Oct 15, 2009

အလွမ်းပြေ (၂)...

အဲဒီ ၁၉၉၅လောက်တုန်းက ကျမ ဘားအံမှာ တာဝန်ကျနေချိန်။ ရန်ကုန်တချက်ပြန်ရောက်လို့ လေထန်ကုန်းဘက် ရောက်ပြီဆိုရင် အင်တာဗျူးတွေ တော်တော်များများ ဖြေခဲ့ရတာ မှတ်မိတယ်..။ (သဘောကတော့ နောက်ထပ် တင်ဦးမှာလို့ ကြိုကြေညာထားတဲ့ သဘော.. :P) ဒါမဲ့ မဂ္ဂဇင်းအုပ်လိုက် သိမ်းမထားမိတော့ လပိုင်းတွေ သိပ်မမှတ်မိတော့ပါဘူး။ ခု ပြန်ကြည့်တော့ ဒီအင်တာဗျူးလည်း ၁၉၉၅ပဲ..။ ပထမတခုထက်တောင် စောနေပါသေးတယ်။ ဒီတုန်းက ဖြူး မိတ်ဆွေများစာကြည့်အသင်းရဲ့ ဆုပေးပွဲကို သွားတုန်း လုပ်ခဲ့တဲ့ အင်တာဗျူးပါ။ မှတ်မှတ်ရရ.. အဲဒီပွဲမှာ တာရာမင်းဝေရဲ့ "အာလူးစားသူများ" ၀တ္ထုတို ဆုရပါတယ်။ (မတ်လ ထင်တယ်)။ ကျမရဲ့ ပထမဆုံး အင်တာဗျူးကြီးက ၁၉၈၉ မဟေသီမှာ ကိုဟိန်းလတ်နဲ့ လုပ်ခဲ့တာပါ။ တကယ်တော့ ကျမကို စာရေးသက်အဲလောက်လေးနဲ့ အင်တာဗျူးလုပ်ခဲ့တာ သိပ်စောတာပေါ့။ ဒါနဲ့ ဂျက်(ကွမ်းခြံကုန်း) (မောင်သာချို)က ဘုစုခရုများနဲ့ အင်တာဗျူးခြင်းဆိုပြီး ရွှေအမြုတေကနေ ဆော်ပါရောလား..။ ခုပြန်တွေးတော့ တကယ့်ကို လွမ်းစရာလေးတွေပါ..။



(တကယ်တော့ ပကတိမြား.. ၀တ္ထုထဲက ဇာတ်ကောင်နာမည်က မိုးလတ်.. ပါ။ ကိုခေတ်ထွန်း အကြားလွဲသွားပုံ ရတယ်။)

11 comments:

မဆုမွန် said...

တီချယ်ရေ ထုံ့ပိုင်း ထုံ့ပိုင်းလေး လာဖတ်တယ် ခိခိ နံပတ်တစ်ရနေတယ် အခုတလော

မယ့်ကိုး said...

ဆရာမရေ...ထပ်တင်ပေးပါနော်။ စောင်းစောင်းလေးတွေ ဖတ်ရတာလည်း အဆင်ပြေပါတယ်။ =)

kay said...

အမ ၀တ္တုစာအုပ် မျက်နှာဖုံး သရုပ်ဖော် တွေ.. အတော်သဘောကျတယ်.. အဲတုန်းက..ပုံလေးက..လွမ်းစရာ..( အင်း..အလွမ်းပြေ ပါ ဆိုမှပဲ..)း)

Bino said...

Thanks for sharing.
BINO

ခင်မင်းဇော် said...

အင်း ငါအကြိုက်ဆုံးက ပကတိမြှားနဲ့ သီချင်းနှင်းဆီဟ။
ဝတ္ထုတိုမှာကျတော့ မုန်တိုင်းရဲ့ ကျောရိုး အကြိုက်ဆုံး ..
မိုးလတ်ကိုတော့ တော်တော်ဒေါသထွက်ခဲ့တာ..
နင် ပေးထားတဲ့ ၀တ္ထုစာအုပ်တွေကတော့ အိမ်မှာ ကျန်ခဲ့လေပြီ။

တန်ခူး said...

၁၉၉၅ဘက်က ကျွန်မ စာတွေ သိပ်ဖတ်ခဲ့တဲ့ အချိန်ပေါ့ မ ရေ… ဒါကြောင့်လဲ ပထမ အင်တာဗျူးလေးကို မှတ်မိနေတယ်… ဒုတိယအင်တာဗျူးက ခုမှ ဖတ်ဖူးတာ… ဒုတိယ အင်တာဗျူးက မ ဓာတ်ပုံလေးကို ချစ်လိုက်တာ… စကားမစပ် ပထမအင်တာဗျူးက ဘယ်သူမေးခဲ့တာလဲ မ… အမေးနဲ့ အဖြေလိုက်ဖက်ညီလွန်းလို့  နှစ်သက်မိတယ်… ဂျူး=မေငြိမ်း=ကြည်အေးဆိုတာ အတော်ဟော့ဖြစ်ခဲ့တာ မှတ်မိနေတယ်… အဲဒီဆရာမ ၃ယောက်လုံးကို အတော်ကြိုက်မိတာပါ… ကျွန်မစိတ်ထဲတော့ ဘာလို့ များ ညီမျှခြင်းချကြတာလဲလို့  ခုထိမရှင်းသေးဘူး… ဘာလို့ လဲဆိုတော့ တယောက်ကို စတိုင်တမျိုးစီနဲ့  စွဲလန်းဖို့ ကောင်းနေတာကို… ဘယ်သူနဲ့ ဘယ်သူမှ မတူကြဖူးလေ… ခုချိန် မ ကို ဘလော့ပေါ်မှာ ရင်းနှီးပြီး ဒီအင်တာဗျူးလေးတွေ ပြန်ဖတ်တော့ သတိထားမိတာ တခုက မ ရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ ဟန်မဆောင်ပွင့်လင်းမှု… မေငြိမ်းကို နှစ်သက်မိတဲ့အထဲမှာ အဲဒါလဲပါတယ် မ… တချို့ စာရေးဆရာမတွေလို formalကြီး သိပ်မဟုတ်ပဲ ရင်ထဲက အရှိအတိုင်းချပြတတ်တာ… မြန်မာပြည်က စာဖတ်ပရိသတ်တွေကို မေငြိမ်း ၀တ္ထုတွေ ဆက်ဖတ်စေချင်မိတယ်… တနေ့ နေ့ ပေါ့ မ ရယ်… နော်…

Moe Cho Thinn said...

အလွမ်းပြေဆိုပေမဲ့ အလွမ်းတွေတိုးသွားတာတော့ တားမရလိုက်ဘူး။ နောက်ထပ် စောင့်ဖတ်အုံးမှာ။ အင်တာဗျူးတွေ ဖတ်ရတာ အမြဲတမ်း သဘောကျခဲ့တယ်။ စာရေးသူရဲ့ သဘောထား၊ ခံယူချက်တွေ လှစ်ကနဲ မြင်ရတတ်လို့။

အဲဒီတုန်းက သိပ် Hot တဲ့ မုန်တိုင်းရဲ့ ကျောရိုး ထက် ချိုသင်းက တပိုင်းတစနှင်း ကို ပိုကြိုက်တယ်။ နှင်းအတိုင်း ခံစားနေမိလို့ လို့ ဆရာမကို ပြောဖူးသေးတယ် ထင်တာပဲ။

ဆရာမ အင်တာဗျူးဓာတ်ပုံတွေ အမြဲလှနေတာ အားကျတယ်။ original ကောင်းလို့ ပုံထွက်ကောင်းတာ ဖြစ်မှာပါလေ။ :))

ဖြူတုတ်လေး said...

ဆရာမ ဖြူတုတ်လာဖတ်သွားပါတယ်။ လာလာဖတ်နေတာတော့ကြာပါပြီ။ အခုမှမန့်ဖြစ်တာပါ။

ရွှန်းလဲ့ said...

လာဖတ်သွားပါတယ်ဆရာမ။

tg.nwai said...

အစ်မရေ..အင်တာဗျူးတွေလာဖတ်သွားပါတယ်..ပြန်ဖတ်ခွင့်ရလို့ ကျေးဇူးပါ..အလွမ်းပြေပေါ့...စာတွေကို.သရုပ်ဖော်ပုံလေးတွေနဲ့ မြင်ရတာလေးကြောင့်..:)

amayarko said...

ဖတ်သွားပါတယ် ဆရာမ ။ ဆရာမပြောတာတွေ သိပ်ကောင်းတာပဲ ။
ပွင့်ပွင့်လင်းလင်း ထက်ထက် မြက်မြက် ဆရာမရဲ့ပြောဟန်တွေကို သိပ်ကြိုက်တာပဲ။

အစစ အဆင်ပြေပါစေဆရာမ။ ( FB မှာ accept လုပ်တာလဲကျေးဇူးပါ :)