Apr 17, 2010

အင်တာနက်ထဲ ပျံ့နေတဲ့ စာတစောင်

ဒီတခါ ဖြန့်ဝေတဲ့ စာက ပြောရရင် သက်သေပြလို့ မရ.. ယုံရခက်ခက်ကိစ္စ..။ ဒါပေမဲ့လည်း ကျမတို့ နိုင်ငံမှာ အဲလို ကိစ္စတွေဖြစ်နေတာ တပုံတပင်..။ အုပ်ချုပ်သူ လူတစုက ရူးရူးမိုက်မိုက်မို့ ပြည်သူတွေခမျာ ရူးရူးနှမ်းနှမ်းကိစ္စတွေကို ရင်စီးခံခဲ့ကြရ.. ခံနေကြရတာလည်း အပုံ မဟုတ်လား..။ ဒါကြောင့် ခု ကက်ကင်းဆိုတဲ့ ကိစ္စကလည်း ဖြစ်နိုင်တယ်လို့ ခေါင်းညိတ်ရမယ့်အထဲ ပါတယ်လို့ ကျမတော့ ထင်တာပဲ..။

The junta’s obsession with astrology and numerology in 2010 Rangoon Thingyan Blast...

"2010 ကတ်ကင်း ရိုက်တဲ့ ဗုံးတွေ ပေါက်ပြန်ပြ"ီ
2010 ခုနှစ်မှာ လူထုအုံကြွပေါက်ကွဲမှု တွေ ဖြစ်မှာကို ကြောက်တဲ့ နအဖက
2010 ကို တန်ပြန်ယတြာချေတဲ့ အနေနဲ့  2010 ရဲ့ ပြောင်းပြန်ဂဏန်း> 1020 ဖြစ်တဲ့နေရာမှာ
အကြံပက်စက်စွာ လူသေစေတဲ့ဗုံးတွေ ဖေါက်ခွဲခဲ့လေပြီ။2010 ရဲ့ ပြောင်းပြန်ဂဏန်း> 1020 ဖြစ်တဲ့နေရာက ဘယ်နေရာလဲ။
X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်မှာပါ။အဲဒီ X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်ကိုမှ တမင်ရွေးချယ်ကာ လူ့ အသက်တွေ သွေးတွေကို ဓါးစာခံလုပ်ကာ အာဏာရူး နအဖတွေ မပြုတ်ဖို့ အတွက်၊ နအဖ စစ်အာဏာဆက်မြဲဖို့ အတွက် အကြံပက်စက်ကြတာပါ။

ဗုံးပေါက်ကွဲတဲ့ နေရာက X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်မှာပါ။
X2O ဟာ 1020 ဖြစ်ပါတယ် ။
1020 ဖြစ်တဲ့နေရာဟာ X2O ပါ။

ရှင်းပြပါ့မယ်။ ရောမဂဏန်း X ဟာ သင်္ချာဂဏန်း =10 ဖြစ်ပါတယ်။
(X=10)
X 2O = 10 20
ဒါ့ကြောင့် 2010 တန်ပြန် = 1020 =X 2O နေရာကိုမှ ကံဆိုးမဲ ကျစွာ နအဖ ကိုးကွယ်တဲ့ အောက်လမ်းဘိုးတော်တွေ ရွေးချယ်ပေးလိုက်တာပါပဲ။

ဒီဗုံးတွေကို ဘယ်သူတွေက ဘယ်လိုပဲဖောက်ခွဲခွဲ ...လူ့ ယဉ်ကျေးမှုအရ ကြည့်မယ်ဆိုရင် လုံးဝရှု့ံချရမယ့်
အဆင့်မှာ ရှိပါတယ်။ မြန်မာ့ရိုးရာသင်္ကြန်အခါ အကြတ်နေ့ မှာ အရပ်သားအများစု ရှင်သန်နေတဲ့ နေရာမျိုးမှာ
လူ့ အခွင့်အရေးချိုးဖောက်ခါ တမင်သက်သက် အကြမ်းဖက်တဲ့ လုပ်ရပ်ဆိုးတွေကို လုပ်တဲ့သူတိုင်းကို ဒီနေရာကနေ ထပ်မံအပြစ်တင်ပါတယ်။ခင်ဗျားတို့  သူရဲဘောကြောင်တဲ့ လုပ်ရပ်ဆိုးတွေကို ရပ်တန်းကရပ်ကြပါတော့။အချိန်မှီမရပ်တန့် ကြရင် လောကစောင့်နတ်တွေက ဒီတိုင်းနေတော့မှာ မဟုတ်ပါဘူး။ကမ္ဘာ့နေရာအနှံ့ မှာ သဘာဝဘေးဒဏ် ကပ်တွေ ဆိုက်ရောက်လာနေသလိုမျိုး ခင်ဗျားတို့  အာဏာရမ္မက် လောဘရမ္နက် ဒေါသရမ္မက်တွေကြောင့် အပြစ်မဲ့တဲ့  မြန်မာပြည်သား တိုင်းရင်းသားညီကိုမောင်နှမတွေပါ ကပ်ဆိုးဘေးဆိုးဒဏ်တွေ ခံခဲ့ကြရပြီ။ခံကြရဦးမယ်။
လုပ်ရပ်ဆိုးတွေ ရပ်ပြီး လူ့ သိစိတ်အမှန်နဲ့  ပြင်ချိန်တန်ပြီ။ပြင်ကြပါတော့။ခင်ဗျားတို့  စစ်အာဏာရူးတွေအတွက်နဲ့ 
ပြည်သူတွေပါ အဖျားခတ် ဘေးဒဏ် မသင့်ပါစေနဲ့ တော့။

ဗုံးသတင်း အတိအကျက ဒီလိုပါ။
2010 April 15 ရက် ကြာသပတေးနေ့  (သင်္ကြန်အကြတ်နေ့ ) ညနေ ၃နာရီလောက်မှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့ နယ် ကန်တော်ကြီးစောင်း- ကရ၀ိတ် အ၀င်အ၀အနီး- သိမ်ဖြူကွင်း ကားမောင်း လေ့ကျင့်ကွင်းကို မေးတင်ဆောက်လုပ်ထားတဲ့
X 2 O(အိတ်ခ်စ် တူး အို) ရေကစား မဏ္ဍပ် လက်ဝဲဘက်ဒေါင့်မှာ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်။သေဆုံးသူ ၁၀ဦးလောက်ရှိမယ်...ထိခိုက်ဒဏ်ရာရသူ တော်တော်များတယ်လို့  ရန်ကုန်ကို ဖုန်းဆက်ရင်း သိခဲ့ရတာ ဖြစ်ပါတယ် ။
ချစ်ခြင်း မုန်းခြင်းများစွာဖြင့်-
မောင်အိုး
၂၀၁၀ သင်္ကြန်ကာလ

12 comments:

Unknown said...

နှစ်လုံး သုံးလုံး တွက်သလိုပဲ ထီထွက်မှ အတင်း ဇွတ်ကြီး ငါ့တွက်နည်း မှန်တယ်ဆိုပြီး သက်သေပြ သလို ဖြစ်နေပြီ ကြည့်လုပ်ကျပါအုံး။

Unknown said...

http://www.irrawaddy.org/bur/

how about that? Are politicians covering terrorists?

ဖိုးတုတ် said...

ဆရာမ ရဲ. ဘလော.ကလဲ သူများရေးတဲ့ ပေါကြောင်ကြောင် ဆောင်းပါးတွေ တင်ပေးတဲ့ ဘလော.ဖြစ်နေပြီ၊ ဆရာမ နေကောင်းပါသလား ခင်ဗျား၊ နှစ်သစ်မှာ ဆရာမ နှင့် မိသားစု ကျန်းမာရွင်လန်းပါစေရန် ဆုတောင်းအပ်ပါတယ်၊

TSM said...

ဘယ်အရာမဆို ဘက်မလိုက်ဘဲ ဆရာမ လေးလေးနက်နက်တွေးနိုင်ပါစေ.. ဘယ်သူတွေဘာလုပ်နေလဲဆိုတာ..အောက်မှာ link လေးတွေပေးထားခဲ့တယ်..
http://www.ashinmettacara.org/2008/10/myanmar-own-bomb-kills-man-in-burma.html

http://www.burmanet.org/news/2008/07/02/mizzima-news-warriors-claim-responsibility-for-rangoon-blast/

Ghost said...

ဟုတ်ပ ဟုတ်ပ
ပေါက်တော့မှ ဖော်တဲ့ ပေါက်ဖော်တွေကို ယုံတဲ့လူကလဲရှိသေးတယ်။
နောက်ထပ်ဖော်ပါအုံး ဆရာမကြီး။
ဗုံးပေါက်တဲ့နေ့ ၁၅၊ ၄၊ ၂၀၁၀ ပေါင်းလိုက်ရင် ၁+၅+၄+၂+၁ = ၁၃
ဗုံးပေါက်တဲ့ မြန်မာသကရဇ် ၁၃၇၂ ပေါင်းလိုက်ရင် ၁+၃+၇+၂ = ၁၃။
ဗေဒင်လေးပါလေး တွက်ပေးပါအုံး။
ဒီနှစ် သောကြာတာစားတယ်။ သန်းရွှေက သောကြာ၊ (ထင်တာပဲ) သန်းရွှေမသေအောင် ဗုံးတွေခွဲပီး ယတြာချေတာ ထင်တယ်နော်။း)
ဆရာမဒေါ်မေငြိမ်း နှစ်သစ်မှာ အတွေးသစ် အကျန်သစ်များ ဖြစ်ပါစေလို့။ ဆုတောင်းပါတယ်။

zippercoollink said...
This comment has been removed by the author.
Hteink Min said...

tee yay.. everything can happen in burma.. they are so superstitious.. that eventhough i dunt wanna believe.. i began to think,it might be one of da reason.. but what can we do about it, we love peace n we hate terrorist.. but da world out there knows who is terrorist n who,s not.. so just glad that im wth a bird who singing a peace song in da cage.. i hope she will be freed n burma will be in peace.

လေပြေ said...

ဒါမျိုးတွေလဲ ယုံတာ ပဲလားဗျာ...

the watcher said...

အဲဗျာ .. သွားရော
ဒီပိုစ့်သာအရင်ဖတ်ခဲ့မိရင် ရှေ့မှာကော်မန့်တွေကိုတောင် အချိန်ကုန်ခံပြီးရေးမနေပါဘူးဗျာ။ ပေါတောတောနဲ့။

Unknown said...

ကို့ကိုကိုယ်အရင်ပြန်ကြည့်စေချင်ပါတယ်

Unknown said...

I want to blame neither blogger nor the people who gave nagetive comments. I just have poor feeling for all. Nobody knows who did it apart from themselves.

Unknown said...

I want to blame neither blogger nor the people who gave nagetive comments. I just have poor feeling for all. Nobody knows who did it apart from themselves.