Jun 12, 2009

Unplayed Piano

(ပုံထဲက အချုပ်ခန်းဟာ ဒီပဲယင်း လုပ်ကြံမှုအပြီးမှာ အန်တီစုကို ထားခဲ့တဲ့ အင်းစိန်ထောင်ထဲက အချုပ်တိုက်လို့ ပြောပါတယ်)

Get this widget | Track details | eSnips Social DNA


"Unplayed Piano"
Come and see me
Sing me to sleep
Come and free me
Or hold me if i need to weep
Or maybe it's not the season
Or maybe it's not the year
Or maybe there's no good reason
Why i'm locked up inside
Just cause they wanna hide me
The moon goes bright
The darker they make my night

Unplayed pianos
Are often by a window
In a room where nobody loved goes
She sits alone with her silent song
Somebody bring her home

တေးမသီတဲ့ စန္ဒယား
ငါ့ကို လာတွေ့လှဲ့ပါ။
ငါ့ကို တေးဆိုသိပ်လှဲ့ပါ။
ငါ့ကို လွတ်မြောက်စေလှဲ့ပါ။
တကယ်လို့ ငါငိုမယ်ဆိုရင် ထွေးပွေ့ထားပေးပါ။
ရာသီမတိုင်သေးလို့လား။
အချိန်မတန်သေးလို့လား။
အကြောင်းပြချက်ကောင်း မရှိသေးလို့လား။
တမင်သက်သက်ချုပ်နှောင်ထားချင်သေးလို့လား…
ငါ့ငွေလမင်းက ပိုတောက်ပလေလေ.. သူတို့ ငါ့ညတွေကို အမှောင်ချထားချင်လေလေပေါ့…
ပြတင်းပေါက်ဘေးက တေးမသီတဲ့ စန္ဒယား။
အချစ်မဲ့ အခန်းထဲမှာ။
တယောက်ထဲ တိတ်ဆိတ်စွာ ရင်ထဲမှာတော့ တေးသီနေ။
တစ်ယောက်ယောက် သူမကို ပြန်ခေါ်လာပေးပါ။

Unplayed piano (unplayed piano)
Still holds a tune (still holds a tune)
Lock on the lid (years, years pass by)
In a stale, stale room (in the changing of the moon)
Maybe it's not that easy (too many windows)
Or maybe it's not that hard (in a stale, stale room)
Maybe they could release me (stale, stale room)
Let the people decide
I've got nothing to hide
I've done nothing wrong
So why've i been here so long?

Unplayed pianos
Are often by a window
In a room where nobody loved goes
She sits alone with her silent song
Somebody bring her home

တေးမသီတဲ့ စန္ဒယား..
နှစ်များစွာ သော့ခတ်ပိတ်ထားပေမဲ့ သံစဉ်တွေ ရှင်သန်နေဆဲ
ငွေလမင်းရဲ့  ပြောင်းလဲနေမှုအောက် လတ်ဆတ်ခြင်းကင်းမဲ့ အခန်းထဲမှာ
ပြတင်းပေါက်တွေ ရှိပေမဲ့ မလင်းပွင့်နိုင်ပါဘူး..
လှောင်ပိတ်နေတဲ့အခန်းထဲမှာပေမဲ့လည်း မမှုပါဘူး..
သူတို့ ငါ့ကို လွှတ်ပေးနိုင်ပါလိမ့်မယ်။
လူထုကိုသာ ဆုံးဖြတ်ခွင့် ပေးလိုက်ပါ။
ငါ့မှာ ဘာမှ ဖုံးကွယ်ထားစရာ မရှိ။
အပြစ်တွေလည်း မရှိ။
ဘာကြောင့် ငါ့ကို ကာလကြာရှည် ချုပ်နှောင်ထားသလဲ…

ပြတင်းပေါက်ဘေးက တေးမသီတဲ့ စန္ဒယား
အချစ်မဲ့ အခန်းထဲမှာ
တယောက်တည်း တိတ်ဆိတ်စွာ ရင်ထဲမှာတော့ တေးသီနေ
တစ်ယောက်ယောက် သူမကို ပြန်ခေါ်လာပေးပါ။
Unplayed piano (bring her home)
Still holds a tune(bring her home)
Years pass by
In the changing of the moon

တေးမသီတဲ့ စန္ဒယား
နှစ်လတွေ ကြာညောင်းခဲ့ပေမဲ့
သံစဉ်တွေ ရှင်သန်နေဆဲ………….


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အားလပ်တဲ့ အချိန်တွေမှာ စန္ဒယားတီးလေ့ရှိပါတယ်။ ခုချိန်မှာတော့ ပြည်သူလူထုရဲ့ ဆင်းရဲသောကကို ပြည်သူလူထုနဲ့ထပ်တူ ခံစားနေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ စန္ဒယားတီးနိုင်ပါဦးမလား..။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကရော တေးမသီနိုင်တဲ့ စန္ဒယားဖြစ်နေလေမလား..။ အဲဒီစန္ဒယားဟာ မြန်မာတနိုင်ငံလုံးအနှံ့ပျံ့အောင် ခွန်အားရှိတဲ့ လွတ်လပ်ရေး ငြိမ်းချမ်းရေး တေးသီချင်းတွေ သီကြွေးခဲ့တဲ့ စန္ဒယားပါ။ အဲဒီ စန္ဒယား ပြန်ပြီး တေးသီနိုင်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ….။ Damien Rice ကတော့ 'Somebody bring her home' တယောက်ယောက်က သူ့ကို ပြန်ခေါ်လာပေးပါ.. လို့ တိုက်တွန်းထားပါတယ်ရှင်..။
(၁၁ဇွန် ကြာသပတေးမနက်က VOA မြန်မာပိုင်းမှာ လွှင့်ခဲ့တာပါ ။ ဒီသီချင်းဘာသာပြန်ရာမှာ သူငယ်ချင်း ကိုဇော်ဇော်က ကူညီပေးပြီး ဆရာဦးကျော်ဇံသာက တည်းဖြတ်ပေးခဲ့ပါတယ်။)


7 comments:

Nay Lin said...

ဆရာမ

wow!!! This is what I'm talking about. This is the Best presentation.

one word only want to say..

"BRAVO!!!"

Nay Lin:)

Myo Win Zaw said...

Great SONG
I hope Daw Aung Su kyi will be free soon. She will play piano soon. I believe that...

Hteink Min said...

အဲဒီအခန်းကြီးကိုကြည့်ပြိး ကျွန်တော်တို့အတွက် သူ ဒီလို အကျဉ်းကျနေရတယ်ဆိုတာ စဉ်းစားပြီး မျက်ရည်တောင် ကျတယ်။း(

Nge Naing said...

ဆရာမရေ မအားတဲ့အချိန်နဲ့ တိုက်နေလို့ သိပ်မရောက်ဖြစ်ဘူး။ ပို့စ်နှစ်ခုစလုံးအတွက် မကျက်ရည် ကျမတတ်ခံစားပါတယ်။

တန်ခူး said...

တိတ်ဆိတ်ငြိမ်သက်နေတဲ့ စန္ဒရားလေးအတွက်…

lelewah said...

အန်တီငြိမ်းရေ။ နောက် 3 ရက်(2009 / ဇွန် / 19) ဆိုရင် အမေ့(၆၄)နှစ်မြောက်မွေးနေ့ရောက်ပြန်ပြီ။ အမေခုချိန်ထိ သူ့မွေးနေ့ကို ငြိမ်းငြိမ်းချမ်းချမ်း မလုပ်ရသေးဘူး။ သူ့တိုင်းပြည်ထဲမှာ သူ့သားသမီးတွေနဲ့ အေးအေးဆေးဆေး မွေးနေ့မှာ ဘုရားတက်ဝတ်ပြု ဒါနပြုဖို့ကို သမာရိုးကျလေးတောင် အမေလုပ်ခွင့် မရသေးဘူး။ အမေ့စိတ်ဓါတ်၊ဇွဲ၊သတ္တိ၊ခံနိုင်ရည်၊ပြီးတော့ ကြီးစွာသော မေတ္တာတရား ဘယ်လိုရှာဖွေပြီးထပ်တွေ့နိုင်ပါ့အုံးမလဲ။ အမေ့ကိုချစ်တယ်။ ဒီထက်ပိုပြီး ပြောမတတ်ပေမယ့် အမေ့ကို လွတ်လပ်စေချင်ပြီ။ အမေ့ကိုအေးအေးဆေးဆေးနေစေချင်ပြီ။ ကိုယ့်ပြည်အရေးကလည်း လှိုက်လှိုက်ပြီးပူနေတာမို့ အမေ့အနား မနေရဘဲ ဒီလိုအဝေးကနေပဲ ဆုတောင်းနေရုံမှတပါး.............

De said...

Teachel,
happy birthday lately .
I was busy to fixed in new place. ssorry i forgot to tell you i had link your blog .
love.
De