May 29, 2007

ပန်းချီဆရာ တမ်းချင်း














Edvard Munch - The Scream





















Vincent Vangoh - The Sunflower














Vincent Vangoh - The Potato Eaters



သူ့ရှေ့မှာ
ဗင်းဆင့်ဗန်ဂိုး
ဘ၀ပဲဆိုးလို့လား
ဒါမှမဟုတ်
ဘ၀ထဲရိုးသွားလို့လား
ပြောင်းခင်းတွေကြားမှာ
သေခြင်းရဲ့ အရသာကို ရွေးခဲ့တယ်။
အဲဒီနောက်မှာမှ
ကြယ်တွေစုံတဲ့ည
နေကြာပန်းနဲ့
အာလူးစားသူများဆီမှာ
ဗန်ဂိုးကို တွေ့ကြ
ကမ္ဘာဟာ
အဲသလို လှောင်ရယ်စရာကောင်းရဲ့။
အက်ဒ၀ပ်မွန့်ခ်ကတော့
ဒါကို
တံတားပေါ်ကနေ အော်ခဲ့တယ်….။
ဟောဒီမှာလဲ
နှလုံးသွေးနဲ့ ရေးတာပါပဲ။
ဗမာပြည်က
နုံ့နဲ့ရရှာတဲ့ ပန်းချီဆရာ
မှော်ပေါက်အလင်းကမ္ဘာကို
သူရှာတွေ့ခဲ့တာ ကြာပေါ့။

ဒါပေမဲ့
သူဖြန့်ဝေတဲ့အလင်းက
တောက်ပလွန်းသတဲ့..
စူးရှလွန်း
ထင်းပြက်လွန်း
အလှမ်းဝေးလွန်းလှသတဲ့။
သူ့နှလုံးသွေးနဲ့ ရေးတဲ့ပန်းချီ ညှီသတဲ့။
ကျနော်..ဘာပေးရမလဲ
ကျနော်ဘာပေးရမလဲ…………..
ခင်ဗျားတို့လိုချင်တာ..ဘာလဲ
အနုပညာဆိုတာ
သူလိုချင်တာပေးဖို့လား..
ကိုယ်လိုချင်တာကို ယူဖို့လား…
ပန်းချီဆရာက
အားရပါးရ
ဟားတိုက်ရယ်မောရင်း
ဗင်ဂိုးကိုတ..
မွန့်ခ်ကိုတ..
နောက်ဆုံးသစ်ရွက်ကိုတ..။

ဒီတခါ ကမ္ဘာကို
ငါကဦးအောင်လှောင်မတဲ့။
ဒီလိုနဲ့ပဲ………………..
မိုးမှောင်ကျခဲ့ပြီ။


(ကမ္ဘာပြားပြီဆိုတဲ့ ခေတ်ကြီးထဲ
တကယ့်ကို နှလုံးသွေးနဲ့ ပန်းချီရေးတဲ့၊ တန်ဖိုးရှိတဲ့ အနုပညာသမားတစ်ယောက်…
သူ… ခေတ်ရှေ့ကိုပဲ ရောက်လွန်းခဲ့တာလား..
စနစ်တကျနည်းပညာဆိုတာတွေထဲပဲ မပျော်ဝင်နိုင်ခဲ့တာလား…
ပန်းချီဆိုတဲ့ အနုပညာကို စက်နဲ့လုပ်တဲ့ခေတ်ထဲမှာ…..

ခုတော့..
သူနေမကောင်းတော့ဘူး..တဲ့။
သူ…. နေမကောင်းတော့ဘူး။

တကယ်တမ်း
သူရိုးသားစွာ ရူးသွပ်ခဲ့တာပန်းချီဆိုတဲ့ အနုပညာမှော်ရုံတောမှာပါ။

ပန်းချီကိုပဲ ရူးရူးသွပ်သွပ် တပ်တပ်မက်မက် စွဲလမ်းဖက်တွယ်ခဲ့တဲ့
ပန်းချီဆရာတစ်ယောက်(ကျမရဲ့ သူငယ်ချင်း) သိပ်နေမကောင်းတော့ဘူး
ဆိုတဲ့သတင်း ကြားရတယ်။
ဒါနဲ့ပဲ စိတ်ထိခိုက်စွာ..ဒီကဗျာကို ရေးဖြစ်ပါတယ်။)(၂၅၊မေ။၂၀၀၇)

Vincent Vangoh - ဒတ်ခ်ျလူမျိုး ပန်းချီကျော်။(၁၈၅၃-၁၈၅၀)
Edvard Munch - နော်ဝေးလူမျိုး ပန်းချီကျော်။(၁၈၆၃-၁၉၄၄)
နောက်ဆုံးသစ်ရွက်-(The last Leaf) O’Henry ရဲ့ ပန်းချီဆရာအကြောင်း
ရေးထားတဲ့ ၀တ္ထုတို။

1 comment:

မေဓာဝီ said...

ဒီကဗျာလေး ဖတ်ရတာ စိတ်မကောင်းလိုက်တာ အမရယ် … ။
အနုပညာသမားတွေရဲ့ နှလုံးသားက ထိရှလွယ်တယ်နော်။
ဒီလိုနဲ့ပဲ လူမသိ သူမသိ မိုးမှောင်ကျခဲ့တဲ့ အနုပညာရှင်တွေ … ဘယ်လောက်များ ရှိနေအုံးမလဲ လို့ ဒီကဗျာဖတ်ပြီး တွေးနေမိပါတယ်။