Oct 2, 2007

ဖြန့်ဝေခြင်း(၃၇)

အညတြပြည်သူတစ်ဦး၏အိတ်ဖွင့်ပေးစာ (အောက်တိုဘာ ၁၊ ၂၀၀၇)

လေးစားအပ်ပါသော မြန်မာနိုင်ငံ၏ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင်၊ လက်နက်မဲ့ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များခင်ဗျား ......

မြန်မာနိုင်ငံ၏ ကောင်းကျိုးချမ်းသာကို လိုလားသော မြန်မာပြည်သူလူထု၏ ကိုယ်စား အညတရ မြန်မာ နိုင်ငံသားတစ်ဦးအနေဖြင့် အနည်းငယ်အကြံပြု ပြောကြားလိုပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ အတွင်းတွင် ဒီမိုကရေစီရရှိရေး၊ နိုင်ငံသားတိုင်း သာတူညီမျှ အခွင့်အရေးရရှိရေး၊ စစ်အစိုးရ၏ အုပ်ချုပ်ရေးဆုံးခန်းတိုင်စေရေးအတွက် နောက်ဆုံးနည်းလမ်းအဖြစ် လူထုတိုက်ပွဲအသွင်ဖြင့် လူထုနှင့် သံဃာ ပူးပေါင်းကာ စတင် တိုက်ပွဲဝင်နေကြပြီ ဖစ်ပါသည်။၊ ယခင့်ယခင် ကာလများဆီက လူထုတိုက်ပွဲ ဖြစ်မြောက်အောင် ပုံဖော်တော့မည်ဟု လွတ်မြောက်နယ်မြေရှိ NCUB, NLD(LA), FDB ကဲ့သို့သော ဦးဆောင်အဖွဲ့အစည်း များက တရားဝင် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်ကို ကြားသိ ဖတ်ရှုခဲ့ရပါ သည် ခင်ဗျား။

ထိုသို့ ကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များကို ဖတ်ရှုကြည့်ခဲ့ရာတွင် လူထုတိုက်ပွဲ ဖြစ်ပေါ်ဖို့ သည် ပြည်တွင်းက လူထုအပေါ်တွင် အဓိကမူတည်သည်ဟူသော အာဘော်မျိုးကို ဖတ်ရှုခဲ့ရပါ သည်။ ယခုအချိန်တွင် မြန်မာပြည်တွင်းကလူထုသည် သံဃာတော်များ၏ ဦးဆောင်မှုအောက်မှနေကာ လူထုတိုက်ပွဲ အသွင်မျိုးတိုက်ပွဲဝင်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်ကို လူကြီးမင်း တို့ အသိပင်ဖြစ်ပါသည်။ ထိုအတောအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူနှင့် သံဃာများစွာရှိနေသလို၊ လက်ရှိ အဖမ်းဆီးခံ၊ အနှိပ်စက်ခံနေရသည့် ပြည်သူလူထုနှင့် သံဃာများလည်း များစွာရှိနေပြီ ဖြစ်ပါသည်။

ထို့ကြောင့် ယခုအချိန်သည် ပြည်တွင်း၏အင်အားကိုသာမက ပြည်ပမှ လူကြီးမင်းတို့ကပါ ၀ိုင်းဝန်းပါဝင် လုပ်ဆောင်ကြရမည့်ကာလဟု ယူဆမိပါသည်။ ထို့အတွက်ကြောင့် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်း များ၊ ခေါင်းဆောင်များ၊ လက်နက်ကိုင်၊ လက်နက်မဲ့ တိုက်ပွဲဝင် နေကြသူများအနေနှင့် ပြည် တွင်းက လူထုကြီး၏ သတ္တိကို လေးစားသောအားဖြင့်လည်းကောင်း၊ အားပြုခြင်းအားဖြင့်လည်းကောင်း၊ ပြည်ပ လွတ်မြောက်နယ်မြေများမှနေ၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ ပြည်တွင်းကို အထောက်အပံ့ပေးရန် အချိန်တန်ပြီဟု ယူဆမိပါသည်။ မြန်မာပြည်သူအားလုံး၏ ဘုံရန်သူ သာသနာဖျက် မင်းဆိုးမင်းယုတ် နအဖ စစ်အစိုးရအား ဘက်ပေါင်းစုံမှ ဖိအားပေးလုပ်ဆောင်သင့်ပြီဟုလည်း ထင်မှတ်မိပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဦးစီးဦးဆောင် လုပ်ဆောင်နိုင်သူ အများစုမှာ နအဖမှ ဖမ်းဆီးထားသူများမှလွဲလျင် ပြည်ပတွင်သာ ရောက်ရှိနေကြပါသည်။ လူကြီးမင်းတို့အနေဖြင့် လူထု လိုက်ပါမှုကို တကူးတကစည်းရုံးစရာမလိုပဲ ယခုရရှိနေပြီဖြစ် သဖြင့် လွတ်မြောက်နယ်မြေ အသီးသီးမှ ယခု မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများချမှတ်ကာ စနစ်တကျ ဦးဆောင်မှု ပေးစေလိုပါသည်။ နိုင်ငံရေးဆိုသည်မှာ လူထုလိုက်ပါလာအောင် စနစ်တကျစည်းရုံးလုပ်ဆောင်နိုင်လျှင် အောင်ပွဲရသည်ချည်း ဖြစ် သည်ကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။

လွတ်မြောက်နယ်မြေရှိ ခေါင်းဆောင်များက ဦးဆောင်မှုပေးလျှင် ပြည်တွင်းက ပြည်သူလူထုသည် လိုက်ပါဖို့ အဆင်သင့်ဖြစ်နေကြသည့် အနေအထားကို ရောက်ရှိမြင်တွေ့နေရပြီ ဖြစ်ပါသည်။ ထို့ကြောင့် လွတ်မြောက်နယ်မြေအသီးသီးရှိ ခေါင်းဆောင်များက ဦးဆောင်ဦးရွက်ပြုပြီး ခေါင်းဆောင်မှု လိုအပ် နေသည့် ပြည်တွင်းမှမြန်မာပြည်သူလူထုကို လမ်းညွှန်ပေးစေလိုပါသည်။

ခေါင်းဆောင်များအနေနှင့် ကြေညာချက်များထုတ်ပြန်ရုံ၊ သံရုံးများရှေ့တွင် ဆန္ဒပြ နေရုံမျှ နဲ့ကျေနပ်မနေကြစေလိုပဲ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး၊ ပြည်သူလူထုလိုလားသော ပြည်ထောင် စု စစ်စစ် တည်ထောင်ရေးကို ပြည်တွင်းမှ မြန်မာပြည်သူလူထုနှင့် ပူးပေါင်း လုပ်ဆောင် သင့်သည့်အချိန် ကျရောက်နေပြီ ဖြစ်ကြောင်း သတိထားမိစေလိုပါသည်။

၂၀၀၇၊ စက်တင်ဘာတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသော သံဃာတော်များနှင့် ပြည်သူလူထု အာဇာနည် များကို လေးစား အသိအမှတ်ပြုသောအားဖြင့်သော်လည်းကောင်း၊ ပေါ်ပေါက်လာသော နိုင်ငံရေး အခြေအနေ အခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်သင့်သည်ကို သတိပြုစေချင်သောကြောင့်လည်းကောင်း၊ ဤအိတ်ဖွင့်ပေးစာကို ရေးသားရခြင်း ဖြစ်ပါတယ်။

အမိနိုင်ငံတော်အကျိုးကိုလိုလားသူ
ရွှေဘိုသား(အညတြပြည်သူတစ်ဦး)

ဖြန့်ဝေခြင်း(၃၆)

Please Help Monks!!!!!!!!!!

Reports emerging from Rangoon indicate that the temporary detention
centres based in Yangon Institute of Technology and General Institute
of Technology (GTI) is currently detaining 500 hundred monks.

The monks are refusing to accept Sune (Alms food.....food offering given to monk
by layperson just before 12 noon as main meal of the day) from the
military junta. The local population approached these detention
centres to offer food and they have been turned away by the
authorities. Technically, the monks are unintentionally on huger
strike.

We contacted the International Red Cross's (ICRC) office and UNHCR in
Rangoon. The UN's office refused to help and ICRC bucked the
responsibility on their head office in Geneva.

Please write or Phone to ICRC, e-mail Foreign Secretary and Prime Minister
Gordon Brown. Every governments contribute funds in the running of
the UN bodies and therefore you persuade the PM and the Foreign
Secretary to pressure the UN organisations to take action on or least
ask them if they provide value for money service to the world
humanity.

Please be professional when writing to PM Gordon Brown and Secreatarty
. You can thank the British Government for their efforts so on Burma
and persuade them succinctly with sound arguments. Contact details
are:


ICRC headquarters in Geneva


Postal address
International Committee of the Red Cross
19 avenue de la Paix
CH 1202 Geneva

Fax
ICRC general: ++ 41 (22) 733 20 57
Production, Multimedia, Distribution Division: ++ 41 (22) 730 27 68

Phone
++ 41 (22) 734 60 01


UK prime minister office

10 Downing Street,
London,
SW1A 2AA

Fax
+442079250918

(From Ko Htike)


Oct 1, 2007

ဖြန့်ဝေခြင်း(၃၅)

(ဒီနေရာက ပုံပါ)



ဖြန့်ဝေခြင်း(၃၄)

တပ်မတော်၏ အနာဂတ်

ဒီဗီဘီမှာ စစ်ဘက် အရပ်ဘက် သုတေသီ ကိုဝင်းမင်းနှင့် ဆက်သွယ်မေးမြန်းခန်းကို ကျွန်တော် နားထောင် လိုက်ရပါတယ်။ ကိုဝင်းမင်းက ငိုသံပါကြီးနဲ့ တပ်မတော်ကို တောင်းဆိုသွားတာ၊ တပ်မတော်ကို ကိုယ့်အနာဂတ် ကိုယ် ကြည့်ဖို့ တောင်းပန်သွားတာ ကြားလိုက်ရပါတယ်။ ဒီအင်တာဗျူးကို နားထောင်ပြီး အားလုံးလည်း ကြားသင့်တယ် ထင်တာနဲ့ ကျွန်တော် ကြားသလို ရိုက်ပြီး တင်လိုက်ပါတယ်။ အမှန်ပဲဗျာ၊ ဒီအချိန်မှာ တပ်မတော်ထဲက ဗုဒ္ဓဘာသာ မြန်မာ မျိုးချစ်တပ်မတော်သားတွေ ကိုယ့်အနာဂတ်ကိုယ် ကြည့်ဖို့ အချိန် ရောက်ပါပြီ။ တပ်မှူးများ၊ ထိပ်ပိုင်းအရာကြီးများလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ ဖြစ်ပါ တယ်။ It’s time to take side! အခုထက်ထိ တွေဝေနေမယ်ဆိုရင် အနာဂတ်လမ်းဆုံးနေတဲ့ အိုကြီးအိုမ အာဏာရူး လက်တစ်ဆုပ်စာနဲ့ တစ်လမ်းတည်းသွား နေကြရလိမ့်မယ်ဗျာ။ ကိုယ့်လက်အောက်က အရာရှိငယ် များက ပြည်သူ့ဘက်လိုက်ဖို့ ပြင်နေတာကို ကိုယ်က မသိချင်ယောင်ဆောင်ပြီး ထိမ်ချန်ထားရုံနဲ့ မလုံလောက် ဘူးဆိုတာလည်း သမိုင်းသင်ခန်းစာတွေအရ၊ သိသင့်ပါပြီ။ (ဗိုလ်ကြီးအုန်းကျော်မြင့်တို့တုန်းက ဘယ်လိုဖြစ်ခဲ့ သလဲ၊ အာဏာရှင်ဆိုတာ သူတို့အာဏာ ထိပါးလာရင် ဘယ်သူ့ကိုမှ ချမ်းသာမပေးဘူး။) အဲဒီတော့ အခုအချိန် မှာ ဘာသာ သာသနာဘက်က ပြတ်ပြတ်သားသား ရပ်ပြီး သာသနာဖျက် သားသတ်သမားတွေကို အပြီးတိုင် ဆန့်ကျင်ကြပါ။ မဟုတ်ရင်တော့ သမိုင်းတစ်ပတ် ပြန်လည်ပြီး မြန်မာပြည်နဲ့ အထူးသဖြင့် တပ်မတော်ကြီး အနာဂတ် ပျောက်ပါလိမ့်မယ်။

ဘလော့ဂါအပေါင်းတို့ ဒီ မေးမြန်းခန်းကို အသံဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖြန့်နိုင်သမျှ၊ တပ်ထဲကို ဖြန့်ပေးကြဖို့ မေတ္တာရပ်ပါတယ်ဗျာ။ အသံပါ လိုချင်ရင် ဒီဗီဘီရဲ့ ဒီလင့်ခ်ကနေ ယူနိုင်ပါတယ်။

(ဒီမိုကရက်တစ် မြန်မာ့အသံမှ မေးမြန်းသူမှာ ကိုတိုးဇော်လတ်)


တိုး။ ။ မင်္ဂလာပါ ကိုဝင်းမင်း၊ ကျွန်တော် တိုးဇော်လတ်ပါ ခင်ဗျ။

ဝင်း
။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကိုတိုးဇော်လတ်။

တိုး ။ ဟုတ်ကဲ့၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်မှာ ဒီ လူထု အုံကြွမှုကို လက်ရှိ၊ ဒီနေ့ ဆိုရင်လည်း ဖြစ်နေတာလည်း ကိုးရက်လောက် ရှိပြီ။ ဒီနေ့ဆိုလို့ရှိရင်လည်း ဒီနေ့ တစ်နာရီက စပြီးတော့ အကြီးအကျယ် တနိုင်ငံလုံးနီးပါး စတင် ချီတက်ဖို့ ရှိနေတယ်၊ အဲဒီအပေါ်မှာ စစ်တပ်ရဲ့ အနေအထားက ဘယ်လိုများ ရှိနိုင်ပါလဲခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ အထူးသဖြင့်တော့ ဒီဆန္ဒပြ လှုပ်ရှားမှုတွေကိုပေါ့နော်အကြမ်းဖက်ပြီးတော့ ရိုက်တာ နှက်တာတွေ၊ လူမဆန်စွာဘဲပေါ့နော် ဟုတ်လား၊ ဗုဒ္ဓဘာသာကျောင်းတွေနော်၊ ဘုန်းကြီးကျောင်းတွေကို ၀င်ပြီးတော့၊ အတင်းလာဝင်၊ ဘယ်သူက ခေါင်းဆောင်မှန်းမသိတော့ စွတ်ဖမ်းတာတွေနော်၊ လမ်းမပေါ်မှာ ရိုက်တာနှက်တာတွေ၊ အဲလိုမျိုး ဘယ်လောက်ပဲ အကြမ်းဖက်ပြီး လုပ်နေလုပ်နေပေါ့နော်၊ အခုဟာက လူထု လှုပ်ရှားမှုက တစုံတရာ ဆက်လက် ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ အဲဒီအခါကျတော့ ဒီနေ့မှာလည်း ဖြစ်နိုင်ဖို့ အလားအလာ ကတော့ ကျွန်တော့်အမြင်က လူထုလှုပ်ရှားမှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ စစ်တပ်က လည်း ခန့်မှန်းထားပုံ ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အထူးသဖြင့် ဒီ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ပေါ့နော်၊ မစ္စတာ ဂန်ဘာရီက ဒီနေ့မှာ ရောက်လာဖို့ ရှိပါတယ်။ အဲဒီအခါကျတော့ စစ်တပ်ဘက်က ဖြစ်နိုင်တာက အခုလို နိုင်ငံတကာက ခေါင်းဆောင်ကြီးတစ်ယောက် လာနေတဲ့အချိန်မှာ၊ ဟုတ်လား၊ ရက်ရက်စက်စက် လုပ်တယ် ဆိုတဲ့ ပုံတွေကို သူက မြင်စေချင်မှာ မဟုတ်ပါဘူး။ အဲဒီအခါကျတော့ စစ်တပ်တွေကို ပေးနိုင်တဲ့ အမိန့်က အတတ်နိုင်ဆုံးပေါ့နော် သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်လာလို့ရှိရင် ဒီ ဆန္ဒပြပွဲတွေကို အရမ်းမပစ်ဖို့ သူတို့ အမိန့်ပေးမှာ ဖြစ်ပါတယ်။ ပစ်ရင်တောင်မှ အဲဒီ ခေါင်းပေါ်ကို ရှပ်ပစ်ပြီးတော့ ခေါင်းကို အတည့်မပစ်ဖို့နော် ဟိုနေ့ကလိုမျိုး ဟုတ်လား၊ အထူးသဖြင့်တော့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့မှာ လုပ်သွားသလိုပေါ့နော်၊ စနိုက်ပါ [အဝေးပစ် လက်ဖြောင့်တပ်သား] တွေ သုံးပြီး မပစ်ဖို့ သူတို့ အမိန့်ပေးထားဖို့ တော်တော် များပါတယ်။

တိုး ။ ဟုတ်ကဲ့၊ နောက်တစ်ခုကလည်းပဲ၊ မနေ့ကဆိုရင် စစ်တပ်တွေထဲမှာ အကွဲအပြဲ ဆိုတဲ့ သတင်းတွေ အများကြီး ထွက်လာပါတယ်။ ဥပမာ တပ်မ ၃၃ နဲ့ ၉၉ နဲ့ မန္တလေး ဘက်မှာ ကွဲတယ်၊ အဲလိုပဲ ရန်ကုန် မြောက်ဥက္ကလာမှာ တချို့နေရာတွေမှာ စစ်သားတွေက ပြည်သူနဲ့ ပေါင်းပြီးတော့ တခြားစစ်တပ်ကို ပြန်ပစ်တယ်။ နောက်၊ နောက်ဆုံးသတင်း အနေနဲ့ကတော့ စစ်တပ် ခေါင်းဆောင်ပိုင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့၊ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေပါ အကွဲအပြဲ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးတွေ သတင်းထွက်နေပါတယ်၊ အဲဒါတွေနဲ့ ပတ်သက်လို့ရော နည်းနည်းပါးပါး ရှင်းပြပါဦးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့ ဒီ ကြပ်ပြေးမှာတော့ တော်တော်လေးကိုပဲပေါ့နော်အမိန့်စီးဆင်းမှုတွေကော၊ ဟုတ်လား၊ ခုနက တပ်တွေရဲ့ တုံ့ပြန်မှုတွေကောကတော့ ထူးထူးခြားခြား ပြောင်းလဲနေတာကို တွေ့ရပါတယ်။ အဲ ကြည့်ရတာတော့ ဒီ တပ်မမှူးတွေ၊ တခါ တိုင်းမှူးတွေ အားလုံးက အထက်က လာတဲ့ အမိန့်ကို ဟို အဲဒီ အမိန့်အတိုင်း တိုက်ရိုက် တသွေမတိမ်း ရက်ရက်စက်စက် လုပ်တာ ရှိသလို မလုပ်တာ ရှိတာကို တွေ့နေရပါတယ်။ အဲ အထူးသဖြင့် ဆိုလို့ရှိရင်တော့ ဒီ ရန်ကုန်မှာ ခုနက ရက်ရက်စက်စက် ဖြစ်သွားပေမဲ့လည်း မန္တလေးမှာက ဒီ ကြာသပတေးနေ့အထိ ပေါ့နော် ရက်ရက်စက်စက် မဖြစ်သေးဘူး။ ဟုတ်လား၊ ကချင်ပြည်နယ်မှာ၊ အထူးသဖြင့် ဒီ မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ပေါ့နော်၊ ရက်ရက်စက်စက် ဟုတ်လား၊ ဒီ ဗိုလ်ချုပ်အုန်းမြင့်ကနေပြီးတော့ လုပ်ပေမဲ့လည်း တခြားတိုင်းတွေမှာ အဲလိုမျိုး ဗိုလ်ချုပ်အုန်းမြင့် လုပ်သလိုမျိုး ရက်ရက်စက်စက် ဟုတ်လား၊ ဘုန်းကြီးကျောင်းတွေ ၀င်ပြီးတော့ အဲ နှိမ်နင်းတာတွေ မရှိသေးဘူး လို့ ကြားရတဲ့ အခါကျတော့ တချို့တိုင်းမှူးတွေအနေနဲ့ ကျွန်တော်ထင်တယ်၊ အဲကျွန်တော်ကြားထားတဲ့ သတင်းတွေအရလည်း ဆိုလို့ရှိရင်ပေါ့နော၊် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဒီ တိုင်းမှူး တပ်မမှူးတွေက မပစ်ချင်ကြဘူးလို့ ကြားပါတယ်။ သူတို့ရဲ့ မိတ်ဆွေတွေကိုလည်း သူတို့က ရှင်းပြကြတယ် ပြောပါတယ်။ သူတို့ရဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကိုလည်းပေါ့လေ ဟုတ်လား သူတို့ကတော့ မပစ်ချင်ဘူး ဒါပေမဲ့ အထက်က အမိန့်ပေးလာပြီးတော့ ဒီ လူထုထဲကို အရမ်းပစ်ခိုင်းမှာကို သူတို့စိုးရိမ်တယ်၊ အဲအဲဒီလိုမျိုး သူတို့ ပြောနေကြတာတွေ ရှိပါတယ်၊ တချို့တိုင်းမှူးတွေ ဆိုလို့ရှိရင် ဘယ်လောက်ထိ ဖွင့်ပြောကြလဲဆိုတော့ သူတို့ရဲ့ သူငယ်ချင်းတွေ ကိုပေါ့နော် ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေတဆင့် အမိန့်ပေးပေမဲ့ ပေါ့နော်။ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေ ပြီးတော့ သူနဲ့ နီးစပ်တဲ့ ဒီ တပ်မမှူး တွေ တပ်ရင်းမှူးတွေ ဆိုလို့ ရှိရင် သူက လျှော့လျှော့ပေါ့ပေါ့ လုပ်ဖို့၊ အရမ်း အမိန့်ပေးတဲ့အတိုင်း မလုပ်ဖို့ ပြောနေတယ်လို့ ကြားပါတယ်။ ဒါ ဘာကို ဆိုလိုလဲ ဆိုတော့ ဒါ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ကို မလွန်ဆန်နိုင်သော်လည်း ပေါ့နော် မပယ်ဖျက်နိုင်သော်လည်းဘဲ အဲဒီအမိန့်ကို သူမကြိုက်ဘူး၊ လူတွေကို အခုလို ဟုတ်လား တရစပ် ရက်ရက်စက်စက် ပစ်နေ၊ ရိုက်နေ၊ ဖမ်းနေတာကို သူမကြိုက်ဘူးဆိုတာကို ပြတာ ဖြစ်တဲ့အတွက် အဲစစ်တပ်ရဲ့ ထိပ်ပိုင်းမှာ သဘောထားကွဲလွဲမှု ရှိနေတာကတော့ တော်တော်လေး သေချာသလောက် ရှိပါတယ်။

တိုး ။ ဟုတ်ကဲ့၊ အဲဒါနဲ့ နောက်ဆက်တွဲပေါ့နော်၊ မနေ့က ဆိုလို့ရှိရင်၊ ရန်ကုန်ရဲ့ အဲစစ်ချုပ်ပေါ့နော်၊ ဗိုလ်မှူးချုပ် လှဌေးဝင်းကို အစောကလိုမျိုး သူ ကိုင်တွယ်တဲ့ ပုံစံကို မကြိုက်လို့ ဖမ်းပြီးတော့ နေပြည်တော်ကို ပို့လိုက်တယ် ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ အဲဒီပေါ်မှာရော ဘာတွေကြားသေးလဲ၊ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ တစ်ချက်လောက် ရှင်းပြပေးပါဦးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ ကျွန်တော် ဟို အတည်ပြုလို့တော့ မရသေးဘူးပေါ့ဗျာနော်၊ ခုနက ပြောသလို ပဲပေါ့။ ဒီ တိုင်းမှူး ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ခုနက ဗိုလ်ချုပ်လှဌေးဝင်းလို သဘောထားတွေ ရှိနေတာ နီးစပ်တဲ့၊ ဒီ စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရှိရတာ ဖြစ်ပါတယ်။ အဲအဲဒါတွေကလည်း ခုနက ပြောသလိုပေါ့၊ သူတို့ သူငယ်ချင်းတွေ ကိုယ်တိုင် ပြောပြတာ ဖြစ်တဲ့ အတွက် သတင်းက တော်တော်လေး ခိုင်လုံဖို့ များပါတယ်။ အဲဒီထဲမှာက ဗိုလ်ချုပ် လှဌေးဝင်း ဆိုလို့ရှိရင်လည်း အဲဒီလိုမျိုး သဘောထား ရှိတဲ့အထဲမှာ ပါမယ်လို့ ကျွန်တော်တော့ ယူဆမိ ပါတယ်။

တိုး ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ဗမာစကားမှာတော့ သားသုံးသား ညီရင် တိုင်းပြည်ညီတယ်ပေါ့ဗျာ။ အဲဒါတွေကတော့ ဘုရားသားရယ်၊ ကျောင်းသားရယ်၊ စစ်သားရယ်ပေါ့နော်၊

ဝင်း။ ။ ဟုက်ကဲ့။

တိုး။ ။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေနေ အကုန်လုံးမှာ ဒီ သားသုံးသားရော တကယ် ညီသွားနိုင်တဲ့ အခြေအနေတွေ ရှိနေပါလား မသိဘူးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ ဖြစ်လာနိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့၊ ဒီတစ်ခေါက်က ကျွန်တော်တို့ ဒီမြန်မာနိုင်ငံရဲ့ အထွတ်အထိပ်ထားတဲ့ ပေါ့နော်၊ ဗုဒ္ဓဘာသာ သာသနာတော် ဟုတ်လား၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို အပြတ်ရှင်းဖို့ လုပ်တဲ့အခါကျတော့ ကျွန်တော်ထင်တယ်.. အဲဒါ လုပ်လို့မရဘူး။ စစ်တပ်ထဲမှာလည်း အားလုံးက ဒီ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေက များတယ် လေ။ အဲဒီအခါကတော့ အရင် ဒီ ဖြစ်လာတဲ့ လှုပ်ရှားမှုတွေနဲ့ ဒီတစ်ခေါက်က လုံးလုံး ကွဲပြား နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်၊ ဒီ သံဃာတော်တွေကို ရက်ရက် စက်စက် လုပ်တဲ့ အပေါ်မှာ လုံးဝ စိတ်မကောင်း ဖြစ်မိတယ်၊ ခုနက ဒေါသလည်း အကြီးအကျယ် ထွက်တယ်၊ ယူကျုံးမရလည်း ဖြစ်မိတယ်။ ဖြစ်နိုင်လို့ရှိရင် ဟုတ်လား အထဲမှာ ကျွန်တော်ကိုယ်တိုင် ရှိနေချင်တယ်။ အခု ကျွန်တော် အပြင်မှာ နေရတာတောင် ကျွန်တော် စိတ်မကောင်းဘူး၊ ရှင်းရှင်းပြောရလို့ ရှိရင်တော့လေ။ အဲဒီအခါကျတော့ ဟို စစ်တပ်ထဲမှာ ရှိတဲ့ နော်၊ တပ်ဗိုလ် တပ်မှူးအပေါင်းကလည်း ပေါ့နော်၊ ဒီအပေါ်မှာ တော်တော်လေး ခံပြင်းကြမှာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ ကျွန်တော် ဒီ ဖြစ်နေတဲ့အနေအထားပေါ်မှာ၊ ဟုတ်လား၊ တပ်မတော်အနေနဲ့ ပါလာဖို့ အလားအလာက နော်၊ ခုနက စစ်သား၊ သားသုံးသား ဖြစ်တဲ့ စစ်သား၊ ပါလာဖို့က အလားအလာက ကျွန်တော်ထင်တယ် အရမ်းကိုများနေတာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း ဒီ ဟိုး လွတ်လပ်ရေးရပြီးကတည်းကပေါ့နော် ကြည့်မယ်ဆိုလို့ရှိရင် ဘယ် ခေါင်းဆောင်ကမှ အခုလောက်ထိ ဟုတ်လား၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်သလိုမျိုး ပေါ့နော်၊ သံဃာတော်တွေကို ဟုတ်လား၊ ဒီ ဘုန်းတော်ကြီးကျောင်းတွေကို ရက်ရက်စက်စက် အခုလိုမျိုး ပေါ့နော် နှိမ်နင်းဖို့ လုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မတွေ့ခဲ့ဖူးပါဘူး။

တိုး ။ ဟုတ်ကဲ့၊ အခု ကိုဝင်းမင်းပြောသလို မြန်မာစစ်တပ်ထဲမှာ တပ်မတော် ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့၊ ထိန်းချင်တဲ့ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့ စစ်သားတွေ ဘယ်လောက်များ ရှိနိုင်မလဲ မသိဘူးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ အများစု ရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ တိုင်းမှူး တပ်မမှူးတွေ အဆင့်မှာ ပေါ့နော်၊ ကျွန်တော် ခုနပြောသလို ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ဟုတ်လား ဗုဒ္ဓဘာသာကိုနော်၊ ဟုတ်လား ကိုယ့်သာသနာ ဖြစ်တယ်၊ အထွတ်အမြတ်ထားရာ ဖြစ်တယ်၊ ဖျက်ဆီးလိုစိတ် ကျိန်းသေပါတယ်၊ လုံးဝ ရှိမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာဆိုတာ ကျွန်တော်တို့နဲ့ နိစ္စဓူဝ ပတ်သက်နေရတဲ့ ဘာသာ ဖြစ်ပါတယ်။ ဆိုလိုတာက ဟုတ်လား မနက်မိုးလင်းက စပြီး ညမိုးချုပ်အထိ ကျွန်တော်တို့ အမြဲတမ်း ဆုတောင်းနေကြရတဲ့ ဘာသာ ဖြစ်တဲ့အပြင် ကျွန်တော်တို့ ဘ၀တွေ ကိုယ်တိုင်မှာလည်း၊ ဒီ တပ်မမှူးတွေ တိုင်းမှူးတွေ ကိုယ်တိုင် မှာလည်း ပေါ့နော်၊ တချိန်မဟုတ် တချိန်က ဟုတ်လား၊ ကိုရင် ၀တ်ခဲ့ကြတယ်၊ ဘုန်းကြီး ၀တ်ခဲ့ကြတယ်။ ဒါတွေ ရှိပါတယ်။ တချို့တွေ ဆိုလို့ရှိရင် ဘုန်ကြီးကျောင်းသားဘ၀နဲ့ နေခဲ့ဖူးတဲ့သူ တွေလည်း ရှိမှာပါ။ အဲဒီအခါကျတော့ ဟုတ်လား၊ ဒီ ဗုဒ္ဓဘာသာကို အခုလိုမျိုး ပေါ့နော်၊ ရက်ရက်စက်စက် ဖြိုခွင်းတဲ့သဘောမျိုး ဖြစ်လာတဲ့ အတွက် ကျွန်တော်ထင်တယ် အခြေအနေဟာ အရမ်းလွန်သွားတဲ့ အတွက် လက်မခံနိုင်တဲ့ တပ်မှူးတွေဟာ အများကြီး ရှိလာမယ့် သဘောမှာ ရှိပါတယ်။ အဲ ဖြစ်လာနိုင်တဲ့ အခြေအနေက ဒီ တပ်မမှူး တိုင်းမှူးတွေ အနေနဲ့ အခုလိုမျိုး အထက်ကပေးတဲ့ အမိန့်အတိုင်း မလုပ်ဘဲနဲ့ လျှော့လျှော့ပေါ့ပေါ့ လုပ်လာမယ်ဆိုရင်၊ ဒါမှမဟုတ်လို့ရှိရင်လည်း ငြင်းဆန်လာမယ် ဆိုလို့ရှိရင်ပေါ့နော်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့် ပေးနိုင်တဲ့ အာဏာက လျော့ကျသွားမှာ ဖြစ်ပါတယ်။ အဲဒီအချိန် ကျလို့ရှိရင်တော့ ခုနက ဟုတ်လား လျှို့ဝှက်ပြီးတော့ လျော့လျော့ ပေါ့ပေါ့ လုပ်နေတဲ့ တိုင်းမှူး၊ တပ်မမှူးတွေက အပြင်ကို ထွက်လာပြီးတော့ အဲဒီ ခုနက ဗိုလ်ချုပ်မှူးကြီး မောင်အေးဘက်ကို ပေါ့နော်၊ ပါသွားကြဖို့ များပါတယ်။

တိုး ။ ဟုတ်ကဲ့၊ နောက်တစ်ခုကလည်းပဲ၊ ရန်ကုန်မှာ ဘုန်းကြီးကျောင်း တော်တော်များများမှာ တပ်တွေ စွဲထားတယ်၊ အခု ကျွန်တော်တို့ ရန်ကုန်က စုံစမ်းသိရှိလို့ ရသလောက်ကတော့ တချို့ တပ်တွေက ဘုန်းကြီးတွေကို ပြန်ပြီးတော့ ပြုစုနေတယ်၊ တကယ်လို့များ အပြင်ထွက်မယ် ဆိုလို့ ရှိရင် တားမယ့် ပုံစံတောင် မရှိတော့တဲ့၊ မရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးတွေ ကြားနေပါတယ်။ အဲဒီ အလားအလာတွေရော ရှိနေမလား မသိဘူးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ ဒီ အထက်က အမိန့်အရကတော့ပေါ့နော်၊ မထွက်ဖို့တော့ သူတို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာ ဖြစ်ပါတယ်။ အဲ ဒါပေမဲ့ ခုနက ဒီ ပေးထားတဲ့ အမိန့်မှာက ရက်ရက်စက်စက် ပစ်လို့ မရတဲ့ အခါကျတော့ သူတို့ ထိန်းလို့ မရလို့ ရှိရင်တော့ ကျွန်တော်ထင်တယ်၊ လွှတ်ပေးလိုက်ရတဲ့ အနေအထားမျိုး ဖြစ်မှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ နောက်ဆုံးအနေနဲ့ စစ်တပ်ဘက်နေပြီးတော့ နိုင်ငံတကာ အခြေအနေဘက်ကို ခဏလောက် လှည့်ချင်ပါတယ်။ ဒီနေ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီက မြန်မာပြည်ကို ရောက်ရှိနေပါတယ်၊ အဲတော့ နိုင်ငံတကာ အခြေအနေ ဘာတွေ ဖြစ်သွားနိုင်ပါသလဲ မသိဘူးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ မစ္စတာ ဂန်ဘာရီ ဒီတစ်ခေါက်လာတာ ထူးခြားပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ ဒီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်၊ ဟို ပုံမှန်အဖွဲ့ဝင်၊ အမြဲတမ်း အဖွဲ့ဝင် ပေါ့နော်၊ ငါးနိုင်ငံလုံးက မစ္စတာဂန်ဘာရီကို အပြည့်အ၀ တစ်ရာရာခိုင်နှုန်း ထောက်ခံချက်ပေးပြီး ဒီခရီးစဉ်ကို လွှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီအခါကျတော့ မစ္စတာဂန်ဘာရီအနေနဲ့က အပစ်အခတ်တွေ ချက်ခြင်းရပ်ဖို့ သူကြိုးစားလိမ့်မယ်။ နောက်တစ်ချက်ကကျတော့ ဒီ နိုင်ငံတကာ ကနေ ဦးဆောင်ပြီးတော့ ပေါ့နော် ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် သူကြိုးစားမှာ ဖြစ်ပါ တယ်။ အဲဒီနှစ်ခု ရမှပဲ သူ သဘောတူပြီးတော့ ပြန်ချင်ပြန်မယ်၊ ဒါမှမဟုတ်လို့ ရှိရင်လည်း သူ ဒီတစ်ခေါက်မှာတော့ ကျေနပ်မှာ ဖြစ်ပါတယ်၊ ဒီတစ်ခေါက်မှာ နိုင်ငံတကာကလည်း အဲဒီလိုဖြစ်မှ ကျေနပ်မယ့်သဘောမှာ ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေက ဒီ အိမ်နီးနားချင်း နိုင်ငံတွေကို တိုက်ရိုက် ထိခိုက်လာနိုင်တဲ့ အနေအထားတွေ ရှိလာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံတို့။ အိန္ဒိယနိုင်ငံတို့၊ တရုတ်နိုင်ငံတို့ကို ဒီ ပိုပြီးတော့ပေါ့နော် ထွက်ပြေးတာတွေ ခိုအောင်းတာတွေ ဖြစ်နိုင်ကောင်း ဖြစ်လာနိုင်တယ်။ စီးပွားရေးတွေ ကျပ်တည်းကောင်း ကျပ်တည်းလာနိုင်တယ်။ အဲဒီလို အနေအထားတွေကို သူတို့ မြင်နေပြီ ဖြစ်တဲ့အတွက်၊ ဒီတစ်ခေါက်မှာတော့ ကျွန်တော့် အမြင်က မစ္စတာ ဂန်ဘာရီလည်း အပစ်အခတ်တွေကို ချက်ခြင်းရပ်ဖို့ သူ ကြိုးစားလိမ့်မယ်။ နောက်တစ်ခု က ဒီ ဆွေးနွေးပွဲတွေ ပေါ်လာအောင်လည်း ကြိုးစားမှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုတဲ့ တပ်မတော်သားတွေကို ဘာများ ပြောလိုပါသလဲ ခင်ဗျာ။

ဝင်း ။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်ဆိုတာကတော့လေ စဖွဲ့ကတည်းက ဟုတ်လား [အသံတုန်လျက်] ပြည်သူကို ကာကွယ်မယ်ဆိုပြီး ဖွဲ့ထားတာပေါ့ဗျာ၊ [ငိုရှိုက်လျက်] ပြီးတဲ့အခါ ကျတော့ အခုလိုမျိုး ပြည်သူကို ပစ်သတ်တာတော့ ကျွန်တော် ထင်တယ်၊ မကောင်းဘူးထင်တယ်။ [ငိုလျက်] မလုပ်လည်း မလုပ်သင့်ဘူး ထင်တယ်ဗျာ၊ သံဃာတော်တွေမှ ပစ်တာတွေ သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ [ရှိုက်သံ] အဲဒီအခါကျတော့ တပ်မတော်သားတွေအနေနဲ့ နော်၊ ကိုယ့်ရဲ့ ဒီ ရှေ့ အနာဂတ်ကို ကြည့်ပြီးတော့၊ ဟုတ်လား၊ ဒီ ထိပ်ပိုင်းမှာ ရှိတဲ့ဗျာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ကျွန်တော် ထင်တယ် ဂရုစိုက်မှာ မဟုတ်ဘူး၊ [အသံတုန်လျက်] သူဟာ ဆက်ပြီးတော့လည်း အများကြီး နေရမှာ မဟုတ်တော့ဘူး၊ အဲတော့ သူ့အနာဂတ်ကိုလည်း သူက သိပ်ဂရုစိုက်ပုံ မပေါ်တော့ဘူး။ ကျန်တဲ့ ဒီ ရဲဘော်ရဲဘက်တွေ ဟုတ်လား၊ တပ်သားတွေ တပ်မှူးတွေအနေနဲ့ ရှေ့မှာ ရှေ့ဆက်သွားမယ့် နှစ်တွေက အများကြီး ရှိသေးတယ်။ အဲတော့ ရှစ်လေးလုံးကလိုမျိုး ပေါ့နော် စစ်တပ်ကြီးတစ်ခုလုံး သိက္ခာတွေ ကျပြီးတော့ ဟုတ်လား [ငိုသံယှက်၍ မသဲကွဲ] သံဃာအပေါင်းက စွန့်ပယ်ခံရတယ်ဆိုတာ အရမ်းကို ကြီးလေးတဲ့ အနေအထား ဖြစ်ပါတယ်။ ရှေ့မှာ အဲလို မဖြစ်ရအောင်လို့နော်၊ တကယ့်တိုင်းပြည်ကို အားကိုးတဲ့၊ တိုင်းပြည်က အားထားတဲ့၊ တိုင်းပြည်က ပြည်သူတွေက ချစ်တဲ့၊ ပြည်သူ့ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ဖို့၊ အပစ်အခတ် တွေကို ရပ်ပြီးတော့ ပြည်သူနဲ့ ပူးပေါင်း ပါဝင်ကြပါလို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ [ရှိုက်သံ]

(ဒီနေရာ က ယူလာတာပါ)

ဖြန့်ဝေခြင်း(၃၃)

(ဒီနေရာ က ယူထားတာပါ)

MM: ဒီကနေ့ မြစ်ကြီးနား လူထုထောက်ခံပွဲကြီးတွင် လူထု၏ စစ်ပြိတ္တာများအား ပညာပေးဆုံးမလိုက်သည် မှာ တစ်ပြည်လုံး အတုယူရမည်။ ပေးသောငွေကိုယူပြီး အော်ရင် “ဒို့အရေး၊ ဒို့အရေး”ဟု အော်ပြီး စစ်ပြိတ္တာများ၏ ပွဲကို ရအောင် ဖျက်ကြ။ (From - Cbox)




ဖြန့်ဝေခြင်း(၃၂)

ယနေ့ ဗမာပြည် အခက်အခဲအတွက် သင်တို့ ဘာလုပ်နိုင်မလဲ...

ငါတို့ ဘာမှ မတတ်နိုင်ဘူး ဆိုတာ ထက်.. ဘာ တတ်နိုင်မလဲ ဆိုတာကို ပိုတွေးကြည့်ပါ။ ကျွနုပ်တို့ တွေးကြပါ။ လူတိုင်းလည်း တွေးနေကြပါတယ်။ နည်းဗျူဟာကောင်းတခု လိုအပ်နေပါပြီ။ ဒီအတိုင်း အသက်တွေ ပေးနေတဲ့ နည်းကိုတော့.. အရှိန် တခု လျှော့ ၍ ပိုမိုထိရောက်သော... လူတိုင်း ပါဝင်နိုင်သော လှုပ်ရှားမူများကိုလည်း ဖြည့်စွက် စဉ်းစားဖို့ လိုနေပါပြီ။

ဖြစ်နိုင်ချေ ရှိသော နည်းလမ်းများ မှာ-

  • အစိုးရ ၀န်ထမ်းများ.. သယ်ယူပို့ဆောင်ရေး ၀န်ထမ်းများ၊ ပြင်ပ လုပ်ငန်းများ (လူမူအထောက်အကူ များမှ အပ) အနေဖြင့်၊ ယန္တရားရပ်တန့်ရေး သပိတ်များ လုပ်ရန်။
  • ပြည်တွင်း မှ အမြင်တခုအရ ၀န်ထမ်းများ အလုပ်မဆင်းရန် ကိစ္စမှာ အတော် ခက်ခဲသည် ဟု ဆိုသည်။ မှန်ပေသည်။ ၀န်ထမ်းများ အနေဖြင့် စွန့်စား ရမည့် ကိစ္စ ဖြစ်သည်။ ထို့ပြင် ၀န်ထမ်း အတော်များများ သည် နေပြည်တော် သို့ ရွှေ့ ခိုင်းတာကို ပင် လိုက်နာ ခဲ့ကြရသည့် အချက်ကို ထည့်တွက် ရမည် ။
  • ထို့အတွက်ကြောင့် အရံနည်းလမ်း တခု မှာ၊ ရုံးများ ကျောင်းများသို့ သွား သော်လည်း လုပ်ငန်းခွင်တွင်း ကိုယ် စိတ်ကူးပေါက်သလို ထူးခြားမူများ ဆန့်ကျင်မူများကို လျှောက် လုပ် နိုင်သည်။ ( သို့သော် ရေရှည် သွားရမည့် နည်းလမ်း ဖြစ်နေ သည်။)
  • နောက် တခု လုပ်နိုင်သည်မှာ လုပ်ငန်းခွင်ရောက်သည်နှင့် တဦးတယောက်ချင်းစီ ဖြစ်ဖြစ် နီးစပ်ရာ မိတ်ဆွေများကို အဖော်ညှိ၍ မေတ္တာ ပို့ သုတ်များကို ရွတ်ဖတ် နိုင် သည်။ ကိုယ့် ကိုးကွယ်ရာ ဘာသာအလိုက် မေတ္တာပို့ ဆုတောင်းခြင်းများကို သိသိသာ သာ လုပ်ပြ နိုင်သည်။
  • ပြည်တွင်း မှ အမြင်တခုအရ လက် ရှိ ပြောက်ကျား ပုံစံ ကို ပြုလုပ် နေနိုင်သော်လည်း ရေရှည်တွင် ဖောက်ပြန်သူ တို့၏ တန်ပြန် များ နှင့် ခွဲခြား နိုင်ဖို့ ခက်ခဲလာနိုင်သည်။ အဲဒီအတွက် စနစ်တကျ ဆဲလ် အသေးလေးများ ဖွဲ့စည်းနိုင်ဖို့ လိုအပ်သည်။
  • နေရာ ဒေသများကို လည်း ဗျူဟာ ထား ရွေးချယ်ဖို့ လိုအပ်သည်။ အလွယ်တကူ လူရောင်ဖျောက်နိုင် သော လူနေတိုက်ခန်းများ ပေါများရာ ဖြစ်သင့်သည်။ တတ်နိုင် သမျှ လက်နက်ကိုင် များ နှင့် ထိပ်တိုက် မတွေ့ အောင် ကြိုးစားရမည်။ ထိပ်တိုက် တွေ့သည့် အခါများ တွင်လည်း တဦးချင်း ထွက် စိန်ခေါ် ခြင်း များ ၊ ခံစား မူ အလိုက် ဖြစ်ပေါ်လာ သော ဆဲဆို အော်ဟစ်ခြင်းများ မဖြစ်ရန် လိုအပ်သည်။ တဘက်မှ ပစ်ခတ်လိုစိတ် ပို ဖြစ်ပေါ် လာနိုင်။
  • နေအိမ်များမှလည်း လစ် လျှင် လစ်သလို ဆန္ဒ သဘောထားများရေးထားရာ စာရွက်များကို အိမ်ရှေ့ လမ်းမ၊ လူစည်ရာ နေရာ အမှိုက်ပုံမှ အစ ဦးတည်၍ ပိုစတာတိုက်ပွဲ (Poster Campaign) ပုံစံ လုပ်နိုင်သည်။ ( သင့်တော်သည် မှာ A4 အရွယ် စာရွက် များ ဖြစ်သင့်သည်)
  • ညဘက်များတွင် နေအိမ်များမှ ဘုရားဝတ်တက်ဟန် ကြေးစည်များကို ကျယ်လောင်စွာ တီးခြင်းများ ပြုလုပ်နိုင်သည်။
  • မိမိ တို့၏ ဆွေမျိုး အသိုင်း အ၀ိုင်း မိတ်ဆွေ များ ထဲမှ စစ်ဘက် အမူထမ်း များအား တိုက် ရိုက် တမျိုး၊ သွယ်ဝိုက်၍ တမျိုး၊ လူထုအပေါ် ညှာတာရန် ၊ တရားနည်းလမ်း ကျ ရပ်တည်ရန်၊ ပြောဆို စည်းရုံး သင့်သည်။ ( ဥပမာ- အခု လက်ရှိဖြစ်ပေါ် နေ သော အခြေအနေ အား ဘယ်လို ထင် သလဲ ဆို သော မေး ခွန်းမျိုးမေးခြင်းဖြင့် သူတို့ ၏ လူသားချင်း စာနာသော စိတ်ကို ဖော်ထုတ် ပွားများ ပေးရမည်)
  • ဖောက်ပြန်သော ကြံ့ဖွံ့၊ စွမ်းအားရှင်များအားလည်း မိမိ အ၀န်းအ၀ိုင်းတွင် လက်လှမ်း မီသလောက် မေးမြန်း သတိပေး ရမည်။
  • ပြည်တွင်းတွင် အင်တာနက်များ ခက်ခဲနေသောကြောင့် ပြည်ပရှိ လူတိုင်းကလည်း အထက်ပါ နည်းလမ်းများအား ဖုံးဖြင့်ခေါ်၍ မိသားစုဝင်များအားဖြစ်စေ၊ မိမိတို့ မိတ်ဆွေ စစ်ဘက် အရာထမ်း များအားဖြစ်စေ၊ ပြောပြခြင်းဖြင့် တတပ်တအား ပါဝင် ဆောင်ရွက် ကြပါ။

( ပြည်သူတဦး)

၂၉-၀၉-၀၇

ဖြန့်ဝေခြင်း(၃၁)

Breaking News (from Burma)
-ခု ကျွန်းတောလမ်း ကုမုဒြာစတိုးရှေ့ က ဘုန်းကြီးကျောင်းကို ၀ိုင်းနေပီ။
လူတွေလည်းသွားနေတယ်..( ဒီကနေ့ ၃၀ရက်နေ့.. မနက် ၁၁ နာရီသတင်း)
-မြို့ထဲအထကတွေက.. ကျောင်းအုပ်တွေကိုဆင့်ခေါ်ပီး.. တခန်းကို ကျောင်းသား ၄ယောက် တောင်းတယ်... ဘုန်းကြီးဝတ်ခိုင်းပီး.. ဂမ်ဘာရီကို ပြမလို့တဲ့။ ခုလောလောဆယ်.. ဘုရင့်နောင် လမ်းမ ပေါ်မှာ ကားတွေ အများကြီးရောက်နေတယ်... စစ်သားတွေက မြေပုံတြေ ကြည့်နေကြတယ်...
-ညက.. စမ်းချောင်း မိုးမခ လမ်းထဲမှ စစ်ကားကို ခဲနဲ့ ပေါက်တဲ့အတွက် လူငယ် တယောက်ကို ဖမ်းရန် အသဲအမဲကြိုးစား။ ညတခေါက် မနက်တခေါက် လာရှာ။ မမိ။ သို့သော် ကားဝိုင်းထဲမှ လူတချို့ ဆွဲသွားခံရ။

ဂမ်ဘာရီ မြန်မာလူထုအပေါ် သစ္စာဖေါက်ပြီလော

ကုလသမဂ္ဂအအတွင်းရေးမှူး ဘန်ကီမွန်း အထူးကိုယ်စားလှယ်အဖြစ် ဂမ်ဘာရီကို မြန်မာပြည်ကို စေလွှတ်ခဲ့တယ်။ ဘာတွေဖြစ်နေလဲ ။ စစ်အစိုးရ ပစ်ခတ်မှုတွေကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂက စေလွှတ် လိုက် တာပါ။ သူ ရန်ကုန်ကိုရောက်ရင် မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေမှန်တွေကို တင်ပြ ဖို့ အတွက် အမေရိကန်၊ အီတလီ၊ သြစတေးလျ နဲ့ အင်္ဂလန် သံအမတ်တွေက နစ်ကိုးလ်ဟော်တယ်( Hotel Nikol ) ကနေ စောင့်ဆိုင်းနေကြပါတယ်။

မြန်မာ ဒီမိုကရေစီလှုပ်ရှားမှုက ခေါင်းဆောင်တချို့လည်း သူ့ကို စောင့်ဆိုင်းနေတယ်။
သူ့ကို ဒီဟောတယ်မှာ သံအမတ်တွေနဲ့ တွေ့ဆုံဖို့ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှု က သေသေချာချာ မှာလိုက်တယ်လို့ အမည်မဖေါ်လိုတဲ့ ကုလသမဂ္ဂ သံတမန်တဦးက ဆိုပါတယ်။ ဒါပေမဲ့ သူ့ကို စစ်အစိုးရ ကိုယ်စားလှယ်တွေက မင်္ဂလာဒုံလေဆိပ်က နေ ကြပ်ပြေး မြို့သစ်ကို တန်းခေါ်သွားတယ်လို့ သိရတယ်။

ရန်ကုန်မြို့မှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာတွေကို သူမသိရတော့ပါဘူး။ စစ်အစိုးရက သူ့ကို မြစ်ကြီးနားအထိ ခေါ်သွားတယ်။ မြစ်ကြီးနာမှာ အမျိုးသားညီလာခံ ထောက်ခံတဲ့ပွဲကို သူ သွားတက် နေပါတယ်။ ဒါဟာ မြန်မာအရေးကို ဖြေရှင်းဖို့ ကုလသမဂ္ဂ က တာဝန်ပေးမှုကို အဂတိ လိုက်စားတာလား လို့ ပြည်တွင်း နိင်ငံရေးအကဲခတ်တဦးက သုံးသပ်ပါတယ်။ စစ်အစိုးရက သူကို လာဘ်ထိုးလိုက်ပြီလို့ ယူဆတယ်လို့ သူကသုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ ၀န်ထမ်း တွေဟာ အင်မတန် လာဘ်စား အကျင့် ပျက်ကြတဲ့ အစဉ်လာတွေ ရှိလိုပါ။ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးဟောင်း ကိုဖီအာနန်ရဲ့ သားဟာလည်း အီရတ်ကိစ္စမှာ လာဘ်စားမှုတွေနဲ့ နာမည်ပျက်ခဲ့ဖူး ပါတယ်။