Sep 15, 2010

ကြောင်



ကြောင်

ကိုယ့်ချောင်ထောင့်ကွေးလေးထဲ
မီးအိမ်လေးထွန်းပေးမလို့..တဲ့…။
ဒါပေမဲ့ မိုးလေကြမ်းလွန်း..
မီးဇာကုန် ဆီခမ်းလွန်း…
တခါတခါကျတော့လည်း လေလုံငြိမ်သက်လွန်းသတဲ့..။
ဒါနဲ့ပဲ.. ငြိမ်ငြိမ်လေး ကုပ်ကွေးနေရ..
ဒီချောင်ကိုလည်း မခွာရက်နိုင်ဘူးတဲ့လေ.. သူက။

ကျမကတော့ အမှောင်ကြောက်သူ..။
ဒါပေမဲ့ အမှောင်ထုထဲမှာပါပဲ
ခြေသံလုံအောင် တိုးဖွဖွလှမ်းနေရ..
လက်သည်းချွန်မြတွေကိုတော့
မသိမသာ ကုပ်သွေးထားမိပါတယ်..
ဒီလိုနဲ့ပဲ
မိုးလေကြမ်းကို ခုခံရဲခဲ့…
မှောင်ထဲမှာ မျက်လုံးတွေ လက်ပသူ ကျမက
ချောင်ထဲက အပူကိုတော့ မုန်းတယ်..။

အဲဒီအခါ...
အပူချောင်ကို စွန့်ခွာ
မှောင်တ၀က်အလင်းမှာ ပျော်သယောင်။
(၀၉-၁၄-၁၀)

10 comments:

အိမ့်ချမ်းမြေ့ said...

ကဗျာခံစားသွားပါတယ် အစ်မ။

စန္ဒကူး said...

ကဗျာလေးက ကြောင်ဆိုတဲ့နာမည်လေးနဲ့ စာသားသုံးသွားတာအရမ်းကို လှတယ်.. လာဖတ်သွားပါတယ်မမမေငြိမ်း

သက်ဝေ said...

ဆရာမလက်ရာ ကဗျာလေးတွေ မဖတ်ရတာကြာပြီ...

ကြောင်လေးတွေဟာ လက်သည်းတွေကိုပဲ ဝှက်ထားလို့ရမယ်... သူတို့ရဲ့ တောက်ပတဲ့ မျက်လုံးလေးတွေကတော့ မှောင်လာလေလေ ပိုပြီး တောက်ပလေလေ...း))

tin min htet said...

တီချယ်ကြီး ကြောင်လက်သည်းဝှက်သလို ကဗျာတွေကို ၀ှက်ထားသလား၊ မတွေ့တာကြာပေါ့။

Moe Cho Thinn said...

ဆိုင် မဆိုင် မသိ။ ဆရာမ သတင်းစကားနဲ့အတူ ကဗျာကို ရောခံစားပစ်လိုက်ပြီ။

သိင်္ဂါကျော် said...

ကဗျာလေးက တွေးရင် တွေးသလို အဓိပ္ပါယ်တွေ ပြည့်ဝနေသလိုပဲ..

sirimingala said...

ကဗျာကတော့ ရှယ်ပဲ။ နက်နဲတယ်နော်။တွေးစရာတွေအများသား။

မင်းတာရာ said...

ကုတ်ခြစ်ဖို့ အတွက်
လက်သဲတွေ
အဆင်သင့်ဖြစ်ထားတာ
မမှားပါဘူး
အသုံးလူးဆိုရင်တော် ဆူတွေဖေါက်ထုတ်လို့ ရတာါပေါ့။
ကဗျာကောင်းကို၊ကောင်းကောင်းကြီးခံစားသွားပါတယ်။
ကျန်မာပါစေ။ဖို့ တ်ဝိန်းမြေကိုလဲ
တခေါက်နောက်ထပ်လာလည်ပါအုံး။

ညီလင်းသစ် said...

ကြောင်ရဲ့ မျက်လုံးတွေထဲမှာ အရိပ်တွေ အများကြီး တွေ့လိုက်မိ သလိုပဲ အမ...၊

ဘယ်လို အမြင့်ကနေ ဘယ်နှခါပဲကျကျ, ကြောင်က တော့ လှလှပပပဲ ခြေနဲ့ကျမှာပါ၊ Cats have nine lives ဆိုတဲ့ စကားလည်း ရှိသားပဲ မဟုတ်လား အမရေ...။

အမတို့ မိသားစု အစစ, အဆင်ပြေပါစေဗျာ..။

MANORHARY said...

ပျောက်နေတယ်မှတ်တာ
အမက ပုန်းနေတာကိုး
လက်သည်းတွေတော့ ချွန်နေသေးတယ် မဟုတ်လား ..