May 19, 2007

အနာသည်

ဒီလောက်ဝေးကွာနေတာတောင်
အဲဒီပူဆွေးသောက
ငါမြည်းစမ်းလို့ရတယ်။
ခါးသက်ခါးသီး
ရိုးတံတွေနဲ့ ချွန်ထက်
သူ မင်းကို မျိုချခိုင်းခဲ့တယ်။(phillip largin- British Poet)

ငါယုံပါတယ်...
အဲဒီလမ်းမဲမဲတွေပေါ်မှာ
ချွေးသန်တွေ
စိတ်ကျဒဏ်တွေ
တရွှဲရွှဲနဲ့ဆိုတာ။

အနိုင်ရလိုမှုမပါတဲ့
အရက်ခွက်တွေ
အချင်းချင်းထိခတ်နေ...
ချီးယာ့စ်တွေထဲမှာတော့
မျက်ရည်တွေ စွန်းပေနေပေလိမ့်မယ်။

ဒီမှာ
မင်းရိုက်ခွဲလိုက်တာ
ကားမှန်တချပ် ...(မဟုတ်ဘူး)
မင်းသူငယ်ချင်းရဲ့ခေါင်း...(မဟုတ်ဘူး)

မင်းနာကျင်နေတာ
လေးလုံးစပ်ကဗျာ...(မဟုတ်ဘူး)
မင်းတို့အနားက ထွက်ပြေးသွားတဲ့ငါ...(မဟုတ်ဘူး)

မင်းလိုချင်နေတာ
ချိုးဖြူတမန်...(မဟုတ်ဘူး)
သံလွင်တစ်ခက်...(မဟုတ်ဘူး)

မင်းပူလောင်နေတာ
ယွတ်ပီတွေအတွက်လား...(မဟုတ်ဘူး)
ဇစ်ပီတွေအတွက်လား...(ဒါလဲ မဟုတ်သေးဘူး)

တကယ်တော့
အဲဒီထိပ်တုံးကြီးက
ငါတို့အားလုံးကို ခတ်ထားတာပါကွာ...
ခုချိန်မှာတော့
လောင်းထည့်သမျှတွေကို
မျိုမျိုချနေရုံကလွဲလို့။

မေငြိမ်း
ဇန်န၀ါရီ၊၂၀၀ရ။


ဒီကဗျာလေးကို အိုးဝေစင်္ကာပူမှာ တင်ခဲ့တာပါ။
X- Generation, Y- Generation, Z-Generation တွေလို့ မျိုးဆက်တွေ ၇ှိတာမှာ ယွတ်ပီဆိုတာက
Y- Generation,ကို ပြောတာပါ။ ဇစ်ပီဆိုတာက ITခေတ်မှာ ကြီးပြင်းရတဲ့ Z-Generation တွေကို ပြောတာပါ။
ကျမတို့တတွေ အချင်းချင်း အငြင်းပွားကြ ရန်တွေဖြစ်ကြဖြစ်နေတာ ဘယ်အတွက်လဲ ဆိုတာကို တွေးမိ ခံစားမိရာကနေ ဒီကဗျာကို ရေးဖြစ်သွားခဲ့တာပါပဲ။
တိုက်တိုက်ဆိုင်ဆိုင် ကလိုစေးထူးကလဲ ဒီအချိန်တွေမှာပဲ ငြင်းခုန်ခြင်းကိစ္စတွေကို ခံစားထားတာတွေ့လို့
ဒီကဗျာလေးကို တင်လိုက်ပါတယ်။

5 comments:

ကလိုစေးထူး said...

ဟီး.. ဆရာမကတော့ ကျနော့်ကို ရန်တိုက်ပေးနေပြီ။
ကျနော်ပြောတဲ့ တော်ရုံလူ နားလည်ပါ့မလားဆိုတာ ကဗျာကို မဟုတ်ဘူးနော်။ ယွတ်ပီတို့ ဇစ်ပီတို့ကို ပြောတာ။ :D နားလည်ပြီးသား လူတွေတွေ့ရင် မင်းမသိတာနဲ့ ငါတို့ပါ မသိဖြစ်ရောလားကွဆိုပြီး စာအုပ်ကြီးတွေ တကိုင်ကိုင်နဲ့ လာသမတော့မှာပဲ။
အခုတလော ကံကမကောင်းတာနဲ့ အလိုလိုနေရင်းနဲ့ အဆဲခံနေရလို့ တယိစ်ယိစ်နဲ့ အားတင်းနေရတာ။
မည်သို့ပင်ဖြစ်စေ….
ယိစ်(((((
:D

Anonymous said...

ဆရာမရေ... အနာသည်ဖတ်ပြီး နာလို့ ပြန်သွားပါသည်။

ကိုစေးထူးကြီး ယိစ် လှ ချည်လား။

စကားမစပ် ကျွန်တော် Technicolor ဒေါင်းဋီကာ တစ်ပုဒ် စပ်ထားတယ်၊ မတန်မရာလို့တော့ အပြောခံရနိုင်တယ်။ ဒါပေမယ့် မနေနိုင်လို့ ချရေးလိုက်တယ်၊ ဝေဖန်ပေးပါဦး။

မေဓာဝီ said...

ဆရာမ ရေ .. ကဗျာလေး အရမ်းကောင်းပါတယ်။
နောက်ဆုံးပိုဒ်လေး အကြိုက်ဆုံးပဲ။
ကျေးဇူးပါ ဆရာမ။

sisain said...

ဆရာမ ရဲ့ ဘလော့ခ်ဆိုတာ ကော့မက်တွေလိုက်ဖတ်မှ သိလိုက်ရပါတယ်။ အလွန်လဲ ၀မ်းသာသွားပါတယ်။ များများရေးနိုင်အောင် ဆုတောင်းပေးပါတယ်ခင်ဗျာ-
(ရသမတူတဲ့ ကဗျာနှစ်ပုဒ်ကလည်း ဖတ်ရတာ ကောင်းလိုက်တာ)
ကျေးဇူးတင်ပါတယ် ဆရာမ-

Yan said...

အနိုင်ရလိုမှုမပါတဲ့
အရက်ခွက်တွေ
အချင်းချင်းထိခတ်နေ...
ချီးယာ့စ်တွေထဲမှာတော့
မျက်ရည်တွေ စွန်းပေနေပေလိမ့်မယ်။

အဲဒီ့အပိုဒ်ကို သိပ်ကြိုက်တယ် ဆရာမ…
Paradox ကိုပေါ်လွင်အောင် ရေးပြသွားတာပဲ. အရက်ခွက်ကို အရှေ့ကနေ အထူးပြုထားတဲ့ စကားလုံးလေး သိပ်လှတယ်. ဖတ်ကြည့်လေ အဓိပ္ပါယ် ပိုမိုသက်ဝင်လာလေပါပဲ

ဆရာမရဲ့ ဘလော့ဂ်ကို မအိမ့်ချမ်းမြေ့ဆီက တွေ့လို့ လာလည်ဖြစ်သွားတယ်. ဆရာမလို ပညာရှင်တစ်ယောက် ဘလော့ဂါလောကထဲ ၀င်ရောက်လာတဲ့အတွက် အတိုင်းမသိအောင် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်…

ငြင်းခုန်ခြင်းတွေရဲ့ အသံတွေ နည်းနည်းစဲစပြုချိန်မှာ ကျွန်တော် ဘလော့ဂ်စရေးဖြစ်ခဲ့တယ်. ခုချိန်မှာလည်း သူ့နေရာနဲ့သူ ထိကြငြိကြတာလေးတွေ ရှိနေတုန်းပါပဲလေ. ဒါကို ဆရာမက ခုလို ကဗျာလေးတစ်ပုဒ်နဲ့ သွန်သင်လမ်းပြပေးတဲ့အတွက် အားလုံးကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ…

ဆရာမရဲ့ ဘလော့ဂ်ကိုလည်း လင့်ခ်ချိတ်ခွင့်ပြုပါလို့ ခွင့်ပန်ပါတယ်..

လေးစားစွာဖြင့်
ရန်အောင်.