Jan 27, 2010

အလွမ်းပြေ...



ကျမရဲ့ အင်မတန်ချစ်တဲ့ သူငယ်ချင်းတယောက်က email ကနေ ပို့ပေးလိုက်တဲ့.. ကျမကိုယ်တိုင်တောင် မေ့တေ့တေ့ဖြစ်နေတဲ့ ကဗျာလေးတွေ.. တင်ပေးလိုက်ပါတယ်။ အဲဒီမှာ ပုံတူဆိုတဲ့ကဗျာက စိစစ်ရေးက ဖြဲဆုတ်လိုက်တဲ့ မူရင်းပထမကဗျာပါ။ မှတ်မိသလောက်တော့ ၁၉၉၅ နှစ်ဦးပိုင်း ၀န်းကျင်လောက်တုန်းက ရေးတာပါ။ နောက်ပိုင်း ပုံတူလို့ နောက်တပုဒ် ထပ်ရေးဖြစ်တော့ လွတ်သွားပြီး စာပေဂျာနယ်မှာ ပါသွားခဲ့ပါတယ်..။

ခုလည်း စာ ဘယ်လိုမှ မရေးနိုင်တာ .. မရေးဖြစ်တာ.. အကြာကြီးကြာနေတာကို ကိုယ့်ဘာသာ ၀မ်းနည်းနေချိန်.. ဒီကဗျာလေးကို ကိုယ့်လက်ရေးနဲ့ ပြန်တွေ့ရတော့ စိတ်ထဲ လွမ်းသွားလို့ ဒီတိုင်းပဲ ပြန်တင်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရ အလွမ်းပြေဆိုပါတော့..။

11 comments:

Moe Cho Thinn said...

ဆရာမရေ.. ကဗျာလေးတွေ ကောင်းလိုက်တာ။ ခံစားလို့ ရနေခဲ့တယ်။

သက်ဝေ said...

ဆရာမ လက်ရေးလှလှနဲ့ ကဗျာလေးတွေက တကယ်ကိုပဲ အလွမ်းပြေစေပါတယ်
ပုံတူ ဆိုတဲ့ ကဗျာလေးကို ပိုကြိုက်တယ်...း))

tin min htet said...

အသစ်မရေးနိုင်ချိန် အဟောင်းလေးတွေ တင်ပေါ့။ အဲလို တင်ရင်းနဲ့ ရေးချင်စိတ် ပေါက်လာလိမ့်မယ်။ ဒီ အဟောင်း ၂ ပုဒ်ကို ကြည့်ပြီး အဲဒီတုန်းက "ငါ ဘယ်လိုများရေးခဲ့ပါလိမ့်" .. လို့ မထင်မိဘူးလား။ တချို့ ကဗျာအဟောင်းတွေ ပြန်ဖတ်မိရင် ကျွန်တော်တော့ အဲဒီလို တွေးမိတယ်။ (ကောင်းတာ မကောင်းတာထက် တချိန်က ခံစားမှု၊ တချိန်က အတွေးကို ပြန်သတိရလို့၊ ခုနေ ပြန်မရနိုင်တော့ဘူးလေ။ ရေလိုပဲ စီးသွားပြီ။)

Portrait ဆိုတာတွေ့တော့ တီချယ်ကြီး ကဗျာခေါင်းစဉ်ကို အင်္ဂလိပ်လို တပ်လေ့ရှိတာ သတိရမိတယ်။

ဇွန်မိုးစက် said...

'အချစ်' ဆိုတဲ့ ကဗျာလေးကြိုက်တယ် ဆရာမး)

Mogok Thar said...

“အဲဒီပင်လယ်ထဲ
နှစ်ဦးသဘောတူနစ်မြှုပ်”

အဲဒီကဗျာလေးက ကျွန်တော် သိပ်ကြိုက်တဲ့ကဗျာလေးပါ ဆရာမရေ..

“ပုံတူ” ကဗျာလေးက ခုမှ ဖတ်ဖူးတာ...

အလွမ်းပြေ ဖတ်ရင်း ပိုလွမ်းနေသလိုလို....

Sint Si said...

I like "Portrait" too. I especially love your hand writing. Now a days it's hard to see any hand writing.

ဂျေဂျူဝိုင် said...

နှစ်ပုဒ်လုံးကြိုက်တယ်

kyaw moe said...

I like ur poem sayarma.
"When we ran," I like this poem best.Sorry for my unconvience. I have not burmese font now. If u remember or get this poem back,please publish it in ur post. It is my rememberance and still like and recipe it.
regard
soe min naing

လင်းဒီပ said...

ဒုတိယကဗျာလေး ပိုကြိုက်မိတယ်...။

မယ့်ကိုး said...

ဆရာမ စာလေးတွေ အလွမ်းပြေဖတ်ရတဲ့ အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ် ဆရာမ။

Zaw Myo Lwin said...

“ကောင်းမယ်ထင် ကောင်းကင်ထက်တက်
ရှေ့ခရီးဆက်...” ...
“နောက်ကျောစိုက်မယ့် ဓါးအချို့
တို့ ထည့်မတွက်ထား ခဲ့မိမှားပေါ့...” ...
တပိုင်းတစ ကျနော်သတိရနေမိတာလေးတွေပါ။ အဲဒါလေးတွေလဲ ဆရာမရေးခဲ့တာပဲ ထင်ပါတယ်။ ကျေးဇူးပြုပြီးတော့ ဟုတ်ခဲ့ရင် အပြည့်အစုံ ပြန်ဖတ်ပါရစေ။
မေတ္တာပို့သလျှက်...
ဇော်မျိုးလွင်