Oct 20, 2007

ဖြန့်ဝေခြင်း(၅၂)

ခုတလော ဘာစာမှ မရေးနိုင်ဘဲ ရှိတုန်း ဖြန့်ဝေချင်တဲ့ ကောင်းနိုးရာရာလေးတွေပဲ တင်နေရပါတယ်။ ခုလည်း ကိုနစ်နေမင်း ဘလော့က ပို့စ်လေးတခု သဘောကျတာနဲ့ ယူတင်လိုက်ပါတယ်။

သေပြီတော်

နအဖရဲ့ ၀ါဒဖြန့်ချိရေး သတင်းစာ(သတင်းညာ)တွေ အင်တာနက်ဝက်ဆိုဒ်တွေမှာ ဖြစ်ချင်တိုင်း ဖြစ်နေတာကို မကြာခဏဆိုသလို တွေ့နေရပါရဲ့ဗျာ။

ပထမဦးဆုံးကတော့ သတင်းစာပါ နအဖဗိုလ်ချုပ်ကြီးများရဲ့ ဓါတ်ပုံတွေရဲ့ နောက်မှာ “ကမ္ဘာကျော် လူလိမ်ကြီးများ” ဆိုပြီး ရေစာနဲ့ပါလာတုန်းကတည်းက စလို့ အင်မတန် မှန်ကန်သော ရေးသားမှု ဖြစ်ကြောင်း မြန်မာပြည်သူများက အုတ်အော်သောင်းတင်း ဖြစ်ရလောက်အောင် ၀ိုင်းဝန်း ထောက်ခံခဲ့ကြလေရဲ့ ။

ဒုတိယတစ်ကြိမ်ကတော့ အင်္ဂလိပ်လိုထုတ်တဲ့ မြန်မာ့အလင်းသတင်းစာထဲမှာ “killer Than Shwe” နဲ့  “Freedom” စကားလုံးကို ခရီးသွားကြော်ငြာပုံစံနဲ့ ထည့်သွင်းခဲ့လို့ ပါ။

မကြာခင်ရက်ကလည်း ပြည်ပရောက် မျိုးချစ်မြန်မာပြည်သူတွေရဲ့ ဆန္ဒပြပွဲမှာ “Support The Monks, Free Burmaဆိုတဲ့ စာရွက်ကပ်ထားတာပါတဲ့ ဓါတ်ပုံကို အီရတ်စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲဆိုပြီး နအဖ သတင်းစာ ထဲမှာ ပါလာတာလည်း တကမ္ဘာလုံးက ပြည်သူတွေပါ ထင်ထင်ရှားရှားကြီး တွေ့ မြင်ကြရလေရဲ့။

အခုလည်း ကြည့်ပါဦး။ ဒီတစ်ခါကတော့ ဗေဒင်လက္ခဏာအဟောအပြောတွေ သိပ်ယုံတတ်တဲ့ နအဖတို့ အတွက် ရှေ့ပြေးနိမိတ်ဘဲ။ မြန်မာပြည်သူများသာမက တစ်ကမ္ဘာလုံးက ပြည်သူတွေရဲ့ အမုန်းပွားတာ ခံနေရတဲ့ နအဖဗိုလ်ချုပ်များ မကြာခင်မှာ ဇီဝိန်ချုပ်တော့မယ့် အလားအလာ ပြနေတာ။ ရဟန်းတော်တွေကို ပြစ်မှားခဲ့တဲ့ ကံကြီးထိုက်တော့မယ့် အခြေအနေလို့လည်း ပြောရနိုင်တယ်။ ရဟန်းတော်တွေကို စော်ကားခဲ့လို့ မိုးကြိုးပစ်ခံရပြီး သေသွားခဲ့တဲ့ ကြံ့ဖွတ်အတွင်းရေးမှူး အဖြစ်အပျက်ကလည်း သက်သေပြခဲ့လေရဲ့။ အမျိုးသား ညီလာခံကြီးကျင်းပနေတဲ့ အဆောက်အဦးရဲ့ မီးဖိုချောင်ကို မိုးကြိုးပစ်ခံခဲ့ရတာလည်း မှတ်မိကြမှာပေါ့။

ခု နိမိတ်ကြီးကတော့ “သေပြီတော်” တဲ့။ နအဖရဲ့ ၀ါဒဖြန့်ချိရေး အင်တာနက်ဝက်ဆိုဒ်ဖြစ်တဲ့ www.myanmar.com (http://www.myanmar.com/newspaper/nlm/index.html) မှာ (၁၈) ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာ (အင်္ဂလိပ်စာ) မှာပါတဲ့ အခြေခံဥပဒေရေးဆွဲရေးကော်မီတီ ဖွဲ့စည်းကြောင်း ကြေညာချက်ကို ရေးတင်ထားတာ “နေပြည်တော်” အစား “သေပြည်တော်”(တရုတ်သံလေးနဲ့ဖတ်ရင်)လို့ ရေးထားတာပါ။ ကြည့်ကြည့်ကြပါဦး။ အင်းးး... နအဖရဲ့ ဘ၀ရှေ့ရေးကတော့ လားလားမှ မကောင်း ...


1 comment:

adika said...

"N" and "T" on the keyboard are totally apart. Everyone who uses computer well know that. It's not a typo, it's intentional protest work from inside. 'You' are a hero whoever 'you' are.