Jan 2, 2012

၂၀၁၂ အသစ်....

၂၀၁၂ အသစ်အစမှာ..
facebook design ဟောင်းကိုလည်း အသစ်  timeline  ပြောင်းဖြစ်တယ်...
မေငြိမ်း Blog Page ကိုလည်း  Design အသစ်ပြောင်းတယ်..


သမီး ကျဲကျဲရဲ့ ပန်းချီ Page လေးကိုလည်း ပြောင်းတယ်...  http://kyekyeart.blogspot.com/
သစ်ကောင်းအိမ်ရဲ့ Blog ကိုလည်း ပြောင်းပေးလိုက်တယ်။ http://thitkaungeain.blogspot.com/
ပညာရေး ဘလော့နဲ့ ရသစာအုပ်စင်ဘလော့ကိုတော့ မပြောင်းဖြစ်သေး..
ပြဿနာတခုက အသံဖိုင် တင်ရတဲ့ link က ကျမကို ပေးမ၀င်တော့လို့ နောက်ပိုင်း အစီစဉ်တွေ မတင်ရတာတော့ နည်းနည်းညစ်...
အသံဖိုင်ထပ်တင်ဖို့ domain ပဲ ၀ယ်ရမလဲ ဘာလုပ်မလဲ နားမလည်လို့လည်း နည်းနည်းပိုညစ်..။
Blog မှာ ဓာတ်ပုံတွေကို အကောင်းစားတင်.. အသံဖိုင်တွေ.. Video file တွေ စိတ်ကြိုက်တင်ပြီးတော့
Modern blog performance တွေ လုပ်နေတဲ့ ညီလင်းသစ်ကို နည်းနည်း မနာလိုဖြစ်..
လောလောဆယ်တော့ အသစ်တွေ ဘာလုပ်နိုင်မလဲ.. အသစ်တွေ ဘာရေးနိုင်မလဲ တွေးရင်း...
ကောင်းသောအသစ်တွေကို ရဖို့   ရင်ခုန်အားထုတ်ရင်းနဲ့ပဲ.....
နှစ်သစ်ကို ကြိုလိုက်ပါတယ်....

၁ ဇန်န၀ါရီ ၂၀၁၂။




7 comments:

မယ့်ကိုး said...

ပျော်ရွှင်ဖွယ်နှစ်သစ်ပါ ဆရာမး)

Anonymous said...

ကံ့ကော်ပန်းလှတယ်၊
အသစ်အသစ်တွေကို အပြုံးပန်းလည်း ကြိုက်တယ်။

ညီလင်းသစ် said...

ဟားဟားဟား.. မနာလိုဖြစ် ဆိုလို့ သဘောတကျနဲ့ ရယ်မိတယ် အမရဲ့...းD

စိတ်ကူးတည့်ရာ လျှောက်လုပ်နေတာပါ အမရာ..၊ hosting site တွေနဲ့ ပတ်သက်လို့ ကျနော်လည်း နည်းနည်း ညစ်နေတယ်ဗျ၊ ဓါတ်ပုံတွေကို အလကား ရတဲ့ ဆိုဒ်တွေမှာ တင်နေတာ..၊ အခု bandwidth က ကျော်ကျော်သွားလို့ ဘလော့ဂ်မှာ ပုံတွေ မမြင်ရတော့ဘူး ဖြစ်ဖြစ်နေတယ်၊ ပရိုအကောင့် ဝယ်ရ တော့မယ်နဲ့ တူပါတယ်ဗျာ၊း) စာရွက်ဖြူဖြူ၊ ကံကော် ဖြူဖြူနဲ့ နောက်ခံ စိမ်းစိမ်းလေး ပါတဲ့ အမဘလော့ဂ်ရဲ့ ဒီဇိုင်းအသစ်လေးကို သဘောကျတယ်၊ အဲဒီ ဘလော့ဂ် အဖြူလေးပေါ်မှာ အမရဲ့ ခံစားမှု ရောင်စုံကို ခပ်စိပ်စိပ် လေး ပြန်တွေ့ချင်မိတာတော့ (အလုပ်များမှန်း သိလို့) အတင်းကြီး မတောင်းဆို ချင်တဲ့ ဆန္ဒမှိန်မှိန် လေးပါ..။း)

ချော(အစိမ်းရောင်လွင်ပြင်) said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဆရာမ
ရည်ရွယ်ရာစိတ်ကူးဆန္ဒအားလုံး ပြည့်ဝပါစေနော်...
ကိုညီလင်းရော ဆရာမရော ဓာတ်ပုံတွေတင်ဖို့ဆိုရင်တော့ http://picturepush.com/upa
ဒီဆိုဒ်လေးကလည်း တင်လို့ရပါတယ် ကျွန်မဆို အဲဒီမှာဘဲ တင်ပြီး ဘလော့ထဲကို လင့်လေးနဲ့ ပြန်ထည့်တာပါ
ဒီလိုဆိုရင် ပုံဘယ်လောက်ထည့်ထည့် ဘလော့ထဲမှာ နေရာအများကြီး မယူတော့ဘူးပေါ့နော်.. ခုတန်းပလိတ်လေးကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တင့်တယ်ပါတယ်.. ကံ့ကော်ပန်းလေးတွေကြည့်ရတာ ကျက်သရေရှိတယ်..

မေငြိမ်း said...

မယ်ကိုးလေး.. ဆုတောင်းအတွက် ကျေးဇူးနော်..

အပြုံးပန်းရေ.. အစ်မလည်း အသစ်ကြိုက်ပေမဲ့ အသစ်ရဖို့က ကြိုးစားရဦးမှာ... :)

ညီလင်းရေ..
အခြေနေတွေက စာရေးနိုင်ဖို့ စာရေးထွက်ဖို့ မပေးသေးပြန်ဘူး :(

ကျေးဇူးပါ ချောရေ..
အစ်မက ဓာတ်ပုံတော့ တင်လေ့ မရှိပါဘူး။
အစ်မက အသံဖိုင်တင်တာမှာသာ ပြဿနာရှိနေတာပါ..။
တကယ်တော့ တနေရာရာကို ၀ယ်လို့ ရရင်ကောင်းမှာ။
အစ်မ မ၀ယ်တတ်လို့လေ...
ခုလည်း မေးမြန်းကြည့်နေပါတယ်..။
ခု ချောပြောတဲ့ photo link လေးလည်း မှတ်ထားလိုက်ပါတယ်နော်...

အမ်တီအန် said...

နှစ်သစ်အတွက် တန်းပလိတ်အသစ်လေးက ရိုးရိုးလေးနဲ့လှတယ်။ ကံ့ကော်ကတော့ တက္ကသိုလ်ကိုယ်စားပြုထားတာဆိုတော့ မပါမဖြစ်ပေါ့နော်။ အစ်မ မြသွေးဆိုက်မှာ စာတွေ လာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ မြသွေးက မဂ္ဂဇင်းမှာ ပြန်ရေးလို့ ပါတာ လေး.. ငါးပုဒ်ထက် မပိုသေးပါဘူး။ အစ်မအကြံပေးသလို မဂ္ဂဇင်းနဲ့ ပါတဲ့လကို တွဲမှတ်ပါ့မယ်နော်။

နှစ်သစ်မှာ အစ်မမေငြိမ်းရဲ့ အတွေးသစ်၊ အရေးသစ်နဲ့ လက်ရာများကို ပုံနှိပ်စာမျက်နှာပေါ်မှာ တဖန် ပြန်လို့ ဖတ်ချင်လှပါတယ်လို့ တောင်းဆိုပါရစေရှင်..။

KSMofBaltimore said...

Sayama,

You can try http://www.divshare.com/ for your audio hosting. That site provide you 20 Gb free storage and 100GB downloads bandwidth per month. A lot more than soundcloud free edition.
Free option includes uploading up to 200 MB at a time. All MP3s are automatically placed in our embeddable streaming MP3 player upon uploading. The audio can be streamed from the download page and can be embedded on any blog, site or profile. Adding two or more MP3s to a folder will automatically create a playlist."
Of course, you can jump to pay version of account for better limit anytime.
Please let me know if you need any help adding sound file to your site. Don't hesitate to ask.