Nov 17, 2009

ကြားကြားသမျှ...


နိုဝင်ဘာ ၂၀ရက်နေ့ Los Angeles ကို ရောက်ပါမယ်..။ မိုးချိုသင်းတို့ အိမ်မှာ နေထိုင်ပြီးသကာလ ၅ရက်လောက် မနားတမ်း အာလူးဖုတ်ပါမယ်..။ ဘလော့ဂါ များလည်း ဆုံကြပါဦးမယ်..။ အရှင်သခင် ဘလော့ဂါ ကိုဇာနည် ကလည်း အပြေးလာရောက်ပြီး ပါဝင်ဆင်နွှဲမှာပါတဲ့။ ဖြစ်နိုင်ရင် အဲဒီဝန်းကျင် ရှိရှိသမျှ သဟာယများနဲ့ တွေ့ချင်ပါတယ်။ လောလောဆယ်.. Hollywood က စယ်လီဘရစ်တီင်္များရဲ့ appointment တွေကိုတောင် လက်ခံမထားပါ :P ကိုယ့်အချင်းချင်းတွေကို ဦးစားပေးပါမယ်..။ မိုးချိုသင်းဆီမှာ Book လုပ်နိုင်ပါတယ်.. (ချိုသင်းတော့ မျက်ခမ်းလှုပ်နေလောက်ပြီ :D) ... ။ တွေ့ကြသေးတာပေါ့ နော ... :)

18 comments:

သက်ဝေ said...

ဆရာမက သာမီးတို့ကို နာမလိုအောင် လုပ်တယ်...
နောက်ကျရင် ဒီကိုလဲ လာလည်ပါနော်...
မျှော်နေမယ်...

Rita said...

စိတ်ဝင်စားလိုက်တာ
:)

Anonymous said...

သားတို့ကိုလည်း ခေါ်ပါ အဲ့ဒီကို.....

(မကြီးသက်ဝေ သာမီးဆိုတော့ သားလို့ပြောသွားရတယ် အားနာလိုက်တာ :P)

ချစ်ကြည်အေး said...

ပျော်စရာကြီးနော် မမရေ...မချိုသင်းနဲ့တွေ့ရင် စာရေးဖို့ တွန်းလိုက်ပါအုံး၊ မမ ဓါတ်ပုံတွေရိုက်ခဲ့ ပြီးရင် စာလဲရေးပါအုံးနော်...၊ လပ်ဂိတ်ဂ် ထဲက ဝင်လိုက်လို့ရရင် ကောင်းမယ် မမရေ....ဟားဟား...

Eaindra said...

း(း(း(း(း(း(း(း(း(း(း(း(

သူများတို့ဆီမှာလည်းရှိပါတယ်

ချစ်ဦးညို
နေ၀င်းမြင့်
ဂျူး
ဒီဇင်ဘာ ၂၀ တဲ့

Aye Win said...

အန်တီငြိမ်း သဟာယများနဲ့ တွေ့မယ် ဆိုလို့ သဟာယက ကမာရွတ်မှာ တဆိုင်ထဲ ရှိပါတယ်။

Moe Cho Thinn said...

ဆရာမ
ချိုသင်းလဲ အရမ်းပျော်နေတယ်။ LA က လာတွေ့မဲ့ မိတ်ဆွေများ မပါသေး ရပ်ဝေးကချည်း အိမ်မှာ ၁၈ ယောက် အိပ်မှာ ဆရာမ..စနေနေ့ည မှာ။ ညအိပ်ပြီးကို ပွားကြမှာ။ ဘယ်လောက်ပျော်စရာကောင်းမလဲ စဉ်းစားသာ ကြည့်ပေတော့။ LA ကလဲ အုပ်စု နဲ့ ဒံပေါက် ဗန်းကိုင်ပြီး ဆုံဖို့ စောင့်နေတယ်။

ပြန်သွားကြရင်တော့ လွမ်းလို့ကျန်ခဲ့ရမှာတောင် မော ပါတယ်လေ.. :)

Bino said...

I'm happy to hear that.

BINO

pandora said...

တွေ့ဆုံကြမှာ ပျော်စရာကြီးပေါ့လေ.. (မနာလိုဝူး) :)
ကြားကြားသမျှ ဆိုတော့လည်း
သာဓု သာဓု သာဓု.. (ဟွန်းဟွန်း) :P

ခင်မင်းဇော် said...

ချိုသင်းးး
ချိုသင်းးးး
ကြားလားးး ကြားလားးး
ကြားရင်.....
အကြောင်းပြန်ပါ...
အင်း ပွားနေချိန် အဲလိုဖုန်းဆက်ပစ်မယ်...
(မေငြိမ်းမကတော့ ဖုန်းတောင် ကိုင်မယ့် ပုံမရှိဘူးလေ သူက ပွားနေရရင် အားလုံးမေ့နေမှာ)

တန်ခူး said...

ဟောပြောမယ့်သူတွေက အကုန်ကိုယ့်အကြိုက်တွေမို့  တယောက်ယောက်များ video file လေး Link လေးတင်ပေးရင် ကျေးဇူးတင်လိုက်မယ့် ဖြစ်ချင်း… LAက မလေးရှားလောက်ဆို ကောင်းရဲ့လို့  တွေးမိသေးတယ်… ဒီမှာလဲ လက်မှတ်ဝယ်ထားတယ် မ ရေ… ခုချက်ချင်းတောင် ချိုသင်းတို့ အိမ် သွားလည်ချင်စိတ်ပေါက်သွားတယ်….

PAUK said...

မချိုသင်းတို့အိမ်မှာ ပျော်စရာကြီးး။။
ပို့စ်တင်ပေးပါနော်။။

phyoaung said...

ဒို့လဲ... လိုက်ပါရစေ
.....
သီချင်းငြီးတာပါဆရာမရယ်
အားကျလိုက်တာဗျာ၊
ဆရာမတို့ အမမိုးချိုအိမ်မှာ ဆုံကြတာကို ၀ဘ်ကင်မရာနဲ့
တိုက်ရိုက်ကြည့်ရရင်ကောင်း
မယ်..D

rose of sharon said...

ပျော်စရာသိပ်ကောင်းမှာဘဲ..

Nge Naing said...

ဆရာမရေ ပျော်ရွှင်စရာ စာပေခရီးစဉ်လေး ဖြစ်ပါစေ။ အခုမှ ကျောင်းပိတ်လို့ အခုမှ ရောက်လာပါတယ်။

MieMie said...

အမရေ .. ပျော်စရာကြီး နယူးယော့ခ် မှာရော ဘယ်တော့လုပ်မလဲ မသိဘူးနော်..မနှစ်ကတော့ ရောက်တယ်...

မီယာ said...

ပျော်စရာကြီး... မချိုသင်းချက်တဲ့ ၀က်သားဟင်းတော့ ရအောင် စားခဲ့နော် ဆရာမ

ဓမ္မဂင်္ဂါ said...

စာပေဟောပြောပွဲကိုတော့ စိတ်ဝင်းစားမိသား။
ပြောတာလေးတွေလည်း ပြန်ရေးပြဖို့ မမေ့နဲ့ပေါ့ဗျာ။