Apr 7, 2008

အစားထိုးမရတဲ့ ဆုံးရှုံးမှု

(ပန်းချီ မင်းကျော်ခိုင် ရဲ့ လက်ရာပါ)

ဧပြီ၇ရက်၂၀၀၈ မနက်၈နာရီ၃၇မိနစ်။
အမေမာ(လူထုဒေါ်အမာ) အသက် ၉၃နှစ်။
တိုက်တိုက်ဆိုင်ဆိုင် မနေ့(ဧပြီ၆ရက်)က ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ မွေးနေ့။
ဆရာကြီးက အမေ့မွေးနေ့အပြီး နောက်တရက်မှာ ကွယ်လွန်ဆုံးပါးခဲ့တယ်။
ခု အမေမာကလည်း ဆရာကြီးဒေါက်တာသန်းထွန်းမွေးနေ့အပြီးနောက်တရက်မှာပါပဲ။
ပြီးခဲ့တဲ့ ဧပြီလ(၃)ရက်နေ့တုန်းကလည်း အမေတို့လိုပဲ မတရားအစိုးရကို ခေတ်အဆက်ဆက် တောက်လျှောက်တိုက်လာခဲ့တဲ့ သတင်းစာဆရာကြီး အဘ ကြေးမုံဦးသောင်း(အောင်ဗလ) ကွယ်လွန်ခဲ့။ ခုထိ ဈာပနတောင် မကျင်းပရသေးဘဲ ရှိဆဲ..။
အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေက တိုက်တိုက်ဆိုင်ဆိုင်။
ဒီလိုနဲ့ နောက်ထပ် မဟာကြယ်တပွင့်... ဒါမှမဟုတ် လမင်းတဆူ.. ကွယ်ပရပြန်ပါပြီ။
ရောက်လာမယ့် တနေ့လို့ သိပေမဲ့ .. ချိန်တန်ပြီလို့ လက်ခံပေမဲ့..
နောက်ထပ် ဘယ်လိုမှ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု။
သတင်းစာဆရာကောင်း၊ စာရေးဆရာကောင်း၊ နိုင်ငံရေးသမားကောင်း၊ မိခင်ကောင်း၊ ပြည်သူကောင်း၊ လူထုရှေ့ဆောင်ကောင်း.. စံပြပုဂ္ဂိုလ်အမွန်... အမေ လူထုဒေါ်အမာကို နှမြောတသစွာ အနူးအညွတ် အလေး ဂါရ၀ပြုပါတယ်..။

2 comments:

Tin said...

ူအားလုံး အတွက် အစားထိုး လို့ မရတဲ့ အမေ ......... ကျနော် တို့ အတွက် အမေ တယောက် ဆုံးရှုံး မှုပါ ။။

တန်ခူး said...

ဒီလိုအမေတယောက် နောက်ဘယ်လိုမှမရနိုင်တော့ပါဘူး။ တကယ့်ကို အစားထိုးမရတဲ့ ဆုံးရှူံးမှူပါပဲ'မ'ရယ်။