May Nyane
Dec 31, 2009
နှစ်သစ်ဆုတောင်း...
၂၀၀၉နဲ့အတူ ဒုက္ခအားလုံး ကုန်ဆုံးကျန်ရစ်ခဲ့ပြီး
နှစ်သစ်၂၀၁၀ မှာ..
ငြိမ်းချမ်းပျော်ရွှင်ကြပါစေ...။
Dec 27, 2009
စာပေပွဲ
Dec 25, 2009
ချစ်ခြင်းအချည်...
"နှောင်ကြိုးအဖြည်"လို ၀တ္ထုမျိုးရေးခဲ့သလို ခု "ချစ်ခြင်းအချည်" လို ၀တ္ထုမျိုးလည်း ရေးခဲ့ဖူးပါတယ်။ မှတ်မှတ်ရရတခုက ၁၉၈၉ ဖေဖော်ဝါရီလမှာ ဒီဝတ္ထု ပါခဲ့ပြီး နောက် သုံးလေးလလောက်ကြာတော့ ဒီဝတ္ထုထဲက ဇာတ်ကောင်နာမည်ပဲ ပြောင်းပြီး ကူးချထားတဲ့ ၀တ္ထုတိုတပုဒ် တခြားမဂ္ဂဇင်းကြီးတစောင်မှာ အမျိုးသမီး စာရေးဆရာမ နာမည်နဲ့ပဲ ပါခဲ့လို့ ကျမ အင်တာဗျူးတခုမှာ ဖြေရှင်းခဲ့ရဖူးပါတယ်။
တကယ်တော့ အဲဒီတုန်းက မေငြိမ်းဆိုတာလည်း ကလောင်ပေါက်စလေးပါ..။
Dec 18, 2009
ချစ်စ...
အဲဒီတုန်းက ၁၉၉၂..
သားကြီး တနှစ်သားကျော်ကျော်လောက်..။ ဘ၀မှာ အချစ်ဆိုတာနဲ့ ပတ်သက်ပြီး တုန်တုန်လှုပ်လှုပ် ၀မ်းပမ်းတနည်းတွေ ခံစားရတဲ့အချိန်တချိန် ရှိခဲ့ဖူးပါတယ်။ ထားပါတော့လေ.. ကိုယ်ရေးကိုယ်တာတွေ..။ ပြောပြချင်တာက.. စာရေးဆရာဆိုတော့လည်း စိတ်ထိခိုက်စရာ အချစ်ဘ၀ကို ကြုံရချိန်မှာတောင်မှပဲ "တကယ်တော့ အချစ်ဆိုတာနဲ့ ပတ်သက်ရင် လူတွေဟာ ချစ်စ ခင်စမှာသာ ခံစားလို့ အချိုမြိန်ဆုံးအချိန်ကို ရတာပါလား" လို့ တွေးမိပြီး... လူတိုင်း ဒီလို ရှိမှာပဲဆိုပြီး တွေးမိတဲ့ အတွေးလေးကို ၀တ္ထုလေးလို ချရေးဖြစ်ခဲ့ တာပါပဲ..။ ပြောရရင် စိတ်ကျဉ်းကျပ်စရာ ဘ၀တခုကို မေ့မေ့ပျောက်ပျောက် ရေးဖြစ်တဲ့ စာရိုးရိုးလေးပါပဲ..။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ရွှေအမြုတေ မဂ္ဂဇင်းမှာ ပါခဲ့တာပါ..။ နုစဉ်ဘ၀က လက်ရာလေးပေါ့..။
Dec 11, 2009
နှောင်ကြိုးအဖြည်...
၁၉၉၂ ခုနှစ် နိုဝင်ဘာလထုတ် ရင်ခုန်ပွင့် မဂ္ဂဇင်းထဲက ၀တ္ထုရှည် စ-ဆုံး ပါ။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
ဒေါ်အောင်ဆန်းစုကြည်ကို မခန့်လေးစား ထိကပါး ရိကပါး ဝေဖန်ရအောင် ကျမက ဘာမို့လို့လဲ..
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
ဒီနေ့ ပိုလွမ်းတယ် ဂျွန် ...
ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေ...
အလွမ်းဒီဇင်ဘာ ကဗျာ