Apr 7, 2011

တနေ့တာ အကြိုက်များး

သူယုတ်မာ မဖြစ်အောင် ရေးရတဲ့ Post (ပန်ဒိုရာကို တည့်တည့်ပြောသည်)

++++++

နှိုးစက်တီးလုံးမြည်သံကို စိတ်တိုပြီး မနက် ၃နာရီ အိပ်ယာက ထရတိုင်း.. အိပ်ချင်လိုက်တာလို့ ညည်းရင်း ရေချိုးခန်းထဲ မျက်စေ့သေချာမပွင့်ဘဲ ၀င်သွားရတာကို မုန်းသမျှ…
ရုံးရောက်လို့ ကော်ဖီပူပူတခွက်သောက်ရင်း.. နောက် ၃နာရီအကြာမှာ အသံလွှင့်ဖို့ အသင့်ပြင်ရင်း… အလုပ်တွေ ရှုပ်လွန်းတဲ့ကြားက … Face Book ၀င်ဝင် check ပြီး တခိခိ ကျိတ်ရယ်ရတာကိုတော့ သိပ်ကြိုက်…
အလုပ်ရှုပ်ပြီလားဟေ့ဆို.. “ချာမ.. မောနင်း” လို့ လှမ်း chat တဲ့ အရီးပန် နဲ့ ချက်တီး လုလုပ်ရတာကိုလည်း ကြိုက်..
ဝါရှင်တန်ဒီစီရဲ့ မနက် ၇နာရီ.. မြန်မာပြည်ရဲ့ မနက် ၅နာရီခွဲမှာ စ အသံလွှင့်ဖို့ စတူဒီယိုကို အပြေးအလွှားဆင်း.. Mic ရှေ့မှာ ထိုင်.. မင်္ဂလာပါသောတရှင်များရှင်.. ကျမ မေငြိမ်းပါ.. လို့ ပြောပြီး အစီစဉ်မှူး လုပ်ရတာကိုလည်း ကြိုက်ကြိုက်..
မနက်ခင်းတချိန် အသံလွှင့်ပြီး အလုပ်ဖော်တွေနဲ့ မနက်စာ စုစားရတာကိုလည်း ကြိုက်..။
ရုံးပြန်ချိန်.. သိပ်ခမ်းနားပြီး အေးအေးချမ်းချမ်းဆန်တဲ့ ၀ါရှင်တန်ဒီစီရဲ့ မြင်ကွင်းကို အလုပ်ဖော် သူငယ်ချင်းတယောက် မောင်းတဲ့ ကားပေါ်ကနေ မရိုးနိုင်စတမ်း ငေးပြီး လိုက်ရတာကိုလည်း ကြိုက်တာပဲ..
အိမ်ရောက်ရင်တော့ တရေးအိပ်ချိန်… သီချင်းတိုးတိုးလေးဖွင့်.. ဇော်ဝင်းထွဋ်ဖြစ်ဖြစ်.. ဂျေမောင်မောင်ဖြစ်ဖြစ်.. ။ ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်…။ အိုးး ဇိမ်ပဲ…။
၃နာရီခွဲရင်တော့ တရေးအိပ်ရာကနေ မဖြစ်မနေထပြီး အလုပ်အပြန်မှာ ကလေးအငယ် နှစ်ယောက်ကို ကျောင်းဝင်ကြိုပြီး ပြန်လာကြမယ့် အဖေကြီးနဲ့ သမီး သားနဲ့ကို ကြိုရတာပေါ့..။ အဲဒီအချိန်ဆို.. အိမ်ထဲတောင် မရောက်သေးခင်ကတည်းက စကားလုပြောလာတဲ့ သားနဲ့ သမီးနဲ့ အဖေ့နဲ့ကို ဆီးကြိုရတာ.. အင်း ကြိုက်ပါတယ်..။ မောကြိုက်လေးပေါ့ :P
အဲဒီ ခဏတဖြုတ်ကတော့ မိသားတစု ပေါ့ပေါ့ပါးပါး.. တနေ့တာ ကြုံခဲ့သမျှ.. ပြောကြ… တအိမ်လုံး ဆူညံ…။ များသောအားဖြင့်တော့ အဖေကြီးက လဘက်ထသုပ်ပြီး.. ထမင်းကြမ်းနဲ့ အဆာပြေ ၀ိုင်းစားကြတာ.. ။ အဲဒါကိုတော့ သဘောအကျဆုံး…။
ပြီးရင်တော့ အဖေနဲ့အမေခမျာ မီးဖိုချောင် ၀င်ရပြီပေါ့..
သားနဲ့ သမီးက တယောက်က TV ကြည့် တယောက်က ကွန်ပျူတာကိုင်…။
ချက်ရင်းပြုတ်ရင်း.. ပြောရင်းဆိုရင်း.. ရှင်းရင်းလင်းရင်း.. ဟော.. ၅နာရီထိုးပြီ။
မေမေ Gym သွားမယ်.. လို့ အ၀တ်အစားလဲတာနဲ့ သမီးနဲ့သားက ငေါက်ကနဲ ထလိုက်တာပဲ..။
ဖေဖေကြီး အိမ်ရှင်း.. ရေချိုးထား..။ ပြန်လာရင် ညနေစာစားကြမယ်ပေါ့…။
မေမေက Gym မှာ.. သူတို့က ကစားကွင်းမှာ.. (မေမေက မှန်မှန်မသွားဖြစ်တာတော့ ရှိသပေါ့ :D)
Gym မှာ ၁နာရီ ကြာ… သဘောကျစရာတော့ တကယ်ကောင်းတာပါ..
ပြန်လာ.. ရေချိုး ညစာစားးးး TV ကြည့်ရင်း သားနဲ့ သမီးကို အိမ်စာကူလုပ်..။
ဒီလိုနဲ့.. ည ၉နာရီကျော်ပြီလေ…။ ည ၁၀နာရီတော့ အိပ်ယာကို မဖြစ်မနေ၀င်ကြရ….
မအိပ်ခင်တော့ Face Book လေး ကြည့်ပါရစေဦး..
Blog လေးတွေ ဖတ်ပါရစေဦး…. မဂ္ဂဇင်းဝတ္ထုတို တပုဒ်လောက်တော့ ဖတ်ပါရစေဦး…
အဖေကြီးက အော်နေပြီ.. အမေကြီင်္းနော်.. မနက် ၃နာရီ ထရမယ့်ဟာ.. အိပ်တော့…တဲ့။
အင်းပါဆို..သိပါတယ်.. လို့ ညတိုင်းနီးပါး ပြန်ပြောပြီး အချိန်ဆွဲနေရတာကိုလည်း သဘောကျပါ့..။
တကယ်ဝင်အိပ်တော့ ည ၁၁နာရီ…..
ဘုရားရေ.. အိပ်ချိန် ၄နာရီပဲ ရတော့မှာပါလား.. မဖြစ်ဘူး.. အိပ်မှ အိပ်မှ…။
အဲသလိုညတိုင်း ပေရတာလည်း ကြိုက်တာပဲ.. ဘယ်လိုလုပ်မလဲ…။
ကြည့်ပါဦး ကျမခမျာ.. အချိန်ဆင်းရဲလိုက်တာ.. သနားစရာနော်…။
(အဲလို သူများသနားအောင် ပြောရတာကိုလည်း ကြိုက်တာပဲ..)…

+++++

ရုံးပိတ်ရက် တနေ့တာ အကြိုက်များတော့ မရေးတော့ဘူးနော်…
သူများတွေ မနာလိုဖြစ်မှာစိုးလို့.. ဟဲဟဲ…။

၆ဧပြီ၂၀၁၁။

4 comments:

သက်ဝေ said...

အဟီး... ပန်ပန် တက်ဂ်ပုံ ဆန်းကြယ်...း))

အမရဲ့ အကြိုက်တွေထဲက မောကြိုက်လေး ကို အရမ်းကြိုက်သွားတယ်...

ရုံးပိတ်ရက် အကြိုက်လေးတွေလည်း ရေးပါအုံး အမရဲ့... နာမလိုချင်လွန်းလို့ပါ....း))

ညီလင်းသစ် said...

အမရဲ့ တနေ့တာ အကြိုက်လေးတွေက ချစ်စရာ ကောင်းလိုက်တာ...၊ အထူးသဖြင့် သမီးနဲ့သား ပြန်လာချိန်မှာ မိသားစုလေး ဝိုင်းဖွဲ့ ဆူညံနေတဲ့ အချိန် လေးကို အကြိုက်ဆုံးပဲ၊ စကားမစပ် ဒီလို တဂ်ပို့စ်တွေ အမကို များများရေးခိုင်းကြပါစေ-လို့ ဆန္ဒပြုရ မလိုတောင် ဖြစ်နေပြီ၊ ငြိမ်နေတာကြာလို့.....။းD

မယ့်ကိုး said...

ဆရာမ စာလေးက စ ကတည်းက ချစ်စရာလေး :D

PAUK said...

အစ်မ ရေ..
မောလိုက်တာ..။
မောပြီး ကြိုက်ပါတယ်..။
အိပ်ရေးလဲ မဝဘူး။
စောအိပ်ပါ..။