May 31, 2007

နှုတ်ခွန်းဆက်

ကျမဘလော့ထဲ ၀င်လည်ကြသူတွေကို ခုထိ ကျေးဇူးစကား မပြောရသေးပါ..
ဘာမှ မတတ်ဘဲ ဘလော့ဂါလုပ်ချင်တဲ့သူနဲ့
ဘလော့အသစ်စက်စက်အတွေ့မှာ
ပြဿနာပေါင်း သောင်းခြောက်ထောင်..။အရပ်လဲကူရ.. လူလဲဝိုင်းရ..
ပထဇ လဲ မနေရ..ကိုသံလွင်လဲ မနားရ.. စိတတ္တဇညလဲ..မနေသာ..မေဓါဝီလဲမရှောင်သာ…
ခုတော့ တဖြည်းဖြည်း ရုပ်တော့ ပေါ်လာပြီထင်ပါရဲ့နော်..။
ဒါတောင် တချို့နေရာ.. လေးထောင့်တုံး.. တချို့နေရာ မေးခွန်းအမှတ်အသား ဖြစ်ဖြစ်နေသေးတာ..။
ကံများမကောင်းချင်တော့ ထိုင်းမှာ ဆီဗုံးတွေလဲ ပြဿနာတက်ချိန်..
ကိုယ့်ဆီလာလည်လို့မှ နှုတ်ဆက်မရ..။ ခက်ပါ့..နော်။
ဘာပဲဖြစ်ဖြစ်.. ဘလော့အသစ်သက်စက်လေးကို စိတ်မပျက်ကြပါနဲ့နော်။

ဒီနေ့ဆိုရင် ကွန်မင့်တွေကို စာစပြန်လို့ ရသွားပါပြီ…။
နောက်ကို ကွန်မင့်တွေအတွက် အမြဲ စာပြန်ရေးပါ့မယ်။
ဝေဖန်ဆွေးနွေး အကြံပေးကြပါနော……

ဘလော့လေး နှစ်ပတ်သားရောက်မှပဲ
ကိုယ့်ဆီလာခဲ့သမျှ ဧည့်သည်တွေကို
နှုတ်ဆက်စကားပြောရပါတော့တယ်..

ချစ်ခင်စွာ… မေငြိမ်း

4 comments:

Chan Mya Soe said...

အမြဲအားပေးလျှက်ပါခင်ဗျာ :)

မေငြိမ်း said...

CMS, ရေ..
ကျေးဇူးတင်တယ်နော်.
နေ့တိုင်း.. ဒါမှမဟုတ်တောင် တစ်ရက်ခြားလောက်
ပို့စ်အသစ်တင်နိုင်အောင်ကြိုးစားမှာပါ…
အားပေးပါ..ပြီးတော့ ဝေဖန်ပါ..အကြံပေးပါ။
မေငြိမ်း

မင်းသားကြီးလို့ ခေါ်ပါတယ် said...

ဆရာမ အန်တီ ဒေါ်ဒေါ် မေငြိမ်း များများရေး
များများဖတ်မယ်.. များများ ...များများ...
ဝေမဖန်ဘူး
လေးစားစွာဖြင့် ၀င်နှောက်ခဲ့သည်
မင်းသားကြီး (မောင်မျိုး) ကြောင်နှစ်ကောင်ဟုတ်ဘူးနော်
ဟီးးးးးးးးးးးးးးးး

kay said...

အမရေ..ကျမ..အမေးဖြေလေးတွေစုပီး Blog Review လေးတခုတင်မလို့..
ဒီမေးခွန်းလေးကို..နဲနဲဖြေပေးပါလို့..မေတ္တာရပ်ခံပရစေ။

“ဆရာမအနေနဲ့..papar publishing မှာအချိန်အတော်ကြာဖြတ်သန်းလာပီးတဲ့အခါ net publishing မှာလဲပရိသတ်တော်တော်များများကိုစွဲဆောင်ထားနိုင်တယ်ဆိုတော့..အဲဒီ၂ခုရဲ့..အကျိုးအပစ်မတူပုံ..စာရေးဆရာတယောက်အနေနဲ့..ကျေနပ်မူပီတိကွာခြားပုံ
လေးတွေကို..အကြမ်းအားဖြင့်ခွဲခြားပြလို့ရမလားရှင်..”

အဖြေလေးကို kthwe31@yahoo.com ကိုဖြစ်ဖြစ်..ကျမဘလော့တနေရာမှာ.လာချပီးတော့ဖြစ်ဖြစ်ဖြေပေးပါနော်။