Sep 19, 2010

ပွင့်တူရွက်တူ

ဒီရာသီ Fall မှာက ညနေခင်းတွေက ရွှေရောင် အေးမြမြ..။ ကိုယ့်တိုင်းပြည်က မေမြို့ရဲ့ ညနေခင်းတွေကို သတိရစရာ။ ပန်းရောင်စုံတွေ ဝေတဲ့ ရာသီ။ အဲဒီလိုကာလမှာမှ ကျမတက်ရတဲ့ ကောလိပ်လေးက ကျမကို လွမ်းအောင်ပဲ ဖန်လေသလား.. အလွမ်းပြေလို့ပဲ ပြောရမလား မသိ..။ ကျောင်းလေးက ကျမဘ၀ထဲက အရေးပါလှတဲ့ လှိုင်ကောလိပ်လေးနဲ့ တူလွန်းတာပါပဲ။ ရွှေအိုရောင် အုတ်ကွက်တွေနဲ့ ဆောက်ထားတဲ့ ကျောင်းဆောင်တွေ..။ ပြီးတော့ ခပ်နိမ့်နိမ့် ခပ်ပြားပြား အထပ်အဆောက်အဦးတွေ…။ နိမ့်လျှော ကုန်းမြင့် လမ်းတွေ ရှိတာ..။ ပြီးတော့ အတွင်းထဲမှာ မျက်စိလည်စရာ လှေကားလေးတွေနဲ့ အပေါ်ထပ်တွေကို တက်ရတာ..။


ဟိုးလွန်ခဲ့တဲ့ နှစ်၃၀တုန်းက ကျောင်းသူလိုဖြတ်သန်းခဲ့.. ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်မှာကျတော့ ဆရာမလို ဖြတ်သန်းခဲ့ရတဲ့… ကျမ အသည်းနှလုံးထဲ အတော်စွဲမြဲနေရာယူခဲ့တဲ့ ကျောင်းဟာ ခု ကျမအနား ပြန်ရောက်လာသလို..။

ကျောင်းဝင်းထဲ.. ဆူဆူညံညံစားသောက်တန်းလေးတွေ မရှိတာ..။ ချစ်စရာကောင်းတဲ့ ရယ်မောသံတွေနဲ့ ဗမာသီချင်းသံ လွင့်လွင့်ပျံ့ပျံ့ မရှိတာတွေတော့ ကွာသပေါ့လေ..။ ဒီမှာတော့ ကျောင်းဝင်းက တိတ်တိတ်ဆိတ်ဆိတ် နိုင်လှတယ်။ ပျော်ရွှင်ရယ်မောသံတွေကို တခါတလေမှသာ ကြားရတယ်။ ကျမက တပတ် ၂ရက် .. တရက် ၂နာရီခွဲသာ တက်ရတာမို့ရော.. ကျမရဲ့ ကျောင်းချိန်တွေက ညနေစောင်းတွေ ဖြစ်တာကြောင့်ရော ထင်ပါရဲ့။ ကျောင်းပရိဝုဏ်က ငြိမ်ဆိမ်နေလေ့ရှိတာ..။


ပြီးတော့ ကျမတို့ရဲ့ စာသင်ခန်းကလည်း ကျဉ်းကျဉ်းလေးရယ်..။ အတန်းထဲ လူ ၂၀သာ လက်ခံတာမို့ ကျမစိတ်ထဲတော့ ပျင်းစရာ..။ ဒါပေမဲ့ တကယ်တမ်း စာသင်ရပြီဆိုတော့လည်း ကိုယ် သိပ်သင်ချင်နေတဲ့အပြင် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ကြားရ သိရလို့ ထင်ပါရဲ့... စာသင်ချိန် ၂နာရီခွဲဆိုတဲ့ စိတ်ညောင်းစရာ အချိန်အတိုင်းအတာက ကျမအတွက်တော့ ဘယ်လို ကုန်သွားမှန်းမသိ..။ ဆရာမ စာသင်နေချိန်တလျှောက် ကျမဟာ ကိုယ့်ကိုယ်ကို ကျောင်းဆရာမ တယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မေ့နေတယ်..။ ကိုယ့်မိသားစုကိစ္စတွေကို မေ့နေတယ်..။ ကိုယ့်အလုပ်ခွင်ကို မေ့နေတယ်..။ ဆရာမနဲ့အတူ စာတွေဆွေးနွေးရင်း ဖတ်စရာတွေ လောဘတကြီး ဖတ်ရင်း.. နားထောင်စရာတွေ လောဘတကြီး နားထောင်ရင်း.. ကျမက ဟိုး နှစ် ၃၀တုန်းက ကျောင်းသူ ငြိမ်းခက်ခက် ပြန်ဖြစ်သွားတယ်။ ကိုယ့်အသက်အရွယ်ကိုလည်း မေ့သွားတယ်။ ကျမစိတ်ထဲ ကျောင်းစာလုပ်နေရတယ်လို့ မထင်ဘဲ ကျမသိချင်တာတွေကို ဆရာမက ပြောပြနေတယ်လို့ပဲ ခံစားရတယ်။ ကျမဟာ သိလိုစိတ်တွေများတဲ့ ကျောင်းသူလေး ပြန်ဖြစ်သွားတယ်။ ရှေ့တပတ်ကျရင် စာမေးပွဲတဲ့….။ ကျမ စိတ်လှုပ်တရှားပဲ ပြင်ဆင်နေမိတယ်။ ကျမမှာ ဟိုတုန်းကလို စွမ်းရည်တွေ.. အင်အားတွေ ကျန်နေသေးသလားဆိုတာ သိချင်နေမိတာ ထင်ပါရဲ့။

+++++

အတန်းက ၅နာရီမှာ စ..။ ညနေ ၇နာရီခွဲမှာ ပြီးတာမို့ ကျမအတန်းပြီးချိန်ဆို မှောင်စပျိုးပြီ။

(အိမ်ပြန်ချိန် မှောင်ရီပျိုး)

အတန်းအပြင်ကို ထွက်လိုက်ရင်တော့ ကျောင်းဝင်းရဲ့ နေညိုချိန်အောက်မှာ ကျမက လွန်ခဲ့တဲ့ နှစ် ၂၀ကျော်ကို ပြန်ရောက်သွားတယ်။ မနက်အစောကြီးတုန်းက ရုံးအလုပ်တွေနဲ့ ပင်ပန်းထား.. နေ့လယ်ခင်း တချက်နားပြီး အတန်းတက်ဖို့အရေး သင်ခန်းစာ ကြိုဖတ်ပြီး ကျောင်းလာတက်။ ဆိုတော့ အတန်းပြီးချိန်မှာတော့ ခန္ဓာကိုယ်က တကယ်ပင်ပန်းနေပြီ..။ ဒီတော့မှ အတန်း ၅ချိန်လောက် စာအော်ဟစ်သင်ခဲ့ရလို့ ပင်ပန်းပြီး အိမ်ပြန်ချင်နေတဲ့ ဆရာမဘ၀ရဲ့ ညနေချိန်တွေထဲ ပြန်ရောက်သွားတယ်။ ဟော.. အိမ်မှာ မိသားစုက ကျမကို ထမင်းစားဖို့ စောင့်နေလောက်ပြီ။သားနဲ့ သမီးကို အိမ်စာ ကူလုပ်ရဦးမှာ ထင်ပါရဲ့။ ကလေးတွေအဖေလည်း ဒီနေ့ ကျမ မအားတာမို့ ဟင်းချက် ဂျူတီဝင်ရပြီ။ မနက်လည်း အစောကြီးထပြီး အလုပ်ခွင်ဝင်ရဦးမှာ..။ အင်း ဘာသတင်းတွေများ ထူးမှာပါလိမ့်။ ခုချိန်ဆို ကိုယ့်တိုင်းပြည်မှာ အိပ်ယာက ထကြပြီလေ။

+++++

တကယ်တော့ ဟိုးတချိန်တုန်းကလည်း အဲဒီလို ဘ၀အမောတွေ တွေးရင်းနဲ့ အိမ်ပြန်ရတဲ့ ကျောင်းဆရာမ တယောက်ရဲ့ ပင်ပန်းမှုမျိုးထဲ နွမ်းနယ်ခဲ့ရဖူးတာပေါ့။ အဲဒီတုန်းက ခုထက်ပိုပြီး အသက်ရှူရ ကျပ်ခဲ့တယ် .. စိတ် ပင်ပန်း ဆင်းရဲခဲ့တယ်လို့ ထင်ပါတယ်။ ၈၈ ရဲ့ နောက်ပိုင်းကိုးးး…။

+++++

ဘာလိုလိုနဲ့ ဒီနေ့ဆိုရင်ပဲ ၂၂နှစ်တိုင်ခဲ့ပြီ။ (၁၈၊၀၉၊၂၀၁၀)

+++++++

9 comments:

Nyi Linn Thit said...

ဟုတ်ပါရဲ့အမရေ... ကျောင်းလေးက လှိုင်တက္ကသိုလ်နဲ့ တူလိုက်တာ...၊

အမ အိမ်ပြန်ချိန်က ၇ နာရီခွဲဆိုတော့ ဆောင်းတွင်း ရောက်မှာနဲ့ ရှေ့လျှောက်ဆို မှောင်ပြီ၊ အကြာကြီးများ တက်ရမှာလား မသိ၊

အဲဒီမှာ လင်မျှော်ကုန်းနဲ့ မျောက်ရွာကော ရှိလားအမ? ကြုံရင် ကျနော့်အတွက်ပါ စိုးမြင့်ကျော်တစ်ပွဲလောက် စားခဲ့လိုက်ပါဗျာ...။ :D

Moe Cho Thinn said...

တသက်လုံး ကျောင်းသူပဲ ဖြစ်ချင်ပါရဲ့ ဆရာမရယ်။ စာမေးပွဲတွေကြောက်ပေမဲ့ ကျောင်းတွေကို ချစ်စိတ်ကြောင့်ပဲ ဖြစ်မှာပါပဲ။
ဆရာမကျောင်းလေးက တကယ်ပဲ RC 2 နဲ့ တူပါတယ်။

Kay said...

ဟုတ်ပါ့..အာစီတူးပဲ..
ရာဘာပင်တွေပဲ လိုတယ်..

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

နအဖကို ဖြုတ်ချဖို့ လမ်းစပျောက်နေပြီလို့ခံစားနေရရင် “အပြင်းစားတော်လှန်ရေးမှသည် အုတ်တစ်ချပ်သဲတစ်ပွင့် တော်လှန်ရေးဆီသို့” ဖတ်ပါ http://myanmartruthers.blogspot.com

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

နအဖက ကုလားတွေနဲ့ ပေါင်းပြီး ရွေးကောက်ပွဲကို ကလိမ်ကကျစ်လုပ်နေပါတယ်။ ဒီမိုငတုံး မဗေဒါကလဲ ကုလားမကို နိုင်ငံရေး ဇတ်ခုံပေါ်မှာ နေရာရအောင် ကူညီပေးနေပါတယ်။ တကမ္ဘာလုံးမှာ ကုလားတွေ ဒုက္ခပေးနေတာကို အားလုံးမြင်နေကြတာပဲ။ အဲဒါကို လုံးဝဂရုမစိုက်ပဲ ဒီမိုနဲ့ နအဖတွေဟာ ကုလားတွေနဲ့ပေါင်းပြီး နိုင်ငံရေး အမြတ်ထုတ်နေပါတယ်။ ကုလားကလဲ နှစ်ဖက်စလုံးကို ညာပေါင်းပြီးခွစားနေပါတယ်။ ကုလားကို မြှောက်ပင့်နေတဲ့ ဒီမိုငတုံး မဗေဒါလုပ်ရပ်ကို ကော်မန့်ကနေ ဆန့်ကျင်ပေးကြပါ။

http://mabaydar88.blogspot.com/2010/09/blog-post_3555.html
http://www.lanpyakye.org/2010/09/blog-post_25.html




ကုလားမြှောက်ပင့်သူများနှင့် ကုလားထိရင် ဆတ်ဆတ်ထိမခံသူများကို ဆန့်ကျင်နေသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
ဒီမိုငတုံးတွေ

မင်းတို့တွေ ကုလားအတွက် သိပ်ပြီးနာတတ်တယ် မဟုတ်လား? ကုလားစောက်ကျင့်ကို မသိပဲနာပေးနေကြတယ်။ သူတို့က ပြည်တွင်းမှာ ရွေးကောက်ပွဲကို ထောက်ခံနေပြီ။နအဖနဲ့ လက်တွဲပြီး မင်းတို့ကို နှိပ်ကွပ်တော့မှာကွ။ မွတ်ဆလင်ဝါဒတွက် ဆိုရင် အကုန်လုပ်မှာ.. သဘောပေါက်ထား။ မင်းတို့ကို ကုလားက နဖါးကြိုးထိုးပြီး လိုသလိုအသုံးချနေတာကို မရှက်သေးရင် ကုလားတွေအတွက် နာပေးကြဦး။ အောက်က ပေးထားတဲ့နေရာမှာ သွားဖတ်ကြည့်

http://www.myanmarmuslim.net/news.php?extend.591

ကုလားကိုအနိုင်ကျင့်ရမှ စားဝင်အိပ်ပျော်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Maung Maung said...

when I have looked English - Burmese
Dictionary, the mining of( Paradox)is (Wi Yaaw Di).

Problem is I don't know what the meaning of Wi Yaw Di ..
.
.Can you explain in Brumese
the meaning of Wi Yaw Di, please

မေငြိမ်း said...

ဝိရောဓိ ရဲ့ သဘောကတော့ေ၀၀ါးနေတာ၊ ဆုံးဖြတ်ရခက်တာ၊ ဟိုဟာနိုးနိုး၊ ဒီဟာနိုးနိုးနဲ့ ချီတုံချတုံဖြစ်တာ မျိုးမှာ သုံးတာပါပဲ..။

[C] ဝိရောဓိ။ It is a paradox that professional comedians often have unhappy lives.
(က) [C] သမ္မုတိ ဝိရောဓိ။ ‘more haste, less speed’is a well-known paradox. (ခ) [U] (အရေးအသား စသည်တွင်သုံးသော) ဝိရောဓိသဘော။ a work full of paradox and ambiguity. paradoxical /¿pærå'd2ksÇkl/ adj paradoxically /-kli/ adv

Maung Maung said...

thanks you
very much Sayarma.