Feb 15, 2020

အလွမ်း





မလွမ်းချင်ပါဘူး…
သဲဖြူလမ်းသွယ်လေးအဆုံး တောအုပ်သေးသေးလေးထဲက အချစ်လက်ဘက်ရည်ဆိုင်လေး..
တောင်ပိန္နဲပင်တွေအောက် အရိပ်ဖြိုးဖြိုးဖျောက်ဖျောက်တွေအောက်က စားသောက်ဆိုင်တန်းလေး..
ပတ္တလားသံပေါက်ပေါက် ဖောက်ဖောက်ထွက်လာတတ်တဲ့ အနုပညာခန်းလေး..
ချစ်စရာ ကဗျာစာအုပ်လေးတွေ ခင်းကျင်းထားတတ်တဲ့ အပန်းဖြေခန်းမထဲက စျေးဆိုင်တန်းလေး..
အလင်းပြိုးပြိုးပျောက်ပျောက် ရေတမာပင်ပျိုတွေအောက်မှာ ရှိနေတတ်တဲ့ သိင်္ဂါရစုံတွဲလေးတွေ…
စာကြည့်တိုက်ရှေ့ ကံ့ကော်တောအုပ်ထဲက ရယ်သံချိုလွင်လွင်တွေ….
ငြင်းခုန်ကြ.. စိတ်ကောက်ကြ.. ပြန်ချစ်ကြတဲ့ သူငယ်ချင်းတွေ…
ဘယ်မှာလဲ.. ဘယ်မှာလဲ.. ဘယ်မှာလဲ…
အတွေးမှာပင် တရှိုက်ငင်ငင်ငိုကြွေးရ… ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ မြကျွန်းရဲ့ ရက်တွေ..။
အခုတော့ ကိုယ့်မြကျွန်းဟာ အရိပ်မျှပင် မကြွင်းကျန်တော့ ပြီ…
အဲဒီအခါ အလွမ်း၌ပင် ရင်နာကြေကွဲရသမို့ …….
မလွမ်းချင်တော့ပါဘူး မြကျွန်းသာ။

3 comments:

Touch Me Not said...

မလွမ်းချင်ပါဘူး၊ ဟုတ်တယ်။

ဝေးလာတာ ကြာပြီဆိုတော့ ခံစားချက်တွေလည်း မတူနိုင်တော့ပါဘူး အမ

မေငြိမ်း said...

တကယ်က လွမ်းနေတာပါလေ.. :(

အိမ့်ချမ်းမြေ့ said...

မလေး စာလာဖတ်သွားတယ် မ ..