Aug 14, 2009

ထူးအိမ်သင် ၅နှစ်ပြည့်...


Get this widget | Track details | eSnips Social DNA


ကိုငှက်ရေ.. ဘာလိုလိုနဲ့ ၅နှစ်တောင် ရှိပြီ..။ ဒါပေမဲ့ မနေ့တနေ့ကလိုပါပဲ...။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်တုန်းက အမေနဲ့ ဝေးနေတဲ့အခိုက် အမေ့အိမ်ကို လွမ်းလွမ်းနဲ့ ရေးခဲ့ ဆိုခဲ့တဲ့ သီချင်းလေးကလည်း ခုထိ လတ်ဆတ်ဆဲ..။ မဟောင်းသေးဘူး.. ကိုငှက်ရေ..။ ကိုငှက်နဲ့အတူ အမေ့အိမ်ကို လွမ်းခဲ့သူတွေမှာလည်း ခုထိတိုင် အဲဒီအလွမ်းက တမြေ့မြေ့လောင်မြိုက်ဆဲ..။ တချို့ခမျာမှာတော့ အမေ မရှိတော့ပြီဖြစ်တဲ့ အမေ့အိမ်တွေကို မှန်းဆရင်းနဲ့ပဲ ဝေးနေသေးတဲ့ ရွှေပြည်တော်အတွက်.. တိုက်ပွဲဝင်နေကြဆဲ...။ အဲဒီအခါ အမေ့အိမ်ကို လွမ်းတိုင်း.. "ထူးအိမ်သင်"ကိုလည်း လွမ်းကြရတော့တာပေါ့ ကိုငှက်ရယ်..။

11 comments:

MieMie said...

လွန်ခဲ့တဲ့ ၅ နှစ်က ကိုထူးအိမ်သင် ဆုံးသွားပြီလို့
သိလိုက်ရတဲ့အခါ ကိုယ့်မောင်နှမသားချင်းတယောက်
ဆုံးရှုံးသွားသလို နှမျောတသကြေကွဲခဲ့ရပါတယ်...
နောက်နှစ် ၅၀ မကလည်း သူ့အနုပညာက ကျမတို့ရင်ထဲမှာ ရှင်သန်နေဦးမှာပါ...

mie nge

rose of sharon said...

ဆရာမရေ... ဆရာမနဲ့အတူတူ လာလွမ်းသွားပါတယ်

MANORHARY said...

လွန်ခဲ့တဲ့ငါးနှစ်က ကိုငှက်ဆုံးပြီဆိုတဲ့သတင်းကြားတော့
ဆေးရုံပေါ်မှာ...ရောဂါတွေဘယ်ပျောက်သွားမှန်းမသိဘူး ခံစားချက်တွေပဲကျန်ခဲ့တဲ့ နေ့လေးတစ်နေ့ကို သတိရနေတယ် ..ခု အမေ့အိမ်တဲ့
အမေနေတဲ့အိမ်ကတော့ ဒီမှာပါပဲ ဒါပေမယ့် မိခင်နဲ့တူတဲ့ အမိမြေနဲ့ အမိတက္ကသိုလ်ကြိးကတော့
အဝေးကြီးမှာ..................
လောကရဲ့လမ်းများပေါ်လျှောက်သွားရင်း မောပမ်းနွမ်းနယ်နေခဲ့ပေါ့.........

သက်ဝေ said...

သီချင်းအစက ရထားသံဟာ ရင်ထဲကို နင်းကြိတ်ချေသွားသလိုပါပဲ...
ဆက်ပြီး နားထောင်ဖို့ အားမရှိတော့ဘူး...
အမေ့အိမ်ကို လွမ်းတယ်...
ကိုငှက်ကြီးကို လွမ်းတယ်...

သုခုမလေဒီ said...

ဆရာမ ဒီသီချင်းကြားရတာ ထူးအိမ်သင်ကို ပိုလွမ်းလာတယ်။ ၅နှစ်ပြည့်ဆိုတာလည်း လျှပ်တပြက် ပဲနော်။ ၅နှစ်ပြည့်အမှတ်တရ လာသွားပါတယ်။ ကိုထူးအိမ်သင်အတွက် ၁၅ရက်နေ့ ဆွမ်းကပ်ပါမယ်တဲ့။

တန်ခူး said...

မ ရေ… မနေ့ တနေ့ ကလို ပါပဲ… တကယ်… တခါတခါ သူရှိနေသေးတယ်လို့ ပဲ စိတ်ထဲမှာ စွဲထင်နေတယ်… အကြိုက်ဆုံးသူတယောက်မို့  ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး

Moe Cho Thinn said...

အစားထိုးမရတဲ့ အနုပညာရှင်တယောက်။
သူ့သီချင်းတွေနဲ့ ခံစားချက်တွေ ပိုနွေးထွေးခဲ့ရတာ။
ဘယ်လိုလုပ် မေ့နိုင်မှာလဲ။

Unknown said...

ဆရာမခမျာ..ကိုထူးအိမ်သင်နဲ့ ကိုတာရာမင်းဝေ ကိုမောင်နှမလေးလိုမျိုး စိတ်ထဲမှာအမြဲရှိနေ အမြဲအမှတ်ရနေတတ်တဲ့ ဆရာမရဲ့ နှလုံးသားကို လေစား ပါတယ်..။သူတို့နှစ်ယောက်ဟာလေ... အနုပညာမာန အလွန်ကြီးသူ...အနုပညာစွမ်းရည် အလွန်ကောင်းသူတွေပါ...။ ဘာ ပရောဂမှမပါပဲ..၊ ဘာမှမမှီဝဲပဲ သူတို့ဘ၀လေးလွတ်လွတ်လပ်လပ် ရှင်သန် သွားခဲ့ရရင် သိပ်ကောင်းမှာနော်..။

Unknown said...

သေသူကိုရှင်သူက တ ရတယ်
ထူးအိမ်သင်သေ
စိုင်းထီးဆိုင်သေ
မိုက်ကယ်ဂျက်ဆင်သေ
....................
.........................သေ

မင်းမရှိ ငါမရှိ
အားလုံးဘယ်သူမှမရှိ
မပြောင်းလဲတဲ့  ပြောင်းလဲခြင်းသာရှိ

Nge Naing said...

ဒီသီချင်းကို တောထဲမှာ ရဲဘော်တွေ အမြဲတမ်းဆိုလေ့ရှိတော့ အခုချိန်မှာ ဒီသီချင်းကို ပြန်ကြားရတိုင်း ပြည်တွင်းမှာ ကျန်ခဲ့တဲ့အိမ်ထက် တောထဲက မြင်ကွင်းတွေက ပိုပြီးလွှမ်းမိုးနေပါတယ်။

JulyDream said...

သီချင်းတွေကိုလည်း လွမ်းတယ်..
အမေ့အိမ်ကိုလည်း လွမ်းတယ်...
ကိုငှက်ကိုလည်း လွမ်းတယ်...