ရွာသားလေးက နောင်လာမယ့် အနှစ်နှစ်ဆယ်…လို့ Tag တော့ တကယ်ကြီး ကြီးပြင်း လိုက် ရမယ့် အနှစ် ၂၀ကို တွေးပြီး ရင်ထဲ လေးတေးတေး ဖြစ်နေမိပါတယ်။ သူတို့ကတော့ နောင်လာမယ့် အနှစ်နှစ်ဆယ်မှ ဘ၀စတတ လူတွေဆိုတော့ ရေးအားရှိသပေါ့..။ ကျမမှာတော့ နောင်လာမယ့် အနှစ်နှစ်ဆယ်ဟာ တကယ့်ကို When I’m 64 ပါ..။ တိုက်တိုက်ဆိုင်ဆိုင် ဒီဇွန်လမှာ ကျမ အသက် ၄၄နှစ်ပြည့်တာလေ။
မနှစ်တုန်းကတော့ အန်တီစု ၆၃နှစ်ပြည့် မွေးနေ့အတွက် ရည်စူးပြီး ကျမ စာတပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီ တုန်းကတော့ ၂၀၀၉ ဟာ အန်တီစု အသက် ၆၄နှစ်ပြည့်မယ့်နှစ်..။ ပြီးတော့ တရားသဖြင့်အတိုင်းဆိုရင် အန်တီ အကျယ်ချုပ်ဘ၀ကနေ လွတ်ကို လွတ်ရမယ့်နှစ်လို့ မျှော်လင့်ချက်တွေနဲ့…။ အန်တီစုရဲ့ ၆၄နှစ်ကို ရည်စူးပြီး ကျမကြိုက်တဲ့ Beatles တေးဂီတအဖွဲ့ရဲ့ when I am 64 သီချင်းလေးနဲ့ ဆက်စပ်ပြီး ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်။ ခုတော့ မထင်မှတ်ပါဘဲ ရွာသားလေးက Tag လေတော့ ကိုယ့်ရဲ့ ၆၄နှစ်ဆီကို မှန်းပြီး ရေးရ ပါတော့မယ်။ ကျမ အသက် ၆၄ထိ နေခွင့်ရနေဦးမယ်ဆိုရင်ပေါ့..။ (အဲဒီသီချင်းလေး မကြာခဏဆိုတဲ့ ကျမအဖေ ကတော့ အသက် ၅၆နှစ်မှာ ဆုံးနှင့်ရရှာပါတယ်)။
+++++
၂၀၂၉………….။
သားကြီးတောင် အသက် ၄၀နားနီးနေပြီ။ သားအငယ်ဆုံးလေးတောင် ၂၆နှစ်ရှိပြီပဲ..။ အသက် အစိတ်ကျော် ဆိုတော့ ပုခက်ချိတ်နေလောက်ရောပေါ့။ အသက် ၃၀ သမီးလတ်ကလည်း တော်တော် အားကိုးရနေလောက်ပြီ။ ပြီးတော့ ကျမ ပေါင်ပေါ်တက်ထိုင်မယ့် မြေးတွေ ဘယ်နှစ်ယောက်လောက် ရနေမလဲ…။ တိုင်းတပါးမှာမို့ မြေး တွေက when I am 64 ထဲက Vera, Chuck နဲ့ Dave တို့လို အသားရောင် အဖြူတွေ အနီတွေ အ၀ါတွေ အမည်းတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ကလေးမှန်သမျှကတော့ ချစ်ဖို့ကောင်းမှာချည်းပါပဲ..။ ဒါပေမဲ့ မြေးတွေက အဖိုးကို ပိုချစ်မယ် ထင်ပါတယ်..။ အဖိုးက သူတို့ကို အလိုလိုက်အကြိုက်ဆောင် စိတ်ရှည်လက်ရှည် ထိန်းမယ့်သူလေ..။ ဖွားအေ ကျမကတော့ ခပ်အေးအေး ခပ်ဖယ်ဖယ် နေတတ်သူ ဆိုတော့..။ အားလပ်ရက်လေးတွေမှာတော့ သားသမီးတွေ မြေးတွေနဲ့ နေချင်ပါတယ်။ ဒါပေမဲ့ စာရေးချိန် စာဖတ်ချိန်တွေဆိုရင်တော့ နားအေးပါးအေးပဲ နေချင်တယ်။ အဖိုးကြီးအဖွားကြီး နှစ်ယောက် လဘက်ရည်လေးသောက်…။ စာအုပ် တယောက် တအုပ်စီနဲ့ ဖြစ်ဖြစ်..။ ကျမက စာရေးနေတုန်း သူက ပန်းပင်လေးတွေ စိုက်လို့ပဲဖြစ်ဖြစ်..။
သူကတော့ နောင် အနှစ် ၂၀မှာ အသက် ၅၅နှစ်ဆိုတော့ သိသိသာသာ ဖျတ်လတ်တုန်း ရှိဦးမယ် ထင်ပါရဲ့။ ဖြစ်နိုင်ရင် ကျမကတော့ အလုပ်ခွင်ထဲမှာပဲ နေချင်ပါသေးတယ်။ ခုလို အသံလွှင့်ဌာနတခုခုမှာ မဟုတ်ရင် တောင် ကျောင်းတကျောင်းမှာ မြန်မာစာဆရာမ အဖြစ်.. ဒါမှမဟုတ် ပြည်ပမှာ ကိုယ်ဆည်းပူးခဲ့သမျှ ပညာတွေ အတွေ့အကြုံတွေကို ကိုယ့်နိုင်ငံက မျိုးဆက်သစ်တွေဆီ တနည်းနည်းနဲ့ ဖြန့်ဝေရတဲ့ အလုပ်တခုခု လုပ်နေချင်သေးတယ်။ ဒီနိုင်ငံမှာဆိုရင်လည်း ဥပဒေအရ အသက် ၇၀ထိ အလုပ်လုပ် နိုင်သေးရင် လုပ်ခွင့်ရနေမှာကိုး။ သားသမီးတွေ အရွယ်ရောက်ပြီဆိုတော့ အဖိုးကြီး အဖွားကြီးလည်း နားမယ်ဆိုရင် နားလို့ ရပြီ။ ဒါပေမဲ့ အလုပ် မလုပ်ဘဲနဲ့တော့ ကျမ နေနိုင်မယ် မထင်..။ ပြီးတော့ စာအုပ်တွေ ရေးချင်သေးတယ်။ Vacation ရက်တွေမှာ အဖိုးကြီးနဲ့အတူ ခရီးတွေ စုံတကာစေ့ လျှောက် ထွက်ရင်း စာအုပ်တွေ ရေးချင်တာ..။ ၀တ္ထုတွေပေါ့..။ ဖြစ်နိုင်ရင်တော့ လူမျိုးစုမျိုးစုံ ယဉ်ကျေးမှုမျိုးစုံထဲမှာ ရှိနေတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုပဲ ရေးချင်ပါတယ်။
နောင်အနှစ်၂၀မှာတော့ ကျမ ကိုယ့်တိုင်းပြည်ကို ပြန်နေလို့ ရလောက်ပြီ ထင်ပါတယ်နော်..။ အဲလိုဆိုရင်တော့ အဲဒီခေတ်ထဲ ရာသီဥတုတွေ ကမောက်ကမဖြစ်ပြီး ဆိုးလှပြီဆိုတာတောင် ကမ္ဘာပေါ်က တခြားဒေသတွေထက် အများကြီး သာတောင့်သာယာ နေပျော်စရာကောင်းမှာ သေချာတဲ့ မြန်မာပြည်ထဲက ကျမချစ်တဲ့ ကရင် ပြည်နယ် ထဲက မွန်ရွာလေးမှာ ကျမ မကြာမကြာ သွားနေဖြစ်လိမ့်မယ်။ ဇန်န၀ါရီ… ပြာသိုလဆိုရင်တော့ ပုဂံ အာနန္ဒာ ဘုရားပွဲ သွားမယ်။ ဖေဖော်ဝါရီမှာတော့ ကမ်းခြေတခုခုပေါ့..။ ချောင်းသာဆိုရင်တော့ ကျမ ဇာတိ ပုသိမ်နဲ့ နီးမယ်။ မတ်လမှာဆိုရင်တော့ မေမြို့ဘက် တက်မှာပေါ့။ ကျောက်မဲ သီပေါဘက်လည်း ဖေဖေ့ အလွမ်းပြေ သွားချင်သေးတယ်။ ဧပြီဆိုရင်တော့ မန်းလေးသင်္ကြန် ကျရင် ကျ..။ ဒါမှမဟုတ် မန်းလေးသင်္ကြန်ကို အလွမ်းပြေ ငေးရင်း စစ်ကိုင်းမှာ တရားစခန်း ၀င်ရင် ၀င်..။ မေလဆိုရင်တော့ မိုးတွင်း တတွင်းလုံး စားချင်စဖွယ် အစားအသောက်တွေ ပေါလှတဲ့ သံလွင်မြစ်ကမ်းဘေးက ကျမတို့ရွာလေးဆီ အရောက် ပြန်မှာပေါ့။
မိုးအေးအေးမှာ သံလွင် မြစ်ရေဖွေးဖွေးကို မြင်နေရတဲ့ အိမ်ရှေ့ဝရံတာမှာ စာရေးခုံလေးချပြီး စာတွေ ရေးမှာပေါ့။ အဖိုးကြီးးလည်း သူ့ရွာမှာ အဲဒီတော့မှ အတိုးချပြီး ပျော်ပျော်နေလိမ့်မယ်။ လယ်ထဲတောင် သတိတရ ပြန်ဆင်းချင်ဆင်းလို့ ရသေး။ ဒီကြားထဲ တပည့်ဟောင်းတွေ အလွမ်းပြေ တနာရီခရီးပဲ ဝေးတဲ့ မော်လမြိုင်ကို သွားမယ်။ ကျမတို့နှစ်ယောက်ရဲ့ ငယ်ဘ၀ အလွမ်းပြေ ကျိုက္ခမီ စက်စဲသွားမယ်။ မုဒုံ ကျိုက်မရော သွားမယ်..။ အဲသလိုပဲ ကျမတို့ အတိတ်ခြေရာတွေ ထပ်ခဲ့ရာ ဘားအံဘက် လည်ရင်း ကျုံဒိုး ကော့ကရိတ် မြ၀တီ တက်မယ်..။ မဲဆောက်ဘက် အမှတ်တရ ကူးရင်း ထိုင်းစာ သွားစားမယ်..။
သီတင်းကျွတ်ဆိုရင်တော့ ကိုယ့်ရွာလေးဆီ အရောက်ပြန်မှပါ..။ ရွာမှာ သက်ကြီးပူဇော်ပွဲ ရှိတယ်လေ..။ ယောက္ခမတွေ ရှိနေသေးရင် အသက် ၈၇နှစ်မို့ အကန်တော့ ခံရမှာ..။ တကယ်လို့ ကျမအမေ ရှိနေသေး ရင်လည်း ၈၇နှစ်ပေါ့..။ အမေ့ဆီလည်း ပြေးကန်တော့ ဦးမှာ..။ အန်တီစု ရှိနေသေးရင်တော့ ၈၄နှစ်…။ အန်တီစု ကိုလည်း သွားကန်တော့ချင်ပါတယ်။ အဲဒီအချိန် ကျမတို့ တိုင်းပြည်လည်း အေးချမ်းနေလောက်ပြီလို့ မျှော်လင့် ပါရဲ့။
နိုဝင်ဘာဆိုရင်တော့ မြေးတွေကို တောင်ကြီးမီးပုံပျံပွဲ ပို့ချင်တယ်။ ပြီးတော့ အင်းလေး ဖောင်တော်ဦး ဖူးမယ်..။ အေးဆေးတိတ်ဆိတ်ပြီး ရှုမျှော်ခင်းတွေနဲ့ ပန်းတွေ ပန်းချီကားလို လှတဲ့ ကလောကိုတော့ မြေးတွေ သိပ် သဘောကျမယ် ထင်တယ်။ ဒီဇင်ဘာလ ဆိုရင်တော့ ကျိုက်ထီးရိုးဘုရားဖူးချိန်ပေါ့..။ အဲဒီအခါကျရင်တော့ ဆွေမျိုးတွေ အကုန်လုံးကို ကုသိုလ်ဖြစ် စရိတ်ခံပြီး ကျိုက်ထီးရိုးဘုရား ဖူးချင်သေးတာ..။
ကဲ… နောင် အနှစ် ၂၀အတွက် ကျမ သိပ်များ လောဘကြီးနေသလား..။ သေချာတာကတော့ အဲသည် နောင် အနှစ်၂၀ထိ ကျမ.. ခင်ပွန်းသည်နဲ့အတူ ရှိနေခွင့်ရနေသေးရင်… Beatles ရဲ့ When I am 64 ကို ညည်းဆိုလေး ဆိုရင်း သူ့ကို ပြုံးပြုံးလေး ကြည့်ဖို့ကိုတော့ မမေ့မလျော့ လုပ်ရပေလိမ့်မယ်..။

When I am 64 (The Beatles)(ရွာသားလေး Tag ထားတာ အကြာကြီးနေမှ ရေးဖြစ်တာဆိုတော့ ဘယ်သူ့ကိုမှ ထပ် tag မလုပ်တော့ပါဘူး နော်)။
When I get older, losing my hair
Many years from now
Will you still be sending me
a Valentine Birthday greetings, bottle of wine
If I'd been out till quarter to three
Would you lock the door
Will you still need me
Will you still feed me
When I'm sixty four …
You'll be older too
And if you say the word
I could stay with you
I could be handy, mending a fuse
When your lights have gone
You can knit a sweater by the fireside
Sunday morning go for a ride
Doing the garden, digging the weeds
Who could ask for more
Will you still need me
Will you still feed me
When I'm sixty four …
Every summer we can rent a cottage
In the isle of Wight, if it's not too dear
We shall scrimp and save
Grandchildren on your knee
Vera Chuck and Dave
Send me a postcard drop me a line
Stating point of view
Indicate precisely what you mean to say
Yours sincerely wasting away
Give me an answer, fill in a form Mine for evermore
Will you still need me
Will you still feed me
When I'm sixty four…
23 comments:
Sayama,
You are (9 years). younger than me.
I have a lot of time to work, write as much as you can.
I hope so you will.
သေချာတာကတော့ အဲသည် နောင် အနှစ်၂၀ထိ ကျမ.. ခင်ပွန်းသည်နဲ့အတူ ရှိနေခွင့်ရနေသေးရင်… Beatles ရဲ့ When I’m 64 ကို ညည်းဆိုလေး ဆိုရင်း သူ့ကို ပြုံးပြုံးလေး ကြည့်ဖို့ကိုတော့ မမေ့မလျော့ လုပ်ရပေလိမ့်မယ်..။
I like beatles songs so much.
Let me 1st:
When I get older, losing my hair
Many years from now
Will you still be sending me
နောင်လာမယ့် အနှစ်ရောက်၇င် မမေငြိမ်း ဖြစ်ချင်တဲ့ဆန္ဒတွေ အလုံးစုံ ဖြစ်မြောက် နိုင်ပါစေ........... ( mie nge )
ဆရာမရေ မမေ့မလျော့ရေးပေးတာကိုပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
နောင်လာမယ့် အနှစ်နှစ်ဆယ်မှာ ဆရာမမေငြိမ်းရဲ့ မြန်မာပြည်တနံ့တလျားခရီးသွားဆောင်းပါးများလည်း ဖတ်ရှုရမယ်လို့မျှော်လင့်မိတယ်။ ကျနော့ခြံဘက်လည်းရောက်ရင်ဝင်ခဲ့ပါခင်ဗျာ။ တို့ဟူးကြော်ကျွေးပါ့မယ်။
ခရီးရှည်များများသွားဖို့ ဒူးခိုင်ဖို့ဆုတောင်းပေးသွားပါတယ်ခင်ဗျာ :P
အမလေး အစ်မရေ..အဲဒီအနှစ်နှစ်ဆယ်ကို ရေးရမှာ မောနေတာ..:(
အစ်မရေးတာကျတော့ ဖတ်လို့ကောင်းလို့.။ ပျော်စရာလေးတွေနဲ့ စိတ်အေးချမ်းတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ်..အင်း..နဲနဲတောင် အားရှိသွားပြီ..အဟဲ
နောင်လာမယ့် အနှစ်နှစ်ဆယ်မတိုင်ခင်မှာ ဆုံချင်ပါသေးတယ်.. အရင်တုန်းက ဂျီဟောဆောင်ရှေ့ ဖြတ်သွားတိုင်း အချင်းချင်း လက်တို့ရင်း ကြည့်ခဲ့ရတဲ့ အစ်မကို။ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်လောက်က ၀ယ်ပြီးသိမ်းထားဖြစ်တဲ့ ပကတိမြား စာအုပ်လေးမှာ အစ်မရဲ့လက်မှတ်လေးလည်း လိုချင်သေးရဲ့။ :)
ဆရာမရဲ့  အရေးအသားလှလှလေးတွေကို လွမ်းနေတာ။
အခုအလွမ်းပြေသွားပါပြီ။
Beatles ရဲ့ When I’m 64 ကို ညည်းဆိုလေး ဆိုရင်း သူ့ကို ပြုံးပြုံးလေး ကြည့်ဖို့ကိုတော့ မမေ့မလျော့ လုပ်ရပေလိမ့်မယ်..။
................
................
အမနော်..း) ပြုံးသွားတယ်.. အမ ပြောတုန်းက တော့..တညိုးလားလို့.. ဟိဟိ..း)
ဆရာမ
နောင်လာမဲ့ အနှစ် နှစ်ဆယ်ကျရင် ဆရာလဲ စာကို လွတ်လွတ်လပ်လပ် ရေးနိုင်၊ ခရီးတွေ စိတ်ကြိုက် ပျော်ပျော်ပါးပါး ထွက်နိုင်၊ မိသားစု စုံစုံညီညီနဲ့ သိုက်သိုက်ဝိုင်းဝိုင်း နေနိုင်တဲ့ဘ၀ နဲ့ ပြည့်စုံပါစေ။
ဆရာမ
မေလေးက ဆရာမ စာတွေ တိတ်တိတ် လေးလာ ဖတ်နေတာ ကြာပါပြီ ..တခါမှတော့ ခြေရာ မချန် ဖြစ် ခဲ့ဘူး...ဆရာမ ရေးထားတာ ကြိုက်လွန်းလို့ အခေါက်ခေါက်လာ ဖတ်နေတာ ....
“Beatles ရဲ့ When I’m 64 ကို ညည်းဆိုလေး ဆိုရင်း သူ့ကို ပြုံးပြုံးလေး ကြည့်ဖို့ကိုတော့ မမေ့မလျော့ လုပ်ရပေလိမ့်မယ်..။”
ဆရာမ ဖြစ်ချင်တဲ့ဆန္ဒတွေ အလုံးစုံ ဖြစ်မြောက် နိုင်ပါစေ
နောင်အနှစ် ၂၀ ဆို မေလေးလဲ ကြည်နူးရိပ် မှာရှိနေ လောက်ပြီ...
ဆရာမ ကို လာလည်ဖို့ ခုထဲက ဖိတ်တယ်နော်
ဆရာမကို ချစ်ခင်လေးစားတဲ့
မေလေး
ီ
Bino... ဘာပဲဖြစ်ဖြစ်.. Beatles ကို ရင်ခုန်ဖြတ်သန်းခဲ့တာချင်းတော့ သိပ်မကွာ.. Yesterday တို့ Imagine တို့ လည်း ကြိုက်မှာ ထင်ပါ့..။
Mie Nge..
ဆုတောင်းအတွက် ကျေးဇူးတကယ်တင်ပါတယ်။
ရွာသားလေးရေ.. ရေးပေးမယ်လို့ ကတိပေးထားတာကိုးဗျ.. နောင်အနှစ်နှစ်ဆယ်မတိုင်ခင်ရော တို့ဟူးကြော်လာစားလို့ မရဘူးလားအေ့..။ :)
နွယ်ရေ...
များများအားရှိပါ..။ နောင်မျိုးဆက်တွေထိအောင် ဒီစနစ်ကြီး အသက်မရှည်လောက်ဘူးလို့ ယုံရအောင်လေ..။ ပြီးတော့ မတရားမှုက အဲလောက်အဓွန့်မရှည်လောက်ဘူးလို့လည်း ယုံစို့။
အဲဒီ ဂျီဟောရှေ့က ဖြတ်ဖြတ်သွားရတဲ့ ဘ၀လေးကိုတော့ လွမ်းလည်း လွမ်းတယ်.. ပြန်တွေးရင်လည်း မတွေးချင်ဘူး။ ပကတိမြား ကတော့ တော်တော် အသက်ဝင်တဲ့ ကာရိုက်တာ တွေ ထင်ပါ့..နော်။ ခံစားချက်အကုန်ထည့်ရေးခဲ့တာ။ :)(စကားမစပ်.. ဂျီဟောရှေ့မှာ ကိုငှက်နဲ့ ကျမတို့ သီချင်းလာဆိုတဲ့ ညတွေကို ကြုံလိုက်ရသေးလား ဟင်..)။
မယ်ကိုးရေ..တကယ်တော့ အဲလိုလေးတွေပဲ ရေးချင်တာပါ။ ဒါပေမဲ့ စိတ်တွေမပျော်ရလွန်းတော့.. စိတ်ကူးပေါ်ပေမဲ့ မရေးနိုင်ခဲ့တာ..။ :(
မနော်.. ညီမလေးရယ်.. ဂလိုပဲပေါ့... အဲလိုဖြစ်တတ်တယ်လေ.. ဟုတ်ဘူးလား :P
အမယ်.. ချိုသင်းလည်း တူတူပဲလေ.. အားရှိ ခရီးထွက်နေချင်တဲ့ သူချင်း..အဲဒီအချိန်ကျ.. ချောင်းသာမှာဖြစ်ဖြစ်.. ပုဂံမှာဖြစ်ဖြစ်.. ဆုံချင် ဆုံနေဦးမှာ.. :)
မေလေးရေ.. လာလည်မှာပေါ့..။ ချစ်သူကို သိပ်ချစ်တတ်သူဆိုတာကလည်း တူလေတော့..။ ဟဲဟဲ.. ကျမကတော့ ချစ်လည်း ချစ်တတ် စိတ်လည်းတိုတတ်.. :D လာလာလည်တာ ကျေးဇူးပါနော်..။
ဒီ post title လေး မြင်တာနဲ့ When I am 64 သီချင်းလေး ပြေးသတိရမိတာတော့ တူနေပြီ မမရေ။
နောင်လာမယ့် အနှစ်နှစ်ဆယ်မှာ...
ဆရာမ ဖြစ်ချင်တဲ့ ဆန္ဒတွေ အားလုံး ပြည့်ပြည့်ဝဝ အကောင်အထည်ပေါ်လာနိုင်ပါစေလို့ ရိုးရိုးရှင်းရှင်းပဲ ဆုတောင်းပေးသွားပါတယ်...။ နောင်လာမယ့် အနှစ်နှစ်ဆယ်မှာ ကျွန်တော်တို့ တိုင်းပြည်လေးလဲ အေးချမ်းသွားလောက်ပြီလို့ ဆရာမနဲ့ ထပ်တူ မျှော်လင့်မိပါတယ်...။ အဲဒီအခါမှာ ဆရာမတို့တွေ အားလုံးနဲ့ ကိုယ့်တိုင်းပြည်ထဲမှာ ပျော်ပျော်ပါးပါး ဆုံချင်ပါသေးတယ်...။
တွေ့တဲ့အခါကျရင် ကျွန်တော့ဆီမှာရှိနေတဲ့
"အချစ်အကြောင်းပြောရအောင်" နဲ့ "အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင်" စာအုပ်လေးတွေမှာ ဆရာမရဲ့ လက်မှတ်လေးတွေ ထိုးပေးပေါ့နော်...။
နောင်လာမယ့် အနှစ် ၂၀ တွင် ကျွန်တော်၏ သတင်းစာ ထုတ်ဝေသော လုပ်ငန်းတွင် ဒေါ်မေငြိမ်းသည် အကြံပေးလုပ်ပေးမည်ဟု ကတိပေးပြီးကာမှ ခရီးများလှိမ့်ထွက်နေသောကြောင့် ပြသနာရှာရပေလိမ့်မည်။ :P
ခရီးသွားမယ်ဆိုတာချည်းပဲ မနားဘူး ဟွန်း
လုပ်ပါ ကိုယ့်အမကြီး စိတ်ချမ်းသာတာပဲ မြင်ချင်ပါတယ်။ သိပ်မကြာတော့ပါဘူး သတင်းစာလဲ နောက် ၅ နှစ်ဆို ထုတ်တော့မှာ နောက်အနှစ် ၂၀ စောင့်စရာ မလိုတော့ဘူး။ :P
၆၄နှစ်မှာ လှနေဦးမယ့် ဆရာမကို မြင်ယောင်မိတယ်။
နောင်လာမယ့် အနှစ်နှစ်ဆယ်မတိုင်ခင်၊ အနှစ်နှစ်ဆယ်တိုင်၊ အနှစ်နှစ်ဆယ်ကျော် သည် အထိ...
ဆရာမ ဖြစ်ချင်တဲ့ ဆန္ဒတွေ အားလုံး ပြည့်ပြည့်ဝဝ အကောင်အထည် ပေါ်လာနိုင်ပါစေလို့ ...။
ထာဝရ ပျော်ရွှင် ငြိမ်းချမ်းနီုင်ပါစေ ဆန္ဒပြုလျက်
Rita ရေ.. ဟုတ်တယ်.. ဒီစာလေးရေးနေတုန်းပဲ ရီတာ့ဆီ post တက်တော့ ပြေးဖတ်လိုက်သေးတာ.. သီချင်းတောင် Rita ဆီကပဲ ကူးယူလိုက်တာ။ အဲ့ဒီ သီချင်း နားထောင်တိုင်း စိတ်ထဲ တမျိုးလေး ဖြစ်နေကျ လေ..။
သက်ဝေရေ.. ဆုံရမှာ အသေအချာ..။ အန်တီစုသာ အပြင်ရောက်လာပြီး တိုင်းပြည် ထူထောင်ရေး လုပ်ပြီဆိုရင် ကိုယ်နိုင်တာကို ၀င်ကူဖို့ အပြေးကို ပြန်မှာ။ အဲ့ဒီအခါကျ အတူတူ လုပ်ကြ စို့လေ..နော..။
ဖိုးသုည.. ရှုပ်ရှုပ် ရှုပ်ရှုပ် မလုပ်နဲ့။ ဒီမိုကရေစီ ရရင် တို့က သတင်းမလုပ်တော့..။ အချစ်ဝတ္ထုတွေပဲ ရေးမှာလို့ ပြောပြီးသားး။
မီယာ.. အဲဒီအချိန်ထိမစောင့်ပဲ မုန့်ကျွေးချင်လာပြီ။ :)
မိုးကုတ်သားရေ.. ဆုတောင်းလည်းပြည့်ချင်တယ်။ ပြီးတော့ အမတခေါက်မှ မရောက်ဖူးသေးတဲ့ မိုးကုတ်ကိုလည်း လာလည်ချင်တယ်..။ ဖိတ်ဦးလေ..နော..။
မ ရေ… မ ရဲ့နောင်လာမယ့် အနှစ်နှစ်ဆယ်က လှလိုက်တာနော်… မ ရေးထားတာထက် ပိုလို့ ပိုလို့ လှပါစေလို့ … အဲဒီအခါကျရင် မ နဲ့ ခရီးတူတူထွက်ချင်လိုက်တာ… ပြီးတော့ အသက် ၆၄ ထိ စိတ်ကူးချိုချိုလေးတွေနဲ့  နုနယ်ပျိုမျစ်နေတဲ့ မ စာတွေလဲ ဖတ်ချင်သေးတယ်… အခွင့်သာရင်တော့ မ ဆီလာလည်ပြီး အချစ်အကြောင်းတွေ ပြောချင်သေးတယ်… မ ရေ… မမသီဂီင်္ကိုပြန်တဲ့ ကော်မန့် ထဲမှာ တွေ့ လိုက်ရလို့ … ကိုငှက်ကြီးအဆောင်မှာ သီချင်းဆိုတဲ့ညကို ကျွန်မတို့ မှီလိုက်တယ်… ဒါပေမယ့် ဂျီဟောသူမဟုတ်တော့ နောက်တနေ့ သူငယ်ချင်းတွေ ပြန်ပြောပြတာကို သွားရည်လေးကျ နားထောင်ရတာပါ…
Hi may Nyane,
Your story is very much irony. Your story tells that you wish to return back to Myanmar when you will be retired and live in Myanmar in tranquility, peach and rich of cause.
What you have done for your country until now May Nyane?
What you have accomplished for your country May Nyane?
You left your country in the pre-text of you could not write what you wished, but all of your Romans were love-story not educative nor social –society-oriented as the popular word given by the so call exiles.
You profited the unstable political situation in order to get your entry visa later legal-stay in the US. You did absolutely nothing for your country May Nyane.
Now you tell us that when Myanmar will be stable, you wish to come back to Myanmar in order to profit again the improved and stable situation of Myanmar!!! How so egoist you are!!
I will not ask to do something for your country, as your country happens to my beloved country, I would like to suggest you that enough is enough. Now you have all what you wish, legal stay in the US and successful life in the US. Therefore please do not disturb any more our country.
Please do not paint any more our country with bad color in front of the foreigners, on the opposition media. You profited enough our country, now you should be satisfied.
Please do not sell any more our country simple because you continue to get some personal profits.
Please think of our people suffering in Myanmar.
Regards,
အနှစ်နှစ်ဆယ်မတိုင်ခင် လာစားလို့လည်း ရပါတယ်ခင်ဗျ။ အခုအိမ်မှာတော့ တောင်ကြီးက တို့ဟူးခြောက်ကြော်တွေပဲရှိတယ်။ ဒီရုံးပိတ်ရက် အခါးရည်နဲ့မြည်းမယ်လေ ဆရာမ လာခဲ့ပါခင်ဗျ
နှစ်တွေထဲ မနစ်ဖို့ လိုက်ဆယ်ခဲ့ရတဲ့ အနျစ်နှဆယ်
နှစ်တွေထဲ နှစ်တွေကို လိုက်ဆယ်ရဦးတော့မယ် နောက် အနှစ်နှစ်ဆယ်
ဆံပင်တွေဖြူလာတာနဲ့အမျှ နှလုံးသားသန့်ရှင်းလာဖို့သာ
လိုအပ်ခဲ့
သေခြင်းတရားဆိုတာ
အတွေ့အကြုံသစ်တမျိုးသာဖြစ်တယ်
ဆရာမရေ.......
နောင်လာမယ့် အနှစ်ရောက်၇င် ဆရာမ မေငြိမ်း ဖြစ်ချင်တဲ့ဆန္ဒတွေ အလုံးစုံ ဖြစ်မြောက် နိုင်ပါစေ ဆရာမ
Orange Chit Thu
ဆရာမ ချစ်တဲ့ မိသားစုနဲ့အတူ.. ဆန္ဒတွေ အားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်..
ကျန်းမာ ပျော်ရွှင်ပါစေ..
လွန်လွန်းဘူးလား.. တစ်နှစ်တည်းကို အကုန်လည်ပြစ်မှာလား .. မြန်မာပြည်ဟာ လှနေမှာပါ. အမြဲတမ်းလည်း ကျွန်တော်တို့ အတွက် ရှိနေဦးမှာပါ၊ တစ်နေ့တော့ ကျွန်တော်တို့ အမိမြေပြန်ခွင့်ရကြမှာပါ
Post a Comment