Nov 8, 2007

ဖြန့်ဝေခြင်း(၆၀)


ကျွန်းရွက်များအကြောင်း အောက်မေ့မှု

ပြားချပ်သွားတဲ့ကမ္ဘာကြီးပေါ်က
ဖိနောင့်ပါးနေတဲ့
ပြားချပ်ချပ်ဖိနပ်တရံပေါ် ရပ်ရင်း
ငါဆွေးနေမိရဲ

မျက်ရစ်မပါတဲ့အချစ်နဲ့
ထူထောင်ခဲ့တဲ့ ခေတ်တခေတ်ဟာ
မင်းဖြစ်ခဲ့ပေါ့

ဂန္ဓာလရာဇ်သွေးနဲ့
ငါ့သားလေးရေ

မင်းတို့လူမျိုးတွေဟာ
လူတော်တွေပါ
လူပေါ်လူဇော်မလုပ်မိစေနဲ့

မင်းတို့လူမျိုးတွေဟာ
လူတော်တွေပါ
လူယုတ်မာတွေမဖြစ်မိစေနဲ့

မင်းတို့လူမျိုးတွေဟာ
လူတော်တွေပါ
သူတပါးတိုင်းပြည်ရဲ့အသွေးအသား
မပြစ်မှားမိစေနဲ့
သမိုင်းဆိုတာ

သားကြောဖြတ်လို့ရတဲ့အရာ
မဟုတ်ခဲ့

တို့နိုင်ငံရဲ့ ရွှေဝါရောင်တော်လှန်ရေး
သွေးနဲ့လက်ခမောင်းခတ်ခဲ့ပြီ

ပုရွက်ဆိတ်တွေရဲဘုံဝါဒ
အဓွန့်ရှည်ပါစေ
ခွေးအတွေရဲဘုံဝါဒ
ကျဆုံးပါစေ

တိန့်ရှောင်ဖိန်က
တိန်အန်မင်အရေးအခင်းကို
ရူးချင်ယောင်ဆောင်ခဲ့တယ်။

သစ်ကောင်းအိမ်
(
၇၊ ၁၁၊ ၂၀၀ရ)

No comments: