ကျမ သူငယ်ချင်း ခင်မင်းဇော်က သူ့ ဘလော့မှာ မတရားစစ်အစိုးရကြောင့် တိမ်းရှောင် ပြေးလွှားနေရတဲ့ နီလာသိန်း နဲ့ သမီးလေးအကြောင်းကို ခံစားပြီး စာတပုဒ် ရေးခဲ့ပါတယ်။ အဲလိုပဲ Radio Free Asia မှာလည်း နီလာသိန်းရဲ့ ခံစားချက် ခံယူချက်တွေကို ကြားနေရပါတယ်။ ကျမတို့ နိုင်ငံမှာကတော့ မတရားမှု ရက်စက်ကြမ်းကြုတ်မှုတွေ ဗိုလ်စွဲနေတာ ကြာခဲ့ပါပြီ။ ဒီနေရာမှာ ကျမ တခု သတိရသွားပါတယ်။ အန်တီစု မုံရွာမှာ ပြောခဲ့တဲ့ စကားပါ..။
အဲဒီ ခံနိုင်ရည်တိုက်ပွဲဟာ တကယ်တော့ အင်မတန် ခက်ခဲ ကြမ်းတမ်းလှတာပါ။ တော်ရုံနဲ့ သည်းခံ စိတ်ရှည်နိုင်ဖို့လည်း ခဲယဉ်းလှပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုတော့ ကျမ ပြည်တွင်းမှာ ရှိနေတုန်းက တက္ကသိုလ်မှာ ကထိက အဆင့် ရာထူးကြီး တကိုင်ကိုင်နဲ့ အနေအစားကျတော့ ဆင်းရဲလှတာတွေ..၊ အဆင့်အတန်း နိမ့်ကျလှတဲ့ ပညာရေးစနစ်ထဲ ကိုယ့်ဂုဏ်သိက္ခာတွေပါ ရောပြီး ကျဆင်းလာရတာတွေ..၊ စိတ်ဓါတ်တွေပါ ကျဆင်းလာတာတွေ..၊ ကျောင်းဆရာမရဲ့ သားသမီးတွေဖြစ်ပါလျက်နဲ့ ကိုယ့်သားသမီးတွေကို ကျောင်းပညာရေးကောင်းကောင်း မထားနိုင်လေခြင်းလို့ စိတ် ထိခိုက်ရတာတွေ..၊ ကျမတို့ရဲ့ ဘ၀တွေကို ပျက်စီးရာပျက်စီးကြောင်း အမြဲ လုပ်ကြံဖန်တီးနေတဲ့ အာဏာရှင်လက်ထဲက အမှောင်တိုက်ထဲမှာ မနေချင်တော့တာ တွေ.. အဆိုးဆုံး ကတော့ စိတ်ဓါတ်ကိုပါ ပျက်စီးအောင်တွန်းပို့နေတဲ့ ပညာရေးထဲမှာ ကျမ သားသမီးကို မကြီးပြင်းစေချင်တော့တာပါပဲ။ ဒါဟာ.. ကျမအနေနဲ့ ကြာကြာ ခံနိုင်ရည် မရှိခဲ့တာပါပဲ။
ဒါပေမဲ့ ခု နီလာသိန်း ကတော့ လသားအရွယ် နို့စို့ သမီးလေး နို့ဆာနေချိန်မှာ ထမင်းဆာ နေတဲ့ လူထုကြီးကို ပိုသတိရသတဲ့..။ ကျောင်းမနေနိုင်တဲ့.. လမ်းဘေးမှာ စားစရာမရှိလို့ အလုပ်လုပ်နေရတဲ့ ကလေးအများကြီးကို ပို သတိရသတဲ့။ ကိုယ့်ရင်သွေးသမီးလေးကို ခွဲပြီး လူထုကြီးအတွက် အလုပ်လုပ်ရလိမ့်မယ် တဲ့..။ ကျမ ကြက်သီး ဖြန်းဖြန်း ထ မိပါ တယ်။ မိခင်ချင်း.. အမျိုးသမီး ချင်း.. ကိုယ်ချင်းစာမိစွာ ၀မ်းနည်း နေမိပါတယ်။ ရင်ထဲ ထိထိ ခိုက်ခိုက်နဲ့ တလေးတစား ဦးညွှတ်နေမိပါတယ်။ တချိန်ထဲမှာ သူတို့ရဲ့ စွန့်နိုင်ရည်တွေအတွက် ဂုဏ်ယူရ ပါတယ်။ လူထုကြီးတရပ်လုံး လွတ်မြောက် ချမ်းသာရာရဖို့အရေး ဘ၀တွေရင်းပြီး ကြိုးစားပေးနေတဲ့ သူတို့ တတွေအတွက် ရှိရာ အရပ် ကျရာ နေရာကနေ တာဝန် ကူညီ ထမ်းဖို့ ပိုပြီး ခိုင်ခိုင် ဆုံးဖြတ် လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ.. အဖမ်းဆီးခံခေါင်းဆောင်များ.. ရှောင်တိမ်းနေရသူများ နဲ့ လူထုကိုယ်စား ငြိမ်းချမ်း စွာ ဆန္ဒ ထုတ်ဖော် တိုက်ပွဲဝင်နေသူများ အားလုံးကို ဒီနေရာကနေ ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်။
မေငြိမ်း
စက်တင်ဘာ၃။
ကျမတို့က စိတ်ရှည်ရမယ်..။ စိတ်ရှည်တယ်ဆိုတာဟာ ခံနိုင်ရည်ပဲ။ ခံနိုင်ရည်ဆိုတာမှာလည်း နှစ်မျိုး ရှိပါတယ်။ ခေါင်းငုံ့ခံနိုင်တာနဲ့ သည်းခံနိုင်တာပါ။ ခံနိုင်ရည်ဆိုတာက သည်းခံနိုင်မှုပါ။ ဘာဖြစ်ဖြစ် ဘာလုပ်လုပ် ခံမယ်လို့ ခေါင်းငုံ့ခံတာမျိုး မဟုတ်ဘဲ ကိုယ်လိုချင်တဲ့ အောင်မြင်မှုရဖို့ စိတ်ရှည်ရှည် ထားနိုင်တဲ့ ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်..ဆိုတာပါပဲ။ အခု အန်တီစု စိတ်ရှည်ရှည်နဲ့ သည်းခံနေတာဟာ တိုက်ပွဲဝင်နေတာပါ။ ခံနိုင်ရည်နဲ့ တိုက်နေတာပါ။ အဲသလိုပဲ ကျမတို့ရဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ကျောင်းသူတွေက ထောင်ကျခံ.. အနှိပ်စက်ခံ.. ဒုက္ခအဖြစ် ခံပြီး လက်နက်ကိုင် လူသတ်အစိုးရရှေ့မှာ ဦးဆောင် တောင်းဆို တိုက်ပွဲဝင်နေတာဟာ ခံနိုင်ရည်တွေနဲ့ တိုက်ပွဲ ၀င်နေတာပဲ ဖြစ်ပါတယ်။
အဲဒီ ခံနိုင်ရည်တိုက်ပွဲဟာ တကယ်တော့ အင်မတန် ခက်ခဲ ကြမ်းတမ်းလှတာပါ။ တော်ရုံနဲ့ သည်းခံ စိတ်ရှည်နိုင်ဖို့လည်း ခဲယဉ်းလှပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုတော့ ကျမ ပြည်တွင်းမှာ ရှိနေတုန်းက တက္ကသိုလ်မှာ ကထိက အဆင့် ရာထူးကြီး တကိုင်ကိုင်နဲ့ အနေအစားကျတော့ ဆင်းရဲလှတာတွေ..၊ အဆင့်အတန်း နိမ့်ကျလှတဲ့ ပညာရေးစနစ်ထဲ ကိုယ့်ဂုဏ်သိက္ခာတွေပါ ရောပြီး ကျဆင်းလာရတာတွေ..၊ စိတ်ဓါတ်တွေပါ ကျဆင်းလာတာတွေ..၊ ကျောင်းဆရာမရဲ့ သားသမီးတွေဖြစ်ပါလျက်နဲ့ ကိုယ့်သားသမီးတွေကို ကျောင်းပညာရေးကောင်းကောင်း မထားနိုင်လေခြင်းလို့ စိတ် ထိခိုက်ရတာတွေ..၊ ကျမတို့ရဲ့ ဘ၀တွေကို ပျက်စီးရာပျက်စီးကြောင်း အမြဲ လုပ်ကြံဖန်တီးနေတဲ့ အာဏာရှင်လက်ထဲက အမှောင်တိုက်ထဲမှာ မနေချင်တော့တာ တွေ.. အဆိုးဆုံး ကတော့ စိတ်ဓါတ်ကိုပါ ပျက်စီးအောင်တွန်းပို့နေတဲ့ ပညာရေးထဲမှာ ကျမ သားသမီးကို မကြီးပြင်းစေချင်တော့တာပါပဲ။ ဒါဟာ.. ကျမအနေနဲ့ ကြာကြာ ခံနိုင်ရည် မရှိခဲ့တာပါပဲ။
ဒါပေမဲ့ ခု နီလာသိန်း ကတော့ လသားအရွယ် နို့စို့ သမီးလေး နို့ဆာနေချိန်မှာ ထမင်းဆာ နေတဲ့ လူထုကြီးကို ပိုသတိရသတဲ့..။ ကျောင်းမနေနိုင်တဲ့.. လမ်းဘေးမှာ စားစရာမရှိလို့ အလုပ်လုပ်နေရတဲ့ ကလေးအများကြီးကို ပို သတိရသတဲ့။ ကိုယ့်ရင်သွေးသမီးလေးကို ခွဲပြီး လူထုကြီးအတွက် အလုပ်လုပ်ရလိမ့်မယ် တဲ့..။ ကျမ ကြက်သီး ဖြန်းဖြန်း ထ မိပါ တယ်။ မိခင်ချင်း.. အမျိုးသမီး ချင်း.. ကိုယ်ချင်းစာမိစွာ ၀မ်းနည်း နေမိပါတယ်။ ရင်ထဲ ထိထိ ခိုက်ခိုက်နဲ့ တလေးတစား ဦးညွှတ်နေမိပါတယ်။ တချိန်ထဲမှာ သူတို့ရဲ့ စွန့်နိုင်ရည်တွေအတွက် ဂုဏ်ယူရ ပါတယ်။ လူထုကြီးတရပ်လုံး လွတ်မြောက် ချမ်းသာရာရဖို့အရေး ဘ၀တွေရင်းပြီး ကြိုးစားပေးနေတဲ့ သူတို့ တတွေအတွက် ရှိရာ အရပ် ကျရာ နေရာကနေ တာဝန် ကူညီ ထမ်းဖို့ ပိုပြီး ခိုင်ခိုင် ဆုံးဖြတ် လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ.. အဖမ်းဆီးခံခေါင်းဆောင်များ.. ရှောင်တိမ်းနေရသူများ နဲ့ လူထုကိုယ်စား ငြိမ်းချမ်း စွာ ဆန္ဒ ထုတ်ဖော် တိုက်ပွဲဝင်နေသူများ အားလုံးကို ဒီနေရာကနေ ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်။
မေငြိမ်း
စက်တင်ဘာ၃။
No comments:
Post a Comment