်နေတာလဲ တမျိုးကြီးပဲဗျာ ။အသက်ကြီးပေမဲ. မပျက်စီးသေးဘူးလို.
ကြေညာတာလားခင်ဗျာ။ကြောင်ချေးတို.က စာသိပ်မတတ်တော.နဲနဲဝေးတယ်ခင်ဗျ။ရှင်းရှင်းလင်းလင်းလေး လုပ်ပါဗျာ။
သာဓု သာဓု သာဓု ပါခင်ဗျာ။။။

* In Search of Truth * said...

နအဖဘာလုပ်လုပ် အပုတ်ချ အရွဲ့တိုက်ရမည်ဟု ဒီမိုတို့ သဘောပေါက်၏။ ထို့ကြောင့်လည်း ဘာပဲဖြစ်ဖြစ် ဆန့်ကျင်နေခြင်းဖြစ်၏။ အခြေအနေကို မသုံးသပ်ပဲ ပုံသေနည်းနဲ့ လုပ်ကိုင်နေသောကြောင့် ငတုံးများဟု သိအပ်၏

* In Search of Truth * said...

ဒီမိုဘလော့တွေသည် တွေးခေါ်စရာဘာတစ်ခုမှ မပေးပါ.. နအဖကို အရေမရအဖတ်မရနဲ့ မုံန်းအောင်လုပ်ခြင်းသာ သူတို့စိတ်ဝင်စား၏။ နအဖကို မထိတထိ အရွဲ့တိုက်ဖို့သာ သူတို့က အားပေး၏။ လိမ္မာပါးနပ်စွာလုပ်ကိုင်ဖို့ သူတို့တွင် ဥာဏ်မရှိ

* In Search of Truth * said...

ဒီမိုသမားဆိုသည်မှ နအဖ ဘာလုပ်လုပ် အမြဲတမ်းဆန့်ကျင်ပါသည်။ ဆန္ဒခံယူပွဲကို ဒီမိုတွေဆန့်ကျင်မည်ဆိုသည်ကို နအဖ ကြိုတွက်ပြီးဖြစ်ပါသည်။ ကြိုတွက်ထားသည့်အတိုင်း ဒီမိုများဆန့်ကျင်လေသည်။ နအဖ၏ ကျော့ကွင်းထဲ ဒီမိုတွေ ဦးဏှောက်မရှိစွာ ပျော်ပျော်ပါးပါး ၀င်ခဲ့ပြီ . . . ဒီမိုတွေ အရှက်ကွဲပြီး ဒုက္ခရောက်တော့မည် . . .

Nge Naing said...

To in search of lying
အရေမရ အဖတ်မရဘလော့ကို ကြိုက်လွန်းလို့ အမြဲတမ်းလာလာလည်နေတာပေါ့။ လာလည်ရင်လည်း ကောင်းကောင်းလာပြီး ကောင်းကောင်းမပြန်ပဲ စာကောင်းပေကောင်းဖတ်တဲ့သူတွေကို အနှောင့်အယှက်ပေးပေးနေတော့ မင်းအဆင့်အတန်းနဲ့ မင်းဘာရည်ရွယ်ချက်နဲ့လုပ်နေတယ်ဆိုတာ လူတိုင်းသိပါတယ်။ မင်းဘာပဲပြောပြော အပိုပါပဲ။