Jan 10, 2012

ချစ်ခြင်းများ (၁)


 ဒီကဗျာမှာ လဘက်ရည်ခွက်ပုံလေး သုံးမိတာ copyright နဲ့ ငြိလို့ဆိုပြီး ကဗျာပါ တပုဒ်လုံး google က ဖျက်ပစ်လိုက်လို့ ပြန်တင်ထားလိုက်တာပါ.. :(


         ချစ်ခြင်းများ....
အဖြေမရှိတဲ့ မေးခွန်းတွေထဲ…
အရောင်မရှိတဲ့ အရိပ်တွေထဲ…
ရနံ့မရှိတဲ့ ပန်းတောထဲ…
ဆိုက်ချိန်မသိတဲ့ ရထားထဲ…
တ၀ဲဝဲလည် နှစ်များစွာ…။

ဘာကိုများ အလိုရှိပါသလဲ..
ဒါမှမဟုတ်
ဘာကိုများအလိုရှိရမှာပါလဲ..။

ဖြူစင်သော ချစ်ခြင်းများ..
လောဘမဲ့ တပ်ငြိခြင်းများ…
ငယ်စဉ်ဘ၀က မေတ္တာတရားများ…
အစွန်းအထင်းမဲ့ စွဲလမ်းခြင်းများကိုသာ
အဖန်ဖန် ပြန်လွမ်းဆွတ်ရဲ့..။

ဆောင်းသီတာ ရေ..
ဘွယ်ကြီးရေ…
နန္ဒာချောဝဏ္ဏ ရေ.. မိုးကြီး ရေ…
နီလာလေး ရေ… မမသင်း ရေ.. မ၀တီ ရေ..
ကွေးကြီး ရေ.. ကိုလွင် ရေ..
အောင်ကျော်မိုး ရေ.. မောင်အံ့ ရေ..
ငထက် ရေ… ကျော်စိုး ရေ…
လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ
ခုနေ တခေါက်လောက် ပြန်ဆုံရရင်..
တော်တော် နေသာမယ်ထင်ရဲ့။

ကြာခြဲ့ပီကော…
လူမသိ သူမသိနဲ့
ဆွေးရိပုပ်အဲ့အဲ့ လွင်ပြင်ထဲ…
ဘယ်ရင်ခွင်မှာမှ မပျော်ပိုက်နိုင်သူလေ။

၂၈ စက်တင်ဘာ ၂၀၁၀။

3 comments:

သိင်္ဂါကျော် said...

ကဗျာ လာဖတ်ပါတယ် ဆရာမ..

အမ်တီအန် said...

ဖြူစင်သော ချစ်ခြင်းများ..
လောဘမဲ့ တပ်ငြိခြင်းများ…
ငယ်စဉ်ဘ၀က မေတ္တာတရားများ…
အစွန်းအထင်းမဲ့ စွဲလမ်းခြင်းများကိုသာ
အဖန်ဖန် ပြန်လွမ်းဆွတ်ရဲ့..။

တကယ့်ကို ပြန်လွမ်းမိပါတယ် အစ်မရယ်..

သိ င်္ဂါ ရ said...

စိတ်တွေ ရှင်းရှင်းပြန့်ပြန့် ပေါင်းသင်းကြရတဲ့ အပေါင်းအသင်းများဆီ တမ်းတမိတဲ့ အခိုက်အတန့် အကြောင်း ရေးထားမိတယ် လို့ ထင်ပါတယ် ခင်ဗျာ ..။ အဲလို အချိန်တွေက အတော်ကို ကျေနပ်ဖွယ်ရာ ချိန်ခါတွေ အဖြစ် ခံစားမိပါတယ် ဆရာမ ခင်ဗျား ...။