Feb 6, 2008

သီးလေးသီးးးး

သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ တောင်ကိုရီးယား သို့ အောင်မြင်စွာရောက်ရှိ
၂၀၀၈ ၊ဖေဖော်ဝါရီလ (၆)ရက် ၊ဗုဒ္ဓဟူးနေ့
အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ကိုရီိးယား

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများကို ဖျော်ဖြေရန်အတွက် ဟာသ အနုပညာရှင် ဂေါ်ဇီလာ ဦးဆောင်သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် ထိုင်းနိုင်ငံ ရှိ ကိုရီးယားသံရုံးနှင့် တွေ့ဆုံရင်ဆိုင်ခဲ့ရသော ကိုရီးယားပြည်ဝင်ခွင့်ဗီဇာ ငြင်းဆန်ခံရမှု၊ ကိုရီးယားနိုင်ငံဘက်မှ အစိုးရအာဏာပိုင်များမှနေ၍ ထိုင်းနိုင်ငံရှိ ကိုရီးယားသံရုံးအား အထူးဖိအားပေး၍ နာရီပေါင်း(၈)နာရီအကြာတွင် ကိုရီးယားပြည်ဝင်ခွင့်ဗီဇာ ရပြန်သော်လည်း ကိုရီးယားနိုင်ငံအရောက် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နာရီပေါင်း (၄)နာရီမျှ ကြာအောင် လေဆိပ်အတွင်းမှပြင်ပသို့ ထွက်ခွာခွင့်မပေးဘဲ စောင့်ဆိုင်းနေရခြင်း အစရှိသည့် အဆင်မပြေမှုများနှင့် အနှောက်အယှက်အတားအဆီး အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်၍ ကိုရီးယားနိုင်ငံအတွင်းသို့ ယနေ့မနက် ဒေသစံတော်ချိန် (၁၁)နာရီ အချိန်တွင် ထိုင်းနိုင်ငံမှတဆင့်ရောက်ရှိလာခဲ့ပြီး မနက်ဖြန် ဖေဖော်ဝါရီလ (၇)ရက်နေ့ မွန်းလွဲ (၁)နာရီမှညနေ(၅)နာရီအထိ ကိုရီးယားနိုင်ငံ ဖူချွန်းမြို့ ၀မ်မီဂုချွန်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်မည့် (၆၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဖျော်ဖြေပွဲကို ဂျပန်နိုင်ငံမှရောက်ရှိလာသည့် မင်္ဂလာဒိုး အနုပညာအင်အားစုနှင့်အတူ ဖျော်ဖြေရန် အသင့် ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

1 comment:

Unknown said...

မြန်မာ Pass post နဲ့ ဗီဇာလျှောက်ရ၊ ခရီးသွားလာရတာ သံရုံးတွေ၊ လေဆိပ်တွေမှာ အမေးမြန်းခံရ အစစ်ဆေးခံရလွန်းလို့ ဘယ်လောက် မျက်နှာငယ်ရတယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးလို့ ဆေးရောင်စုံအဖွဲ့ ကြုံတွေ့ရတဲ့ အခက်အခဲကို ကိုယ်ချင်းစာ စာနာနားလည်မိပါတယ်။ မြန်မာပြည်က ကမ္ဘာမှာ အောက်ကျနောက်ကျ ဖြစ်နေသ၍တော့ ဒီဒုက္ခကို မြန်မာနိုင်ငံသားတိုင်း ခံစားနေရဦးမှာ အမှန်ပါပဲ။