အဲဒီတုန်းက ၁၉၉၂..
သားကြီး တနှစ်သားကျော်ကျော်လောက်..။ ဘ၀မှာ အချစ်ဆိုတာနဲ့ ပတ်သက်ပြီး တုန်တုန်လှုပ်လှုပ် ၀မ်းပမ်းတနည်းတွေ ခံစားရတဲ့အချိန်တချိန် ရှိခဲ့ဖူးပါတယ်။ ထားပါတော့လေ.. ကိုယ်ရေးကိုယ်တာတွေ..။ ပြောပြချင်တာက.. စာရေးဆရာဆိုတော့လည်း စိတ်ထိခိုက်စရာ အချစ်ဘ၀ကို ကြုံရချိန်မှာတောင်မှပဲ "တကယ်တော့ အချစ်ဆိုတာနဲ့ ပတ်သက်ရင် လူတွေဟာ ချစ်စ ခင်စမှာသာ ခံစားလို့ အချိုမြိန်ဆုံးအချိန်ကို ရတာပါလား" လို့ တွေးမိပြီး... လူတိုင်း ဒီလို ရှိမှာပဲဆိုပြီး တွေးမိတဲ့ အတွေးလေးကို ၀တ္ထုလေးလို ချရေးဖြစ်ခဲ့ တာပါပဲ..။ ပြောရရင် စိတ်ကျဉ်းကျပ်စရာ ဘ၀တခုကို မေ့မေ့ပျောက်ပျောက် ရေးဖြစ်တဲ့ စာရိုးရိုးလေးပါပဲ..။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ရွှေအမြုတေ မဂ္ဂဇင်းမှာ ပါခဲ့တာပါ..။ နုစဉ်ဘ၀က လက်ရာလေးပေါ့..။
Subscribe to:
Post Comments (Atom)
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေ...
-
ဆောင်းတွင်းကို ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက...
13 comments:
ရေးထားတာ ချစ်စရာကောင်းလိုက်တာ...
ဖတ်ပြီး တကယ်ကို ကြည်ကြည်နူးနူး ခံစားရပါတယ်...
နောက်ကိုလဲ အဲလို စာလေးတွေ အများကြီး တင်ပေးပါအုံးနော်...း))
:)
ဟီဟိ :)
ဖတ်ရတာ ကြိုက်လိုက်တာ အမ။
ချစ်စ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သိပ်လိုက်ဖက်တာပဲ။
ကိုယ်ကိုယ်တိုင်ရဲ့ ချစ်စ အတိတ်ကို ပြန်မြင်ယောင်သွားမိတယ်။:)
ကျေးဇူးပါအမ။
သိပ်ချစ်ဖို့ကောင်းတဲ့ စာလေး ဆရာမရယ်။
(တကယ်တော့ အဲလို အချစ်ချည်းသက်သက်ရှိနေတဲ့ အချိန်ဟာ ခံစားလို့အကောင်းဆုံး.. စိတ်ကူးယဉ်ဆန်တယ်ပဲဆိုဆို...။)
အစ်မ တခါ လာပေးဖူးတဲ့ comment!
ချစ်စ..ခင်စ..ကြင်နာစ... :)
အမရေ..
သန္တာကတော့ အမြဲဖတ်နေတယ်...နေ့တိုင်းလည်းဝင်ကြည့်ဖြစ်ပါတယ်.. သတိရနေပါတယ်...
ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည်နူးဖို့ကောင်းတဲ့ အချစ်နေ့ လေးပါပဲဗျာ၊ ကိုင်ဇာရဲ့ “ပထမဆုံးနေ့” ကိုတောင် သတိရမိ သွားသေးတယ်၊ :)
ဒါနဲ့ စိတ်ကပဲ ထင်လို့လားမသိဘူးအမ... နောက်ဆုံး အဆုံးသတ်စာကြောင်းက မကြာခင်မှာ ကျလာတော့ မယ့် မုန်တိုင်းတစ်ခုရဲ့ ရှေ့ပြေးလေပြေလိုပဲ၊ ပန်းခင်းလမ်း ဆိုတဲ့စကားကို မျက်တောင် အဖွင့်အပိတ် ထဲထည့်ထားတာရယ်၊ “တောင်” ဆိုတဲ့ စကားလုံးကို သုံးထားတာရယ်က ဖတ်ရတာ နဲနဲ ထင့်သွားတယ် :D တချို့မြန်မာရုပ်ရှင်တွေလို ပြောရရင် မင်းသားနဲ့ မင်းသမီး ရီမောနေကြတုန်း သောက်ရေခွက် လွတ်ကျခန်း ကိုကြည့်ရသလိုပဲ...အဟဲ၊
ဒါမှမဟုတ် အမပေးထားတဲ့ အင်ထရိုကပဲ လွှမ်းမိုးသွား တာလား မသိပါဘူးဗျာ...။
ကျောင်းကိုအရမ်းသတိရပြီး မျက်ရည်တောင်လည်မိတယ်၊
တစ်ယောက်ကဂစ်တာကြီးထမ်းလို့ လေ၊
Botany Alumni
မမ...မနေ့ထဲက လာဖတ်တယ်၊ ဒီနေ့မှလာပြန်ရေးတာ၊ မမ ရဲ့ ချစ်စ က အားလုံးရဲ့ ချစ်စ ကို ကိုယ်စားပြု ထား သလို ဆိုတော့...အားလုံးရဲ့ရင်ထဲကိုရောက်တာပေါ့ မမရယ်...။ အဲလို နူးညံ့တာလေး တွေရေးတတ် ချင် တယ်...။
ချစ်စ..
ဖတ်ရတာ ကြည်နှူးလိုက်တာ...။။
:)
စိတ်ကူးယဉ်တယ်လို့ ပြောရင်လည်း ခံရမှာပဲ။ ဒါပေမယ့် အဲ့ဒီအချိန်တွေကပဲ ပျော်စရာကောင်းတယ်လို့ ထင်တယ်...
Post a Comment