Nov 10, 2009

သမုဒယသီချင်း

ဒီဝတ္ထုလေးက ၁၉၈၉ သြဂုတ်လ ပေဖူးလွှာ မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ကျမရေးဖို့ စိတ်ကူးလေ့မရှိတဲ့ အကြောင်းအရာမျိုးပါ။ ဗမာရုပ်ရှင် ၀တ္ထုတွေထဲ အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်ရင် ခွဲခြားမှုတခုခုနဲ့ ဖော်ပြလေ့ရှိတာ..။ အဲလိုပဲ အိမ်ရှင်တွေနဲ့ ပတ်သက်ရင်လည်း အဆိုးမြင် များတာတွေ တွေ့ရတာကို ကျမ သဘောမကျပါဘူး။ အဲဒီအချိန်မှာ မေတ္တာတရားဆိုတဲ့ ကိစ္စကို တွေးမိပြီး ဒီဝတ္ထုလေးကို ရေးဖြစ်ခဲ့တာပါ။ အဲဒီဝတ္ထုလေးကိုလည်း ဆရာအောင်သင်းက အကြိုက်ဆုံးဝတ္ထုအဖြစ် ရွေးခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ကျမစိတ်ထဲ ကိုယ့်ဘာသာ ရေးပြီး သဘောတကျကျ ဖြစ်နေရတဲ့ ၀တ္ထုထဲမှာ ဒီဝတ္ထု မပါပါဘူး။ ဒါကြောင့် ဆရာအောင်သင်းရွေးတော့ ကျိတ်ပြီး ကြည်နူးနေရတာပေါ့။ (တခါတလေတော့လည်း ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာ ကြိုက်လှချည့်ဖြစ်နေပေမဲ့ စာဖတ်သူတွေဘက်က ထူးထူးခြားခြားမဖြစ်တဲ့ အပုဒ်တွေလည်း ရှိပါသေး။)








9 comments:

rose of sharon said...

ဆရာမရေးခဲ့တဲ့ ဝထ္တုတွေ အကုန်သိမ်းထားလားဟင်?

chanchan said...

ကောင်းပါတယ်ဆရာမရေ..
ဒါပေမဲ့ ဒီအိမ်ကြီးရှင်သဘောထား
ပြည့်ရတာကလဲ သူတို့သားကရုပ်ဆိုးလွန်းပြီး၊
ကလေးမလေးက လှလွန်းနေလို့ထင်ပါရဲ့။
မိန်းကလေးဘက်က သာမန်ရွက်ကြမ်းရေကျို၊
သားလုပ်သူက လူချောလူခန့်များ ဖြစ်ခဲ့မယ်ဆိုရင်.............

Anonymous said...

ဖြူဖြူ့ ခံစားချက်တွေ သိပ်ကောင်းတာပဲ အမ။
ဝတ္ထုတိုရဲ့ အနှစ်ကိုလည်းတွေ့ရပါတယ်။

SHWE ZIN U said...

ဆရာမ ရေ အဟောင်းထဲက အကောင်းလေးတွေပြန် ဖတ်ခွင့်ရတဲ့ အတွက်ကျေးဇူးပါ။

with love
shwezinu

tg.nwai said...

ဝတ္ထူလေး လာဖတ်သွားပါတယ် အစ်မရေ.

ကိုချစ်ဖေ said...

တကယ်လို့ သမီးလေးက အဖေနဲ့တူပြီး အမေနဲ့သိပ်မတူခဲ့ရင်ကော.အမေက ချစ်ပါဦးမလား.ချစ်သွားမှာလား..အညိုးအတေးတွေကို သမီးလေးက
ဖယ်သွားပေးနိုင်တော့မှာလား...

မမေငြိမ်းရေ
အဟောင်းတွေဆိုပေမဲ့ ကျနော်တို့ မဖတ်ရသေးပါဘူးနောက် ရေးသူကိုယ်တိုင် အမှတ်တရရှိနေတဲ့ စာ(ပရိသတ်ကြိုက်ကြိုက်မကြိုက်ကြိုက်)
ကို ဖတ်ခွင့်ရနေတာမို့..အဟောင်းတွေထဲကလည်းဆက်တင်ပါဦးဗျို..

တန်ခူး said...

မ ရေ… ဒီဝတ္ထုလေး မဖတ်ဖူးဘူး… မိခင်တယောက်ရဲ့ မေတ္တာက ခံစားမှုတွေတောင် ပြောင်းပြန်လှန်ပစ်လိုက်နိုင်လောက်အောင် ကြီးမားမြင့်မြတ်လှတယ်ဆိုတာ ဖြူက ပြောပြနေသလိုပါပဲ….

Vista said...

ကျနော့်အမြင်ကတော့ ..
ရုပ်ချောတာနေရာတစ်ကာမှာတစ်ပန်းသာတယ်
လူတွေကစိတ်လှတာကိုနောက်မှမြင်ကြတာ မမရဲ့
အပေါ်ရံသိပ်ကြည့်တာကိုး ရုပ်ချောပြီဆိုနေရာတကာမှာတော်တော်အဆင်ပြေတာ
ဒီဝထ္တုမှာလည်း မိန်းကလေးကလှလွန်းလို့ ချစ်ကြတာ..
သာမန်မိန်းကလေးဆို ဒီလိုအထိချစ်ကြပါ့မလား
ဲဖြူကလည်းသူ့ သမီးလေး သူနဲ
့တူုလို့ စိတ်ပြေတာမြန်သွားတာလို့ ထင်တယ်
မည်းမည်းရုပ်ဆိုးလေးထွက်လာရင် ဘယ်လိုဖြစ်မလဲမသိဘူးနော်
မိဘမေတ္တာပေမည့်လှတာကိုပိုချစ်ကြတာ ဓမ္မတာပဲလို့ထင်ပါတယ်....

ဒဏ္ဍာရီ said...

ဆရာမရဲ့ ၀ထ္ထုလေးကို ဖတ်ရင်း စိတ်မကောင်းတောင် ဖြစ်မိတယ်။ လောကမှာ ဒီလို မိသားစုတွေလည်း ရှိနေပါသေးလား ဆိုတာလည်း သိလာရတယ်။ မကောင်းတဲ့သူတွေ ကိုယ်ချင်းမစာတတ်သူတွေ ရှိသလို မိသားစု စိတ်ထားနဲ့ ကြင်နာတတ်သူတွေလည်း ရှိနေနိုင်တာပဲနော်။

ခင်မင်လေးစားလျှက်