
၂၀၀၉နဲ့အတူ ဒုက္ခအားလုံး ကုန်ဆုံးကျန်ရစ်ခဲ့ပြီး
နှစ်သစ်၂၀၁၀ မှာ.. ငြိမ်းချမ်းပျော်ရွှင်ကြပါစေ...။
နှစ်သစ်၂၀၁၀ မှာ.. ငြိမ်းချမ်းပျော်ရွှင်ကြပါစေ...။
နိုဝင်ဘာ ၂၀ရက်နေ့ Los Angeles ကို ရောက်ပါမယ်..။ မိုးချိုသင်းတို့ အိမ်မှာ နေထိုင်ပြီးသကာလ ၅ရက်လောက် မနားတမ်း အာလူးဖုတ်ပါမယ်..။ ဘလော့ဂါ များလည်း ဆုံကြပါဦးမယ်..။ အရှင်သခင် ဘလော့ဂါ ကိုဇာနည် ကလည်း အပြေးလာရောက်ပြီး ပါဝင်ဆင်နွှဲမှာပါတဲ့။ ဖြစ်နိုင်ရင် အဲဒီဝန်းကျင် ရှိရှိသမျှ သဟာယများနဲ့ တွေ့ချင်ပါတယ်။ လောလောဆယ်.. Hollywood က စယ်လီဘရစ်တီင်္များရဲ့ appointment တွေကိုတောင် လက်ခံမထားပါ :P ကိုယ့်အချင်းချင်းတွေကို ဦးစားပေးပါမယ်..။ မိုးချိုသင်းဆီမှာ Book လုပ်နိုင်ပါတယ်.. (ချိုသင်းတော့ မျက်ခမ်းလှုပ်နေလောက်ပြီ :D) ... ။ တွေ့ကြသေးတာပေါ့ နော ... :)