Nov 12, 2011

မေငြိမ်း တော်တော် အတင်းအဖျင်းပြော

သိတတ်ကတည်းက
အမေ့အတင်း အဖေ့ကို ပြော
အဖေ့အတင်း အမေ့ကိုပြော..
အဖေနဲ့ အမေအတင်း အဖွားကိုပြော
အဖေနဲ့အမေအတင်း သူငယ်ချင်းတွေနဲ့ပြော….

ပြီးတော့
ဆရာမအတင်း အမေ့ကိုပြော
ဆရာအတင်း အဖေ့ကိုပြော..
ရယ်စရာ မောစရာ ချစ်စရာ အတင်းပြော ကာလတွေ။
နောက်တော့
သူငယ်ချင်းတွေအတင်း ချစ်သူကို ပြော
ချစ်သူအတင်း သူငယ်ချင်းတွေကို ပြော…
သူငယ်ချင်းတွေအတင်း သူငယ်ချင်းတွေကို ပြော..
ပျော်စရာ ရွှင်စရာ အတင်းပြော ကာလတွေ…။

အတင်းမပြောတဲ့သူ
ဘယ်သူရှိပါ့…။

စာရေးဆရာမ မစန္ဒာက ပန်းစကားဝတ္ထုထဲမှာ ပြောတယ်…
“လူတွေဟာ.. ကြီးလာလေ ညစ်နွမ်းလာလေ..” တဲ့။

နောက်တော့
လာဘ်စားတဲ့ ပါမောက္ခအတင်း ပြော
အဂတိလိုက်စားတဲ့ ဆရာဆရာမတွေအတင်း ပြော..
ကျောင်းသားတွေဆီက ငွေညှစ်တဲ့ မော်ကွန်းထိန်း အတင်းပြော..
လူထုကို နှိပ်ကွပ်တဲ့ အစိုးရအတင်းပြော..
ပြည်သူကို ပြစားတဲ့ လုပ်စားသူတွေအတင်းကို ပြော..
စိတ်ပျက်စရာ ညစ်နွမ်းတဲ့ အတင်းပြော ကာလတွေ…
အတင်းတွေ အညစ်တွေ ဆိုပါစို့။

မေငြိမ်းလား..
ကိုယ့်အတင်းလည်း ကိုယ်ပြောတယ်…
မဟုတ်မဟတ်တာတွေတွေ့ရင် ရိုင်းရိုင်းတုံ့ပြန်တတ်တာ…
မတော်မတည့်တာတွေ တွေ့ရင် ရိသဲ့သဲ့ ဟားတတ်တာ…
ဒေါသကြီးရင် မျက်ရည်ကျတာ…
စိတ်ဆိုးရင် လက်ပါချင်တာ…
အပျော်အပါးမက်တာ...
ဘုရားတရား ရိုသေဆည်းကပ်မှု နည်းပါးတာ…
မထင်ရင်မထင်သလို လူပါးလည်း ၀တတ်သေးတာ...
အဲဒီကိုယ့်အတင်းတွေလည်း ကိုယ်ပြောရဲ့..
ကိုယ်ရေးအတင်းတွေ ဆိုပါတော့။

လောကကြီးက ရယ်ရတယ်..
ယောက်ျားတွေ ပြောတော့ သတင်း
မိန်းမတွေပြောတော့ အတင်းတဲ့..။

ကောင်းတာ ရွေးပြောတော့ သတင်းတဲ့
မကောင်းတာကို ဝေဖန်ပြောတော့ အတင်းတဲ့…။
ရယ်ရပုံများ ပြောပါတယ်..။

အဲလို ရယ်စရာအတင်းတွေ ပြောတော့…
အတင်းအဖျင်း တော်တော် ပြော ဖြစ်ရော..
ဟုတ်တာပလေ..
အဖျင်းတွေအကြောင်း မကောင်းအတင်းပြောရလေတော့..
အတင်း အဖျင်း ဖြစ်ကရောပေါ့…။
အဖျင်းတွေအကြောင်း အတင်း
အတင်းအဖျင်း..
ဒါနဲ့
မေငြိမ်း တော်တော် အတင်းအဖျင်းပြော…..
မေငြိမ်း တော်တော် အတင်းအဖျင်းပြော…..
ဆက်ပြီးတော့လည်း ပြောရပေဦးမှာ။

၁၁-၁၁-၁၁။

7 comments:

Mi Tay 4 said...

အစ်မနဲ့ မျက်နှာချင်းဆိုင် အတင်းပြော (လေးကတော့ သတင်းပြောတာလို့ပဲ ကိုယ့်ကိုယ်ကို သတ်မှတ်တယ်း) ) ရတဲ့ အချိန်လေးတွေကို သတိရလိုက်တာ။ အင်တာနက်ကပဲ အားရင်ဆက်ပြောကြတာပေါ့။

သတိုး said...

အဖျင်းတွေအကြောင်း အတင်းတွေပြော...လည်း အားပေးနေဦးမှာ။
ဆက်ပြောပါဦး ဆရာမခင်ဗျား။

တိမ်ညိုသခင် said...

စိုင်းစိုင်းခမ်းလှိုင်သီချင်းတောင်သတိရလာပြီ (စပ်မိစပ်ရာကွိစီကွစ)

Anonymous said...

ဆရာမ ..
ကိုယ့်အတင်း ကိုယ်ပြောတဲ့နေရာမှာ တူတယ် .. :)

အမ်တီအန် said...

အတင်းကို အတင်းသာ ပြောနေချင်တယ်..။
ကဲ..ဘယ်သူတွေ အတင်းပြောကြသလဲ..??

Bino said...

Lovely date 11-11-11 with ugly post.
BINO

Unknown said...

The research reveals a woman is happier and healthier if she enjoys a regular chat with her female friend because it boosts levels of progesterone, a hormone shown to reduces levels of anxiety and stress.

Scientists at the University of Michigan, who carried out the study, said progesterone plays an important part in social bonding and also makes women more willing to help other people in trouble, even if it means risking their own lives in the process.

"Many of the hormones involved in bonding and helping behavior lead to reductions in stress and anxiety," said Professor Stephanie Brown, who led the research.