Jan 8, 2008

၂၀၀၈ထဲမှာ ဘာတွေ လုပ်မလဲ...

s0wha1 ကလေးက ၂၀၀၈မှာ ဘာတွေ သေသေချာချာ လုပ်ဖို့ ရည်ရွယ်ထားသလဲလို့ Tag ပါတယ်။

အင်းးး ကျမအတွက်ကတော့ ထုံးစံအတိုင်း… လုပ်စရာတွေ အများကြီးပဲပေါ့။

ပုံမှန်လုပ်နေကျ Radio Free Asia အတွက် အပတ်စဉ်ပညာရေးကဏ္ဍက ခုဆို ၈၅ပုဒ်တောင် ရှိပြီဆိုတော့ နောက်ထပ် အများကြီး ဆက်ရေးနိုင်ဖို့အတွက် အင်္ဂလိပ်လို ဖတ်ရတာကို စိတ်မရှည်တဲ့ကြားကပဲ စာတွေ အများကြီး ဖတ်ရပေဦးမယ်။

နောက်ထပ်တတ်နိုင်ရင်တော့ ကျောင်းဆရာမတယောက်အနေနဲ့ မူကြိုကျောင်းပညာရေးပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်ပညာရေးပဲ ဖြစ်ဖြစ် Teaching & Management နဲ့ ပတ်သက်တဲ့ ကျောင်းတခုခု ဆက်တက်ချင် တာပါပဲ။

ပြီးတော့ စက်တင်ဘာနောက်ပိုင်း စာအသစ်မတင်နိုင်တဲ့ ဘလော့လေးအတွက် စာပြန်ရေးနိုင်အောင် ကြိုးစားရဦးမယ်။

ထူးထူးခြားခြား ဆုံးဖြတ်မိတာတခုကတော့ ဒီတလော ကြုံနေ ကြားနေရတဲ့ သတင်းစကားတွေ အဖြစ်အပျက် တွေအရ.. ကိုယ့် ပတ်ဝန်းကျင်က မတရားသဖြင့်နိုင်လှတဲ့ ကိုယ်ကျင့်တရားဖောက်ပြန်မှုတွေ.. လိမ်လည် လှည့်ဖျားမှုတွေ.. အကျင့်ပျက်ခြစားမှုတွေ.. ခြေထိုးလုပ်ကြံမှုတွေကို ရန်သူ မိတ်ဆွေ မရွေး သိသိသာသာ ဖော်ထုတ် ဝေဖန်တဲ့ အလုပ်ကို ၂၀၀၈ခုနှစ်ကစပြီး အသေအချာ လုပ်တော့မယ် ဆိုတာပဲ။ (ဘလော့ဂါတွေလည်း ပါမှာနော် =)) … သတိသာထားနေကြပေတော့ :D)

ဒါဟာ ကျမတို့နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှုတွေ အပြင် ရပ်တည်နေတဲ့ နေရာတခုရဲ့ ဂုဏ်သိက္ခာတွေကိုပါ ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါဟာ စာရေးဆရာတယောက် ရဲ့ တာဝန်လည်းဖြစ်ပါတယ်။

အင်းးးး နောက်ထပ်ကတော့ ကျမရဲ့ အလွန်မြောက်များလှစွာတဲ့ ပရဟိတအလုပ်တွေထဲ စိတ်ရော.. လူရော.. အများကြီး ရှုပ်နေရဦးမှာ သေချာတာပါပဲ။

(ကဲ.. တာဝန်ကျေပြီနော်..ဒေါ်ဆိုးဝှတ်)


5 comments:

Hteink Min said...

ွှTeaching & Management ,ဖင်လန်မှာ အဲလို သင်တန်းတွေ ပုံနေတာပဲ၊ တီတို့နဲ့ဆို ကိုက်တယ်။ ဖင်လန်လာပါ။ ဖင်လန်မှာ PHD လာယူပါ။ ကြိုဆိုပါ၏ .. မလာရင် လင့်ဖြုတ်ပြစ်မယ် .. ဟက်ဟက်

Hteink Min said...

ဟူး အင်တာနက်မှာ ပေါက်ကရမလုပ်မှပဲ၊ တီတီ စသုံးလုံး လုပ်တော့မယ်တဲ့. အလုပ်သမားလိုလားမသိ။.. လျှောက်လွှာတင်ချင်လို့

s0wha1 said...

ကျေးဇူးကမ္ဘာပါ...ဟီးးး

Ka Daung Nyin Thar said...

တီတီငြိမ်း..

ပညာရေးစာမျက်နှာဆိုတာ ဘယ်ဝက်ဆိုဒ်ကို ပြောတာလဲ.. http://educationinmyanmar.blogspot.com/ ဟုတ်ဝူးလား။။ တခြား ပညာရေးဝက်ဆိုဒ် ရှိသေးလားဟင်။ ရှိရင် ကြောကြပါ..
ဟဲဟဲ တားတားက လက်လှမ်းမှီရာလောက်ပဲ စုထားတာ.. အမှားပါရင် ခွင့်လွှတ်နော်..

အန်တီငြိမ်း စိတ်သွားသည့်အတိုင်း အလုပ်အများကြီး လုပ်နိုင်ပါစေလို့ ဆုတောင်းရင်း

တူဒေါင်း (အန်)

Ka Daung Nyin Thar said...

ကျနော့်အိမ်အသစ်လေးကို အလည်လာပါဦး။ လုလုရဲ့ ဟင်းလျာများနဲ့ တည့်ခင်းဧည့်ခံထားပါတယ်။

kadaung.iblogger.org