Nov 8, 2009

ပိုးထိုးသစ်သီး

စာမရေးချင် (၀တ္ထု ကဗျာကို ဆိုလိုတာပါ) ဖြစ်နေတာ တော်တော်ကို ကြာပါပြီ။ ပြီးတော့ ဒီတလောမှာ ကိုယ့်ဝတ္ထု အဟောင်းလေးတွေ ထုတ်ထုတ်ဖတ်နေမိတယ်။ ဖတ်မိပြီးတော့လည်း ငါ ဒီတုန်းက ဒီလို ရေးခဲ့ပါလားလို့ ပြုံးမိရ.. မျက်မှောင်ကြုံ့မိရ..။ ဘာလို့ ရေးဖြစ်တယ်ဆိုတာလေးတွေ ဆက်စပ်တွေးမိရပေါ့။ ကျမ စာတော်တော်ရေးဖြစ်တဲ့ အချိန်တွေတုန်းက တိုက်တိုက်ဆိုင်ဆိုင် ဆရာအောင်သင်းက လစဉ်ထုတ်မဂ္ဂဇင်းတွေ ထဲကနေ သူ့အကြိုက် ရွေးတဲ့ ၀တ္ထုတွေကို သုံးသပ်ပြီး"အောင်သင်းအကြိုက်ဆုံးဝတ္ထုတိုများ"ဆိုတဲ့ ကဏ္ဍ သဘင်မဂ္ဂဇင်းမှာ လစဉ် ရေးနေတဲ့အချိန်။ ကျမက ဆရာ အောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ စာအုပ်ကို ကြိုက်လွန်းလို့ ခေါင်းအုံးအိပ်တဲ့သူဆိုတော့ တလတလ ဆရာ ဘယ်ဝတ္ထု ညွှန်းပါလိမ့်လို့ စောင့်ဖတ်နေရတဲ့အချိန်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာက ကျမ ၀တ္ထုတိုလေးတွေကို လေး ငါးကြိမ် အကြိုက်ဆုံးအဖြစ် ရွေးဖူးပါတယ်။ အဲဒီလ တွေဆို ကျမမှာ ပျော်လို့။ တချို့ဝတ္ထုတွေဆို ကိုယ်တောင် ရွေးမယ်လို့ ထင်မထားတာလေ။ ဆရာက ဘာလို့ ရွေးရတယ် ဆိုတာကိုပါ သေချာ ရှင်းပြတာဆိုတော့ ကျမဖြင့် သဘောတွေကျလို့ပေါ့။

ခုတင်ပေးထားတဲ့ ဝတ္ထုလေးကိုလည်း ဆရာက ရွေးခဲ့ဖူးပါတယ်။ ဒီဝတ္ထုလေးက ၁၉၉၀ ဇွန်လထုတ် ပေဖူးလွှာ မဂ္ဂဇင်း ထဲမှာ ပါခဲ့တာပါ။ ဒီဝတ္ထုလေး ရေးမိတဲ့အကြောင်း ပြောရရင် ကျမ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ စာအုပ်တအုပ်ရှိပါတယ်။ စာရေးဆရာ နန္ဒရေးတဲ့ "မျိုသိပ်စိတ်"ဆိုတဲ့ စာအုပ်ပါ။ စိတ်ရောဂါရှိတဲ့ မေခင်ဆိုတဲ့ အမျိုးသမီးတယောက်အကြောင်းကို အခြေခံပြီး ရေးထားတာပါ။ အဲဒီ ၁၉၉၀ တလောမှာ မျိုသိပ်စိတ်ထဲက မေခင်ကို သွာသွားပြီး သတိရစေတဲ့ အမျိုးသမီးတယောက်ကို တွေ့ပါတယ်။ (တကယ်တမ်းကြီး တူလှတာတော့လည်း မဟုတ်ပါ) ပြောရရင် သူ့ဆီကနေ ရတဲ့ Inspiration နဲ့ ကျမ ဒီဝတ္ထုကို ရေးဖြစ်တာပါ။ ဆရာအောင်သင်းက ဇူလိုင်လထုတ် သဘင်မဂ္ဂဇင်းရဲ့ အကြိုက်ဆုံးဝတ္ထုတိုကဏ္ဍမှာ ရွေးခဲ့ပါတယ်။
ခုပြန်ဖတ်ကြည့်တော့ ကျမဇာတ်ကောင်ဖြစ်တဲ့ အမျိုးသမီးကို သနားပြီး အားနာနေမိသလိုလို.........။





14 comments:

pandora said...

အဲဒီလိုရေးပုံမျိုးကို ဖတ်ရတာ ကြိုက်တယ်။
အဲလို စိတ်အခြေအနေ ရှိနေတဲ့ အဖြစ်တွေကို စိတ်ဝင်စားတယ်။
ပိုးထိုးနေတဲ့ သစ်သီးတလုံးဟာ နှမြောစရာ..။

Anonymous said...

အမ၊
သိပ်နှစ်သက်မိတယ်။
မပြီးသေးစေချင်လောက်အောင်ပဲ ဆက်ဖတ်ချင်မိတယ်။

(၀တ္ထုဆိုတာဒီလိုပါလားလို့အမြဲလည်းလေ့လာပါတယ်)။

ချစ်ကြည်အေး said...

မမ မေငြိမ်း စာတွေလာဖတ်ပြီး လင့်ခ်လည်းယူသွားတယ်၊ ဘလောဂ့် စရေးတာ ၃ ရက်မြောက်တဲ့နေ့ ပါ၊ ချစ်ကြည်ရဲ့ စာတွေ အားတဲ့အခါ လာဖတ်ကြည့်ပေးပါအုံး, ဝေဖန် အကြံပေးပါ အုံးနော်...။

MANORHARY said...

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ပိုးထိုးသစ်သီး
ခုပြန်ဖတ်တော့လည်း .. သစ်နေတုန်းပဲ
အဲလိုလူတချို့ကိုလည်း ဖြတ်သန်းရင်းတွေ့ခဲ့ဖူးသလို..

ကိုချစ်ဖေ said...

ကျနော်လည်း အဲ့လိုအမြင်မျိုးနဲ့ ၀ထ္ထုလေးဖတ်ရတာ သဘောကျတယ် ပိုးထိုးသစ်သီးတလုံးကို နားလည်သွားပါတယ် တကယ်က မမေငြိမ်းကဗျာအဟောင်းလေးတွေလည်း ဖတ်ချင်နေတာ.

Moe Cho Thinn said...

စိတ်နောက်ကို တကောက်ကောက် လိုက်ဖွဲ့သွားတာများ ပီပြင်လိုက်တာ..။

kay said...

အီး..ခုမှ အေးဆေး လာဖတ်တာ.. ပြောချင်တာတွေ..အပေါ်က..အကုန်ပြောပြီးကုန်ကြပြီ။
စကားမစပ်..အမ စာတွေ..ဘလော့မှာ အဲလို မူရင်းလေး အတိုင်းပြန်ဖတ် ရတာ..ပိုအရသာ ရှိတယ်။ အဲလောက်..စာအုပ်တွေ..အပိုင်းအစ တွေ..အများကြီး သယ်လာနိုင်တာ.. ကောင်းလိုက်တာ။

တချို့ စာတွေမှာ..စာရေးသူ ရဲ့ အရိပ် ထင်ဟပ်နေတာ များတယ်။ ခု..ဒီစာလေးက..တကယ့်ကို..အဲဒီ အမျိုးသမီး ဆီမှာပဲ ရှိနေတယ်။

Rita said...

ဒီတစ်ပုဒ်ကို မဖတ်ဖူးသေးဘူး အစ်မ။
တကယ်ကိုပဲ နှစ်ခြိုက်မိပါတယ်။

ဝတ္ထုတို သေသေသပ်သပ် ရေးနိုင်တဲ့ လက်တွေကို တကယ်ပဲ လေးစားမိတယ်။

မမိုး said...

ွှဟိုတုန်းကဖတ်ခဲ့တာလဲ တော်တော်ကြိုက်ခဲ့တယ်။ အခုပြန်ဖတ်တော့လဲ ကြိုက်နေဆဲပါပဲ..
အသစ်တွေ ပြန်ရေးမဲ့နေ့ကို
စိတ်ဝင်စားစွာစောင့်နေမိပါရဲ့..

SHWE ZIN U said...

ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ရဲ့ စာသားလေးတွေကို ဘလော့ မှာ ထည့်ချင်လို့ ကော်ပီကူးယူသွားပါတယ် ဆရာမ၊ ကျနော့် ရဲ့ ဘလော့ လေးကိုလည်း ဆရာမ အားရင် လာလည်ပြီး ဝေဖန် အကြံပေး ပါအုန်းဗျာ.. ကျေးဇူးတင်ပါတယ်။

http://shwezinu.blogspot.com

ပုံရိပ် / Pon Yate said...

အဲသလို ရေးတတ်ချင်တယ်။ စိတ်ကို ပုံရိပ်တွေနဲ့ ပုံဖော်သွားတာ ပီပြင်လိုက်တာ။

Vista said...

ကောင်းလိုက်တာ...

သက်ဝေ said...

သိတ်ကောင်းတာပဲ...
စိတ်ကို ပုံဖေါ်သွားတာ... လှလိုက်တာ..။

ကိုနော said...

ကျွန်တော် ပါရဂူလက်သစ် ကိုနော လာလည်ပါတယ်၊
ရေးအားကောင်းသူတွေကို အထင်ကြီးလေးစား အားကိုးပါတယ်။