Oct 13, 2010

ဆောင်းသီတာရေ...


ဟေးး ခက်.. လို့ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ အတန်းဖော် အီရန်မလေး Niloo ။
တော်တော် ချောတဲ့ အမျိုးသမီးလေးပါ။ အသက် ၃၀လောက်ပဲ ရှိမယ်ထင်တယ်။ သူက ကျမနဲ့ အတန်းထဲမှာ အတွဲမိဆုံး အဖော်ပါ။ သူ့ရဲ့ ခက် လို့ ခေါ်တဲ့အသံက သိပ်ပီတာပဲ။ အဲဒီအခါ သူ့ကြောင့်ပဲ ကျမက ဟိုးလွန်ခဲ့တဲ့ နှစ်များစွာ.. ပြောရရင် နှစ် ၃၀ရဲ့ ဟိုးဘက်ကို ပြန် ရောက် ရောက် သွားတာပါ။ ၁၉၈၆ မှာ မေငြိမ်းရယ်လို့ ဖြစ်ပြီး နောက်ပိုင်း ကျမကို မမေငြိမ်း… ငြိမ်း.. မငြိမ်း.. ရွှေငြိမ်း လို့သာ အခေါ်များခဲ့ကြတာမို့ ခက်လို့ ခေါ်ရင် ၁၉၈၆ မတိုင်ခင်က သူငယ်ချင်းတွေပဲဆိုတာ သေချာတာပေါ့။ ခုတော့ ကျောင်းသူပြန်ဖြစ်သွားတဲ့ ဘ၀မှာ ကျမက မေငြိမ်းမဟုတ်တော့။ နောက်ဆုံးနာမည်ကို ခေါ်လေ့ရှိတဲ့ ဒီက ထုံးစံအရ အတန်းထဲမှာ ကျမက ခက် ပြန်ဖြစ်သွားပြီ။ ကောင်းသားး.. ကျမအတွက်တော့ ဟောင်းနွမ်းငြီးငွေ့တာရယ်.. လက်ရှိအနေအထားတခုမှာ စိတ်ပျက်တက်တက် ဖြစ်နေတာရယ်.. ပေါင်းလိုက်တော့.. ခက်ဆိုတာလေးက ကျမကို တဖန် ပြန် သစ်စေတယ်။ အဲဒီအခါ ကျောင်းပရိဝုဏ်ထဲ စာဖတ်ရင်း ဟိုးအရင်ကလိုပဲ ကဗျာတွေတောင် ရေးဖြစ်လို့။ ကြည်နူးစရာပါပဲ။

+++++

ဒါနဲ့ပဲ ဆောင်းသီတာကို လွမ်းတော့တာ။
ဆောင်းသီတာဆိုတာ ကျမ သိပ်ချစ်တဲ့ မှတ်မှတ်ရရ သူငယ်ချင်းပေါ့။ သူက နာမည်လှလှလေးနဲ့ ညီအမ ၃ယောက်ရှိတဲ့အထဲ အကြီးဆုံးပေမဲ့ ဘာလို့လဲမသိဘူး.. သူ့ကို သူ့မိသားစုက သီတာလေးလို့ ခေါ်ကြတယ်။ ကျမကလည်း သူ့ကို သီတာလေးလို့ပဲ ခေါ်တယ်။ ကျမက သူ့ထက် နည်းနည်းငယ်တော့ သူကလည်း ကျမကို ခက်လေးလို့ ခေါ်တယ်။ နာမည်လေး လှသလို လူကလည်း တကယ်လှတာ..။ ပြီးတော့ ကျမစိတ်ထဲ စွဲကျန်နေခဲ့ရလောက်အောင် စိတ်ထား လှတဲ့သူငယ်ချင်းလည်း ဖြစ်ပါတယ်။ တခါတလေ စဉ်းစားမိတယ်.. ကျမတောင် သူ့လောက် စိတ်ထား မလှနိုင်ခဲ့ဘူးလို့။ သီတာလေးက လှတဲ့အပြင် သူ့အခြေအနေကလည်း မာန်မာနရှိစရာဖြစ်ပေမဲ့ သိပ်ရိုးသားဖြူစင်သူ။ ကျမ နဲ့ သူ.. တော်တော်ချစ်ကြပြီး အဲဒီအရွယ်မျိုးမှာ တကယ် ပြဿနာ ဖြစ်လောက်တဲ့ ကိစ္စမျိုးမှာတောင် ကျမတို့ နှစ်ယောက် စိတ်ဝမ်းမကွဲနိုင်ဘဲ ချစ်ခဲ့ကြတာ..။ ၁၀တန်း တူတူအောင်ပြီး တက္ကသိုလ်တက်ကြတော့ လည်း ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) ဖြစ်သွားတဲ့ RC 3 မှာ တူတူ.. ၀ိဇ္ဇ္ဖာသင်္ချာဘာသာ ယူကြတာလည်း တူတူ..။ နောက်တော့ ကျောင်းတက်ပြီး သိပ်မကြာပါဘူး.. သူရည်းစားထားရော..။ အဲဒီအခါ သူ့ရည်းစားကို သူက ကိုကို လို့ ခေါ်တော့ ကျမကလည်း ကိုကိုလို့သာ ခေါ်ခဲ့တာ နှုတ်ကို ကျိုးလို့။ ကျောင်းတ၀က်တပျက်နဲ့ သူအိမ်ထောင်ကျသွားတော့ ကျမဖြင့် စိတ်ထိခိုက်လိုက်တာ။ သူနဲ့ ကျမ အဲဒီကတည်းက ကွဲသွားကြတာ.. ခုဆို ၂၇နှစ်တောင် ကျော်ခဲ့ပြီ။
သီတာလေးဟာ ကျမအတွက်တော့ ဇီဇ၀ါပန်းလေး တပွင့်ပဲ..။ နွမ်းသွားတာတောင် တမျိုးလေး လှနိုင်တဲ့ ဖြူဖြူစင်စင် ပန်းကလေး တပွင့်ပေါ့..။


ကိုယ့်အနားမှာ အလိမ်အကောက်တွေများလှတဲ့ ညစ်တစ်တစ်လူတွေကို တွေ့တဲ့အခါ သီတာလေးကို လွမ်းသလို.. သူ့လိုပဲ ဖြူဖြူစင်စင် ရှိတယ်လို့ ခံစားရစေတဲ့ အပြုံးမျိုးကို မြင်ရင်လည်း သီတာလေးကို လွမ်းတယ်..။ တခါမှ စိတ်မဆိုး စိတ်မခုခဲ့ရဖူးတဲ့ သူငယ်ချင်းဆိုတာဟာလည်း ဘ၀မှာတော့ စခန်းသာလေး တခုကို ကြုံကြိုက်ရတာနဲ့ တူတူပါပဲ။ ခုထိ သီတာလေးကို သတိရရင် ချစ်ခြင်းနဲ့ အလွမ်း ကိုသာ မှတ်မှတ်ထင်ထင် ရှိရဆဲပါ…။
ဖြူစင်သော ချစ်ခြင်းများ..
လောဘမဲ့ တပ်ငြိခြင်းများ…
ငယ်စဉ်ဘ၀က မေတ္တာတရားများ…
အစွန်းအထင်းမဲ့ စွဲလန်းခြင်းများကိုသာ
အဖန်ဖန် ပြန်လွမ်းဆွတ်ရဲ့..။
ဆောင်းသီတာ ရေ.. ။

+++++

(ကျမဆီမှာ ဇီဇ၀ါပန်းပုံ အသင့်မရှိလို့ မမသီရိ ဆီက ယူလိုက်ရပါတယ်)

6 comments:

Moe Cho Thinn said...

စိတ်ဆိုး စိတ်ခုရတယ် ဆိုတာ ပင်ပန်းပါတယ် ဆရာမရယ်။ အဲဒီလို ကိုယ့်ကိုလဲ နားလည် ချစ်ခင်၊ သူ့ကိုလဲ နားလည် ချစ်ခင်ရတဲ့ စိတ်ညီတဲ့ သူငယ်ချင်းမျိုး ရှိတာ ဘ၀မှာ ကျေနပ်စရာ ကောင်းပါတယ်။

သဒ္ဓါလှိုင်း said...

သူငယ်ချင်းတွေကိုလွမ်းသွားရပြီအမရေ..
တကယ့်ကိုကျောင်းသူဘ၀က
လွမ်းလွမ်းဆွေးဆွေးလေးပေါ့..

tin min htet said...

ဇီဇဝါက နွမ်းသွားလည်း လှရုံတင်မက အနံ့လည်း မပြယ်ဘူး။

Anonymous said...

နာမည်လေးက လှလိုက်တာနော်၊
လူကလည်း လှတယ်ဆိုလို့ ၊

ကိုကိုးအိမ်(မန္တလေး) said...

ဆရာမရေ နောက်ဆို အန်တီငြိမ်းလို့ ခေါ်တော့ဘူး အန်တီခက်လို့ပဲခေါ်တော့မယ် ရပြီနော်...


ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

ဘလော့ပိုင်ရှင် ဒေါ်မေငြိမ်း


ဗိုလ်ချုပ်တွေနဲ့ ပတ်သက်တဲ့ မြန်မာလူမျိုးတွေဟာ တိုင်းပြည် သစ္စာဖေါက် စာရင်းသွင်းခံရပါတယ်။ သူတို့ရဲ့ သားသမီးတွေလည်း အနောက်ဖက်နိုင်ငံတွေမှာ နေခွင့်မရအောင် လုပ်တာခံခဲ့ရပါတယ်။ အခုဆိုရင် အနုပညာရှင်တွေလည်း ဗီဇာ ပိတ်ခံခဲ့ရပြီ။ သခင်ကရင်တွေကလည်း DKBA ကို နအဖနဲ့ ပေါင်းသင်းတဲ့အတွက်. . သူတို့ကိုယ်တိုင်က ဆဲဆိုပြီး နှိပ်ကွပ်နေတာ ခင်ဗျားတို့သိပါတယ်။ ဒီလုပ်ရပ်တွေကို မှန်ကန်တယ်လို့ ယူဆပြီး . . . ထောက်လဲ ထောက်ခံတယ်

ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ကျောသား ရင်သား ခွဲခြားတာတွေ မလုပ်သင့်ဘူး။ မေးချင်တာက နအဖ လက်ကိုင်ဒုတ် ပလီဆရာတွေနဲ့ မွတ်ဆလင် အသင်းအဖွဲ့ ခေါင်းဆောင်တွေရဲ့ သားသမီးတွေကို အနောက်နိုင်ငံကနေ နှင်ထုတ်ဖို့ လှုပ်ရှားမှု ဘယ်တော့ စတင်မလဲဆိုတာ သိချင်ပါတယ်။ နအဖ ရွေးကောက်ပွဲကို ထောက်ခံနေတဲ့ မွတ်ဆလင်အဖွဲ့တွေ နဲ့ စီးပွားရေးသမားတွေ အများကြီးရှိပါတယ်။ ဒီစာရွက်မှာ ရှေနေကုလား သန်းတင်က ပလီတွေဆောက်ခွင့်နဲ့ အခွင့်ထူးတွေပေးရင် . . နအဖရဲ့ မတရားတဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ ဗြောင်ကြီးကို စည်းရုံးထားတယ်။ ပလီဆောက်ခွင့်ရရင် ကလိမ်ကကျစ်ကျတဲ့ ရွေးကောက်ပွဲကို ထောက်ခံကြပါလို့ စည်းရုံး ပြောဆိုချက်ဟာ လူကျင့်ဝတ်နဲ့လုံးဝကို မကိုက်ညီပါဘူး။ မြန်မာပြည်မှာ ခိုကပ်နေတဲ့ ကုလားတွေက. .. အိမ်ရှင်မြန်မာတွေကို စစ်ကျွန်ဖြစ်အောင် လုပ်တဲ့ ကိစ္စဟာ ဘယ်လောက်အထိ ကောက်ကျစ်လဲဆိုတာ စဉ်းစားကြည့်ပါ။

တောင်ဥက္ကလာပ မှာလဲ ပလီဆောက်ခွင့်ရရှိရေးအတွက် နအဖနဲ့ အပေးအယူလုပ်ခဲ့လို့ အခုဆိုရင် ပြဿနာတက်နေပါတယ်။ ရခိုင်ပြည်နယ်မှာလဲ မွတ်ဆလင်တွေဟာ နအဖရဲ့ မတရားတဲ့ရွေးကောက်ပွဲကို အဓိက ကူညီနေကြပါတယ်။ မွတ်ဆလင်ကြီးဆိုးနိုင်ရေး အတွက် ရွေးကောက်ပွဲကို ထောက်ခံပါဆိုပြီး မရှက်မကြောက် ပြောနေကြပြီ။ ခင်ဗျားတို့က ဦးခင်မောင်ဆွေလို တိုင်းပြည်အတွက် ထောင်ထဲမှာ နေလာခဲ့သူကို နအဖ ရွေးကောက်ပွဲထောက်ခံတဲ့အတွက် နှစ်ပြားမတန်အောင် ပြောဆိုကြပါတယ်။ ကျုပ်တို့ဆီမှာ ခိုကပ်နေတဲ့ ကုလားတွေက အားကျိုးမာန်တက် နအဖ ရွေးကောက်ပွဲ ထောက်ခံနေတာကို ခင်ဗျားတို့က ဘာလို့ ပါးစပ်တွေ ပိတ်နေတာလဲ? ကုလားကိုကြောက်ပြီး .. . မြန်မာအချင်းချင်းပဲ ရန်ဖြစ်ရဲတဲ့ အိမ်ကျယ်စိတ်ဓါတ်ကို မြင်တွေ့နေရတာလား? ဒီမိုဘက်တော်သားပါလို့ ပြောနေတဲ့ ကုလားတွေကလည်း ကုလားအချင်းချင်းဆိုတော့ မသိဟန်ဆောင်နေပြီ။

မြန်မာတွေကိုပဲ အရေးယူတယ်.. ပြစ်ဒဏ်ပေးတယ်ဆိုတာမျိုးလုပ်နေပြီး ကုလားကို ဘာမှ မလုပ်ဘူးဆိုရင် ကျုပ်တို့ မြန်မာမျိုးချစ်တွေက ဘယ်လို မြင်လာမလဲဆိုတာ နည်းနည်းတော့စဉ်းစားပါ။ ဖြောင့်မတ်တဲ့ စိတ်ထားခင်ဗျားတို့မှာ မရှိရင် အားပေးထောက်ခံတဲ့သူတွေ နည်းသွားလိမ့်မယ်။ ဘာသာရေးနဲ့ နိုင်ငံရေး မပတ်သက်ဘူးဆိုတာ လက်ခံရင်.. ပလီဆရာတွေနဲ့ မွတ်ဆလင်အဖွဲ့တွေ နိုင်ငံရေးမှာ ပတ်သက်နေတာကို ဆန့်ကျင်ပေးကြပါ။ ထပ်မေးချင်ပါတယ်. . . နအဖ လက်ကိုင်ဒုတ် ပလီဆရာတွေနဲ့ မွတ်ဆလင် အသင်းအဖွဲ့ခေါင်းဆောင်တွေရဲ့ သားသမီးတွေကို ဘယ်တော့ အနောက်ဖက်ကနေ နှင်ထုတ်ဖို့ လှုပ်ရှားမှု စတင်မလဲဆိုတာ ဖြေပေးကြပါ။ ဒီမိုဘလော့ပိုင်ရှင်ဆိုရင်တွေလဲ . . နအဖနဲ့ ပေါင်းသင်းနေတဲ့ ကုလားတွေကို ဆန့်ကျင် ရှုံ့ချမှုကို စတင်ပြီးလုပ်မလဲဆိုတာ ဖြေပေးပါ။


မြင့်မြတ်သည့်မြေမှာ ယုတ်ညံ့သည့်မွတ်ဆလင်ဝါဒမရှိစေရ
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★