Jan 22, 2011

မစိမ်းလန်းနိုင်တဲ့ ရာသီခွင်



အမှန်တရားဘက်ကပါ.. တဲ့
ပြီးတော့ဖြင့်
အမှားတရာကို ကျကျနန သိမ်းထုပ်လို့။
ဒီတလော.. ရယ်စရာတွေ များ များ များ
ကိုယ်ပိုင် ရယ်စရာရှိသူတွေကလည်း
ဟိုမှာ ဒီမှာ ရယ်စရာတွေချည်းဆိုပဲ..
ကိုယ့်ရယ်ရသကွာ.. ။
တလောကလုံး ရယ်စရာတွေနဲ့ ဖုံးလို့။

ဖာတလုံးခေါင်းကျားကတော့
အို.. အသင်လောက… တဲ့။
လောကကြီးက မတရားပါဘူးရှင်.. လို့
ပြည့်တန်ဆာ မချိုက “မွန်းတည့်ချိန်တွင် နေ၀င်သည်”.. မှာ ပြောတယ်
ဆိုက်ကားဆရာ ကိုကျော်ကတော့ လောကကြီးက သူ့ဘာသူနေတာ အပြစ်မရှိဘူး..
အပြစ်ရှိတဲ့လူတွေကသာ လောကကြီးကို လွှဲလွှဲချနေတာ..တဲ့။

အပင်တွေ မစိမ်းလန်း
ပန်းတွေ မပွင့်
စမ်းရေလည်း မစီးနိုင်တော့တဲ့
ခုလို အေးခဲခဲ ဆောင်းရာသီဆို
အလိုလို ငိုချင်တာပဲ.. စိတ်ကျ။

အရေးထဲမှာ..
ဝန်းကျင်တခိုဆိုတာကလည်း
ပြိုမလို မှိုင်းရီ…
အို...အသင်လောကဆိုတာကြီးကလည်း
ကြယ်မြင် လမြင်..။

မမ ပြုံးတာ အားရ ပါးရ.. တဲ့။
တကယ်က
အမုန်းတွေကို လှတ ပတ ခြယ်သထားတာ..။
ဒီလိုကာလကြီးထဲ..
ဘယ်လိုများ လန်းနိုင်မလဲကွယ်..။

၂၂ ဇန်န၀ါရီ ၂၀၁၁။


3 comments:

Nyi Linn Thit said...

အင်း..အမတော့ အမေရိကားရဲ့ဆောင်းမှာ အလူးအလှိမ့် ပဲ ထင်ပါရဲ့...၊ :)

အင်း...ဒီက ဆောင်းတွေကတော့ မငိုချင်တဲ့သူတောင် လက်တို့ခံရရင် ခပ်မဲ့မဲ့နဲ့ ရှိုက်ချင် ရှိုက်မိသေးတာ ကလား...၊ ကဗျာလေး ကြိုက်တယ်အမ...။

zue said...

ဆရာမ
အမြဲရောက်ဖြစ်ပါတယ်..
ကဗျာလေး ဖတ်ပြီး ခံစားသွားပါတယ်..

သိင်္ဂါကျော် said...

နှင်းတွေ နှိပ်စက်လို့ အရွက်တွေ မဝေနိုင် မစိမ်းနိုင်တဲ့ ရာသီပဲနော်..
ဆောင်း မြန်မြန် ကုန်ပါစေလို့ ဆုတောင်းနေသလား ဆရာမ...