May 22, 2009

မိခင်၏နှောင်ကြိုးကို ဖြေပါအံ့....



မေလ ၂၁ ရက် ကြာသပတေးမနက်ပိုင်း VOA ရသစာအုပ်စင် အပတ်စဉ် ကဏ္ဍမှာ ကျမ အသံလွှင့်ခဲ့တဲ့ အစီအစဉ်လေးပါ..။







10 comments:

ဂျူနို said...

ဆရာမရေ
ဒီကဗျာလေး ဟိုရက်တွေကတည်းက ဆရာမ ဘလော့မှာ တွေ့ လို့ ဖတ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ကဗျာကို အရင်က တစ်ခါမှ မသိခဲ့ဘူး။
ခုလို ဖော်ပြ ရွတ်ပြပေးတာကော ကဗျာဆိုရင်းရှင်းပြပေးတာကိုကော ကျေးဇူးတင်ပါတယ်။

အယ်ဇီ

သက်ပိုင်သူ said...

အမရယ် ကဗျာလေးက ကောင်းလိုက်တာ

ကိုရင်နော်ခင်လေးငယ် said...

ဆရာမရေ..
အကြိမ်ကြိမ်အခါခါ နားထောင်နေမိပါတယ်..

Mogok Thar said...

ဆရာမရေ.. ကျွန်တော့် window ကြောင်နေလို့ များ နားဖောင် မရတာ ထင်ပါရဲ့ဗျာ။
အိမ်မှာ ရောက်မှ ပြန် ဖွင့်ကြည့်ဦးမယ်။
အမေ့ နှောင်ကြိုးတွေ မြန်မြန် ပြေပါစေ။

Unknown said...

လာနားထောင်သွားပါတယ် ဆရာမ..
အန်တီစုလဲ နှောင်ကြိုးတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ...

မသူတော် said...

ခင်ဗျားတို့comment နေရာမှာ ရင်လာဖွင့်တာခွင့်လွှတ်ဗျာ...

ကျွန်တော်နိုင်ငံရေးအကျဉ်းသမားဟောင်းတစ်ဦးပါ..
၈၈ ကနေ အခုထိ ကိုယ်လုပ်နိုင်တာလေးတထောင့်တနေရာကနေ ဝင်ထမ်းနေဆဲပါ..
တခါတလေကျွန်တော် စဉ်းစားမိတာ..တျွန်တော်တို့democracy နဲ့မတန်ဘူးဆိုတာကိုပါ.
စားဝတ်နေရေးကြောင့်..ကြောက်လို့..အနေအစားချောင်လို့..ဆရာကြီးမလုပ်ရလို့..
ဘာကြောင့်ပဲဆိုဆို..
လူတစ်ယောက်ချင်းကစလို့အားလုံးလုပ်နိုင်တဲ့
အရာတွေ.ဥပမာ..မတရားတာမြင်ရင်မတရားဘူးဆိုတာပြောတာမျိုး..

ဒီကြားထဲသူ့လူလိုလို..ကိုယ့်လူလိုလိုနဲ့..
"အဝေးကနေမြောက်ပေးမနေနဲ့တို့...သတိထားတို့.."
ပြောတဲ့ဆိုက်ကားတွေလဲမြင်မြင်နေရသေးတယ်..
အဲဒီလူတွေကိုမေးကြည့်..တသက်လုံးသူများပေးစာကမ်းစာစားပြီး
လက်ကြောတင်းအောင်အလုပ်လုပ်ဖူးလားလို့..

ခက်တာက..တိုင်းပြည်မှာဒီမိုကရေစီစနစ်ထွန်းကားအောင် ကိုယ်ကျိုးစွန့်နေသူတွေ..ကြိုးစားနေသူတွေကို..
နှိပ်စက်..သတ်ဖြတ်နေတဲ့..သန်းရွှေနဲ့အပေါင်းအပါတွေကိုထား..
အဲဒီလိုအောင်အောင်မြင်မြင်ရက်စက်နိုင်အောင်..ကူညီနေကြတဲ့..ဒလျှိုတွေ..အောက်ဆွဲတွေနဲ့ဖော်လံဖားတွေ..သူတို့ဖာသာကိုယ့်ကြိုးကွင်းကိုယ်ပြန်စွပ်နေကြတာကို
သတိမူမိပုံမရကြဘူး..
တိုင်းပြည်မှာdemocracy မရမှတော့..အဲဒီလူတွေအပါအဝင်အားလုံးနောင်မျိုးဆက်တိုင်အောင်
လူလိုဆက်ဆံခံရ..နေထိုင်ရမှာမဟုတ်ဘူး..

ဗိုလ်ချုပ်အောင်ဆန်းတခါက ဖာတိုင်းပြည်ဖြစ်လိမ့်မယ် လို့ခိုင်းနှိုင်းခဲ့သလို..

ဒေါ်အောင်ဆန်းစုကြည်..ကိုမင်းကိုနိုင် နဲ့နိုင်ငံရေးအကျဉ်းသားအားလုံး..အသက်စွန့်သွားတဲ့..ဘဝပျက်သွားရတဲ့ရဲဘော်တွေ..သူတို့မိသားစုတွေက

“ ခင်ဗျားတို့အားလုံးဒီမိုကရေစီနဲ့မတန်သေးပါဘူး..ကျုပ်တို့ကိုယ်ကျိုးစွန့်မှု့တွေနဲ့မတန်ပါဘူး”

လို့အပြောခံရချင်ပါသေးတယ်..

De said...

Beautiful poem teacher , We had praying everying days for our mother.May god bless our country and our mother (Daw Su ).

ဖြူဖွေး said...

ဆရာမ မေငြိမ်း
ဖုန်းဆိုးရေးတဲ့ ခြံအမှတ် ၅၄ ဆိုတဲ့ကဗျာလေးကိုလဲ ကဗျာရွတ်တတ်တဲ့ အသံသြဇာကောင်းတဲ့ အမျိုးသားတစ်ဦးနဲ့ တွဲဖက်စီစဉ် အသံလွှင့်ပေးပါဦး။
စကာင်္ပူမှာ ကျင်းပခဲ့တဲ့ ဒေါ်စုမွေးနေ့ပွဲမှာ ရွတ်တုန်းကကြားဘူးတာပါ။ ဒီလိုအချိန်မှာ ဗမာပြည်က ပြည်သူတွေကိုလဲ နားထောင်စေချင်လွန်းလို့ပါ။
ဲပြီးရင် အသံဖိုင်နဲ့ ဆရာမ ဘလောက်မှာပြန်တင်ပေးပါ။ သိမ်းထားချင်လို့ပါ။ ကျေးဇူးတင်လျက်.......

တန်ခူး said...

အမ ကဗျာနှစ်ပုဒ်လုံးကို ရင်ထဲက နင့်နင့်သီးသီး ခံစားသွားတယ်…
ကျွန်မငိုနေမိတယ် မ ရယ်… အမေ့နှောင်ကြိုးအမြန်ပြေပါအံ့….

Mogok Thar said...

ဆရာမ မေငြိမ်း။ ကျွန်တော် ဒီကနေ့ အ၀ါရောင် ခွပ်ဒေါင်းတကောင် ဖြစ်ခဲ့ပါတယ်။ မျှော်လင့်ထားသလောက် အ၀ါရောင် ဒေါင်းတွေ မတွေ့ရပေမဲ့ မဆိုးဘူးလို့ ပြောရမှာပါပဲ။ ကျွန်တော်ကတော့ Risk ယူပီး သွားလိုက်ထာပါပဲ။ မကြာခင် လပိုင်းမှာ ကျွန်တော့် အလုပ်ပါမစ် သက်တမ်းတိုးရတော့မှာလေ။ သယ်ရင်းတွေကတော့ တားကြတာချည်းပဲ။ စိတ်ထဲ မကောင်းဘူး။ ခွပ်ဒေါင်းတွေ မက၀ံ့တာကို။ အရင်တခေါက်ကလဲ အလုပ်ပါမစ်တိုးတော့ ဒီမှာ ခွပ်ဒေါင်းဖြူတွေ လမ်းလျှောက်ကြတုန်း ပါထားတာ မှတ်တမ်း ရှိတော့ တိုးမပေးချင်ဘူး။ မနဲ ပြန်လိုက် ယူထားရတာ။ ဒီတော့ မက၀ံ့ကြတဲ့ ခွပ်ဒေါင်းတွေကိုလဲ ဘာ မပြောလိုပါဘူးဗျာ။ နားလည်ပါတယ်။