ကျနော်က (ဖလက်ရှ်ဘက်) ပြန်သွားရမှာပေါ့။ ဟို ကျနော်တို့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ကို ပြန်သွားကြမယ်ဆိုရင် သြဂုတ်လ ၈ ရက်နေ့အပြီး ၂၂ ရက်နေ့မှာ အနုပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ အဲဒီ အချိန်မှာ ဆရာကြီးဦးဝင်းတင် ဦးဆောင်ပြီး (Literature and Art)ဆိုတဲ့ နာမည်နဲ့ ကျနော်တို့ လှုပ်ရှားခဲ့ကြတဲ့ လူတွေ အခု အနုပညာသည်တွေထဲမှာလည်း ဒီလူတွေ အများကြီးပါပဲ။ ဆိုတော့ ပြည်သူတွေရဲ့ ပိုက်ဆံ ပြည်သူတွေရဲ့ ချွေးနည်းစာ အဲဒီဟာကို တိုက်ရိုက်စားသုံးလူတွေဟာ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခွန်အခကို စားနေတာ မဟုတ်ပါဘူး။ အဲဒီတော့ ပြည်သူတွေရဲ့ ပိုက်ဆံကို ပြည်သူတွေရဲ့ ချွေးနည်းစာကို တိုက်ရိုက် စားနေတာ အဲ့ဒီ အနုပညာရှင်တွေပါ။ အဲ့ဒီ အနုပညာရှင်တွေဟာ ပြည်သူ့ အခွန်အခ ကနေ တဆင့်ယူပြီး လခစားလုပ်နေတဲ့လူ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ပိုက်ဆံကို တိုက်ရိုက်စားနေတဲ့ အနုပညာရှင်တိုင်းမှာ ပြည်သူ့ဒုက္ခနဲ့ ပတ်သက်လာရင် တာဝန်ကို ရှိပါတယ်။ ပြည်သူတွေ ဆင်းရဲရင် အနုပညာသည်တွေလည်း ဆင်းရဲပါတယ်။ ပြည်သူတွေချမ်းသာရင် အနုပညာရှင် တွေလည်း ချမ်းသာပါတယ်။ ပြည်သူကို ချစ်လှပါချည်ရဲ့၊ ပြည်သူကို ချစ်လှပါချည်ရဲ့ ပြည်သူတွေဟာ ကျနော် တို့ရဲ့ ကျေးဇူးရှင်တွေပါလို့ တဖွဖွပြောနေမယ့်အစား ပြည်သူတွေရဲ့ ရှေ့ကို တစ်ချက်ကလေးလာပြီး ပြည်သူ့ ဒုက္ခတွေ အတွက် ခင်းများတို့အတွက် ကျနော်တို့က ခင်များတို့ရဲ့ ကိုယ်စား ခင်များတို့ရဲ့ ဒုက္ခတွေကို ဟောဒီလို ရင်ဖွင့် ပြောပါပြီဆိုတဲ့ အနုပညာသမားတွေကို ကျေးဇူးပြုပြီး ပြည်သူ့ရှေ့ကို ထွက်ခဲ့ကြပါတော့လို့ ကျနော် ဒီနေရာက တိုက်တွန်းချင်ပါတယ်။ ပြည်သူ့တွေရဲ့ ပိုက်ဆံကို သူတို့… စားထားကြတဲ့ လူတွေပဲဗျာ။ ပြည်သူ့ဒုက္ခ ကို ရင်ဆိုင်ကြပါ။ အဲဒီတော့ ဘုန်းဘုန်းတွေတောင်မှ ပြည်သူ့ဒုက္ခအတွက် ရှေ့ကို ထွက်လာကြပြီဆိုရင် လူတွေ က ဘာလုပ်နေကြမှာလဲ။
လူတွေက တယ်လီဖုန်းလေးတစ်လုံးနဲ့၊ လူတွေက ကားလေးတစ်စီးနဲ့ လူတွေက ဘီယာလေးတမြမြ သောက်ပြီး တော့ ကျေနပ်နေကြမှာ လား။ စတိတ်ရှိုးလေးပေါ်မှာ၊ စင်ပေါ်မှာ ဆိုပြီးတော့ စင်ပေါ်နဲ့ စင်အောက်ကို ပန်းသီး လေးတွေ ပေးတာနဲ့ပဲ သူတို့ ဘ၀တွေဟာ ပြီးဆုံးသွားပြီလား။ ပြည်သူတွေကို ချစ်ကြတယ်ဆို။ ပြည်သူ ချစ်တဲ့ အနုပညာသည်များ ကျနော် တောင်းပန်ပါတယ် ဒီနေရာကနေ။
ပြည်သူချစ်တဲ့ အနုပညာသည်များ၊ ပြည်သူ့ကိုချစ်တဲ့ အနုပညာသည်များ ပြည်သူ့အတွက် တစ်ခွန်းလောက် တောင်မှ စကားလေး မပြောနိုင်တော့ဘူးလား။ အောင်ဆန်းဘောလုံးကွင်းကြီးထဲမှာ၊ သုဝဏ ဘောလုံးကွင်း ကြီးထဲမှာ သီချင်းတွေ ဆိုနေကြတဲ့ နိုင်ငံကျော် အဆိုတော်ကြီးများ၊ အမျိုးသားညီလာခံမှာ သွားပြီး အငြိမ့်က နေကြသည့် လူရွှင်တော်ကြီးများ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး နှစ်ပတ်လည် ရုပ်ရှင်ဇာတ်ကားတွေကို ပျော်ပျော်ရွှင်ရွှင်ကြီး သွားရောက်ရိုက်နေကြသည့် မြန်မာနိုင်ငံက ရုပ်ရှင် အနုပညာရှင်များကို…. ပြည်သူ့ အတွက် စကားလေးတစ်ခွန်းလေးတောင် မပြောပေးနိုင်တော့ဘူးလား။ အဲဒါလေးပဲ ကျနော်ပြောချင်ပါတယ်။
ဇာဂနာ
(DVB - Interview မှ)
3 comments:
Is Zar Ga Nar the only artist who dare to stand up for Myanmar?
Aunty May Nyein, I want to copy and post in my multiply blog if you don't mind. Can I?? Thank you aunty. :)
My Respects to Ko Zar Ga Nar.
Post a Comment