Oct 8, 2009

ကယ်တင်ရှင်တို့ဆွဲနှစ်တဲ့ ရေတိမ်

ကယ်တင်ခြင်း ပေါချောင်ကောင်းတွေ
ဈေးကြီးနာကြီးနဲ့ ငါတို့ ဆီအရောက်လာခဲ့တာ
ဂုဏ်သိက္ခာနဲ့ လွတ်မြောက်ရေးက လွဲလို့
တပတ်နွမ်းတန်ဆာတွေ ဆင်ခွင့်တော့
ပေါပေါသီသီ ရခဲ့သပေါ့....။

ဒီမယ် ဘုရားသခင်နဲ့မအပ်စပ်တဲ့
သေနတ်တွေမကိုင်ကြပါနဲ့

ကရုဏာတော် တနင့်တပိုးနဲ့
မြင့်မြတ်သူကြီးများက လူယဉ်ကျေးအဆီတက်နေတဲ့
မျက်နှာတွေ တဖြဲဖြဲပေါ့....
ချော့မော့လိုက် သတိပေးလိုက်
ထောက်ပံ့ကြေးဖြတ်လိုက်ပေါ့....

ဒီမှာတော့
တောင်ယာ ပျက်
ရွာမီးလောင် ........
နေစရာတောင် မရှိတော့ချိန်မှ
ကိုယ့်ကိုယ်ကို ကာကွယ်ခွင့်ကို
ကရုဏာ တိုရေရှားရေနဲ့ လဲ ယူ ကြရဦးမှာလား.....

ကရုဏာသမားတွေဟာ
တိုယိုတာဖိုးဝှီးနဲ့လာတယ်
တန်ဘိုးကြီး ယမကာတွေ လုပ်ငန်းသဘောအရ မှီဝဲတယ်...

နယ်စပ်တကြောက ဘ၀အမောတွေနဲ့
တောင်တန်းတွေကို
ငါလိုကယ်တင်ရှင်တွေမှမရှိရင် ခက်ရချည်ရဲ့လို့
မဲ့မဲ့ရွဲ့ရွဲ့ ပိုပိုသာသာ လိုရာဆွဲ မှတ်ချက်ချတယ်...။

ဒီမှာ ကရင်တွေဟာ
ညာအူးထီးနဲ့ ဘီလူးစီးလာတဲ့
စစ်အာဏာရှင်ကို ထီမထင် တော်လှန်ခဲ့ကြတာ

ဒီမှာ ရှမ်းတွေဟာ
ပဲပုတ်ရေကြဲ နဲ့
စစ်သရဲတွေကို ဆွဲလှဲခဲ့ကြတာ

နင်တို့ ကရုဏာ တထွာတမိုက်နဲ့
လာလိုက်တော့မှပဲ ......................။

ကိုထွေးညို (တမာတန်း)


(အရှေ့မိုးကောင်းကင်.. မှ)

(ဒီဆောင်းပါးကိုလည်း တွဲဖတ်စေချင်ပါတယ်)



7 comments:

Bino said...

May Nyaein,
It's a nice post.
Thanks for sharing.
BINO

ငြိမ်းဝေ said...

ကျနော် ဒီလိုကဗျာမျိုး တခါမှတော့မရေးဖူးပါဘူး။ဒါပေမယ့်
ရေးလိုက်မိတယ်..

ဆန်းတယ်...

ကမာမီးလောင်တာ မလောင်တာ မြန်မာမသိတာမဆန်းပေမယ့်
မြန်မာ မီးလောင်နေတာ မြန်မာမသိတာ ဆန်းတယ်။

ကမာ ၀မ်းမင်းကို မြန်မာမသိတာမဆန်းပေမယ့်
မြန်မာ ၀မ်းမင်းကို မြန်မာမသိတာ ဆန်းတယ်။

အစရေးနဲ့ ပါလက်စတိုင်း
အပစ်အခတ် ရပ်စဲတာ မြန်မာမသိတာမဆန်းပေမယ့်
မြန်မာတွေ အပစ်အခတ် မရပ်စဲတာ မြန်မာမသိတာ ဆန်းတယ်။

နိုင်ဂျီးရီးယားမှာ(၁၉၉၃)
ဗိုလ်ချုပ်တွေ
ရွေးကောက်ပွဲကို မတရားဖျက်သိမ်းတာ
မြန်မာမသိတာ မဆန်းပေမယ့်
မြန်မာဘိုချုပ်တွေ ရွေးကောက်ပွဲ ခြေထောက်နဲ့ ချနင်းထားတာ
မြန်မာတွေမသိတာ ဆန်းတယ်။

ဖိလစ်ပိုင်မှာ(၁၉၈၆)
ခလေးမွေးခဲ့တာ မြန်မာတွေ မသိတာမဆန်းပေမယ့်
မြန်မာတွေ ဗိုက်နာနေတာ မြန်မာမသိတာ ဆန်းတယ်။

တရုပ်တွေအိမ်သာတက်တာကအစ
မြန်မာတွေ အကုန်သိတာ မဆန်းပေမယ့်
မြန်မာတွေ အိမ်သာရေဆေးနေရတာ မြန်မာမသိတာ ဆန်းတယ်။

ဘယ်ရွေးကောက်ပွဲမှ
မ၀င်ခဲ့တဲ့ ဗ က သ
သမိုင်းစာမျက်နှာထက်က ပျောက်မသွားတာ
ကမာကမသိတာ မဆန်းပေမယ့်
အဖွဲ့ ချုပ် ရွေးကောက်ပွဲမ၀င်ရင်လည်း
ဘယ်တော့မှ စင်ပျောက်မသွားဘူးဆိုတာ
မြန်မာတွေ မသိတာ ဆန်းတယ်။

ဟစ်တလာလုပ်ခဲ့တဲ့ ဆနခံယူပွဲ(၁၉၄၂)
ဘယ်တော့မှ မမြဲဘူးဆိုတာ ကမာကသိတာမဆန်းပေမယ့်
သဲပြင်ပေါ်က အာဏာရှင်ရဲ့ခြေရာ
သေရွာသွားတဲ့ လမ်းကြောင်းပဲဆိုတာ
မြန်မာတွေ မသိတာဆန်းတယ်။

ဆန်းတယ်
တကယ့်ကို ဆန်းတယ်
တော်တော့ကို ဆန်းတယ်
( ဒေါက်တာစန်းအောင်ပြောသလို )
ဆရာ့ထက် ဘယ်သူကမှ ပိုပြီးမဆရာပါဘူး ဆရာရယ်ဆိုတာထက်ကို
ဆန်းကုန်ကြတာ ဆန်းတယ်။ ။

ငြိမ်းဝေ
၂၀ ၊ ၉ ၊၂၀၀၉

အိမ်တော်ရာ said...

ဒကာမရေ လာဖတ်ဖြစ်နေခဲ့တာတော့ ကြာပါပြီ။ ဆရာ ဓမ္မဂင်္ဂါ ကျေးဇူးတွေပါ။ www.newmawkun.blogspot.com

အိမ်တော်ရာ said...

ဒကာမရေ လာဖတ်ဖြစ်နေခဲ့တာတော့ ကြာပါပြီ။ ဆရာ ဓမ္မဂင်္ဂါ ကျေးဇူးတွေပါ။ www.newmawkun.blogspot.com

Nyi Nyi said...

ဒီလိုရေးချလိုက်တော့မှပဲကဗျာရေးသူပေါ့သွားပုံရတယ်။ ကျွန်တော့်မှာတော့စကားလုံးတွေပျောက်လို့်ရှာတုန်း
.ဖွေတုန်း....
ကဗျာဆရာဆိုတာဒါကြောင့်ကိုလိုအပ်တယ်။ ကိုထွေးညို(တမာတန်း) ငြိမ်းဝေ နဲ့ဆရာမမေငြိမ်း..ကျေးဇူးမကင်းပေဘူးလား....

rose of sharon said...

ကဗျာလေးဖတ်သွားတယ်.... ရင်ထဲကို တိုက်ရိုက်ထိမှန်တယ်

ထာဝရသက်စမ်းရေ said...

ဆရာမ
ဆရာမရဲ့အိမ်လေးကို အမြဲရောက်ပေမယ့် မြန်မာစာလုံးမရှိတဲ့အတွက် မှတ်ချက်မပေးခဲ့ရဘူး။ အရမ်းကောင်းပါတယ်။ ခက်တာက စစ်ဘီလူးတွေမှာ ကဗျာတွေခံစားတတ်တဲ့နှလုံးသားမရှိဘူး။ သူတို့မှာ ဘယ်သေနတ်က ကျည်အားပိုပြင်းတယ်။ ဘယ်ဝီစကီက ပိုကောင်းတယ်။ ဘယ်နေရာမှာပိုပြီး စားကျက်ကောင်းလဲဆိုတာကိုဘဲ သိကြတာ။