Nov 5, 2009

ရသမြစ်ဖျား








အဲဒီ ၁၉၉၅တုန်းက တိုက်တိုက်ဆိုင်ဆိုင် အင်တာဗျူးတွေအများကြီး လုပ်ဖြစ်တာ.. ခု ပြန်ကြည့်မှပဲ ကိုယ့်ဘာသာလည်း ပြန်သတိထားမိတယ်။ အဲဒီတ၀ိုက် စာလည်း အများကြီး ရေးဖြစ်နေခဲ့ပါတယ်။ ခုတင်ပေးထားတဲ့ အင်တာဗျူးက ၁၉၉၅ ဖေဖော်ဝါရီလထုတ် မဟေသီမဂ္ဂဇင်းမှာ စာရေးဆရာမ ခက်မာ က 'နဒီ'ဆိုတဲ့ နာမည်နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးပါ။ အဲဒီထဲမှာ 'အမျိုးသမီးတယောက် အနေနဲ့ မီးဖိုချောင်အလုပ်ကို အရည်အချင်းတခုလို့ မြင်လား'ဆိုတဲ့ မေးခွန်းအတွက် ကျမရဲ့ အဖြေကို Feminist တချို့က မကျေမလည် ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ အဲဒါက ကျမရဲ့ တကယ့် လက်ခံမှုပါ..။ အမှတ်တရပေါ့..။ (ပြောရရင်.. စာရွက်လေးတွေ သိမ်းထားတာ ကြာတော့ နွမ်းပြီး ပျက်စီးချင်နေပြီမို့ record လုပ်ချင်တာကြောင့် scan လုပ်ရင်းသားကနေ တင်ပေးလိုက်တာပါ)။

12 comments:

မိုးစဲနေ said...

မမေငြိမ်းရေ.အနုပညာအကုန်လုံးတော့ လုပ်ဖြစ်နိုင်ခဲ့ရင်တော့ ဖန်တီးနိုင်ခဲ့ရင်တကယ်ကံထူးတာပေါ့ဗျာ.
.ဒါပေမဲ့လည်း
ကိုယ် ခံစားရသလောက် ခံစားနိုင်သလောက် ဖွဲ့စည်းသွားတာကိုလည်း ကျေးဇူးတင်နေပါတယ်ဗျား..

tin min htet said...

တီချယ်ကြီးရေ လာဖတ်ဖြစ်ပါတယ်။

ခရီး အဆင့်ဆင့်၊ ဒါတွေ အားလုံး သယ်လာနိုင်တာ အံ့ဩပါရဲ့။

Rita said...

ပညာတတ်၊ မီးဖိုချောင် နိုင်နင်း၊ စီးပွားရှာ၊ ကလေးတွေကို ပြုစုပျိုးထောင်၊ လူမှုရေး ပြဿနာတွေ ဖြေရှင်း၊ လင်ယောက်ျားရဲ့ အမှုကိစ္စတွေမှာ ပံ့ပိုးကူညီ၊ အခက်အခဲတွေ ဒုက္ခတွေကို ခါးစည်းခံ အဲလိုလုပ်နိုင်တဲ့ မိန်းမဟာ...

(ဟုတ်တယ် တကယ်ရှိတယ်။ အတော်တော့ ရှားတယ်။ ကိုယ်တိုင်တော့ မဟုတ်ပါဘူး။ အင်းလေ မဟုတ်သေးပါဘူး လို့ ပြောရမယ် ထင်ပါတယ်။)

တခုလောက် ထပ်ဖြည့်ချင်သေးတယ် အစ်မ။ ... "အဲဒီ အရည်အချင်းတွေအတွက် အသားလွတ်လည်း မကြွားတတ်သော"... လို့။
:D

ဘာဖြစ်လို့လဲ ဆိုတော့ ဟုတ်ပင်ဟုတ်နေသည့်တိုင် အကြောင်းမဲ့ကြီး ထည့်ကြွားရင် သွားတော့တာပဲ။

ဒါတွေ အကုန်မလုပ်နိုင်သည့်တိုင် စိတ်ဓါတ်က အလိုလို ပြည့်နေတဲ့သူ ဆိုရင်တောင် impressive ဖြစ်စရာပါပဲ လို့ သတ်မှတ်ပါတယ်။

ဖတ်လို့ မပြီးသေးခင် ဒီနေရာ အရောက်မှာ ကွန်မန့် ရေးချင်စိတ်ပေါက်လာလို့။ အင်တာဗျူးအဖြေတွေရဲ့ အဓိက အချက်မဟုတ်မှန်းတော့ သိပါတယ် အစ်မ။ အစ်မပြောချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မဝင်ရေးတာ နဲနဲ လွဲတယ် ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ပြောချင်မိလာတာ။ :D

ဆက်ဖတ်လိုက်ပါဦးမယ်။
=)

မေငြိမ်း said...

မိုးစဲနေ..
(ပုန်းနေပြီးမှ ပေါ်လာတာပေါ့လေ..)။
ကျမကတော့ အနုပညာတွေက ဆက်စပ်နေတာမို့ အကုန်လုပ်နိုင်တယ်ဆိုတဲ့သူ ရှိမယ်ထင်တယ်..။ ဖိလုပ်ဖြစ်တာနဲ့ သိပ်မလုပ်ဖြစ်တာ အလေးအပေါ့ပဲ ကွာမယ်ထင်ပါတယ်။ ရှားတော့ ရှားမှာပေါ့လေ..။ ဥပမာ.. ခင်ဝမ်း၊ ဦးဝင်းဖေ၊ ဒါက အထင်ကရတွေ..။ အကုန်လုပ်နိုင်ပြီး အကုန်မလုပ်တဲ့သူတွေလည်း ရှိနေမှာလေ..။ ထူးအိမ်သင်.. နေမျိုးဆေး...ကျမ သတိရသလောက်..။ (အကုန်လုံး ပေါက်အောင်လုပ်နိုင်ဖို့တော့ ခဲယဉ်းမှာပေါ့နော်..)
ဟုတ်ပါတယ်..။ ဒါကြောင့်ပဲ မိုးစဲနေပြောသလို ကိုယ်တတ်နိုင်သလောက် လုပ်ခွင့်ရ.. လုပ်နေရတာကို ကျမကလည်း ကျေးဇူးတင်နေမိတာပါပဲ...။ :)

ငထက်ရေ..
ဒီလိုပဲ ဦးစားပေးအစီစဉ်နဲ့ သယ်ရတာပဲ..။ မဟုတ်ရင် ပြန်ရှာဖို့မှ မလွယ်တာကိုးး နော်။

မရီတာရေ..
အစ်မ စိတ်ထဲတော့ အဲလို မိန်းမတွေ အများကြီး ရှိတယ်တောင်ထင်တယ်။ အိမ်တအိမ်မှာ လင်ယောကျာ်းနဲ့ တန်းတူပဲ ဘွဲ့ရ.. အလုပ်တခုခုလည်း လုပ်ရ(၀န်ထမ်းဖြစ်ရင်ဖြစ်မယ်.. တခြားစီးပွားရေးလည်း ဖြစ်ချင်ဖြစ်မယ်).. သားရေးသမီးရေး အိမ်မှုကိစ္စ ဦးဆောင် စဉ်းစားဖြေရှင်းရ.. အိမ်မှာ ဖြစ်သမျှ ပျက်သမျှလည်း တာဝန်ယူရင်ဆိုင်ရ။ ဒီကြားထဲ လင်ယောက်ျားကများ တခုခု ဒုက္ခပေးရင် သားသမီးမသိတန်တာ မသိအောင် ဖုံးဖိပြီး ကျိတ်ရှင်းရတာမျိုး.. ဒါမှမဟုတ်လည်း တနည်းနည်းနဲ့ ရင်ဆိုင်နေရတာမျိုး..။
(အိမ်ထောင်သည်မဟုတ်ရင်လည်း အပျိုကြီးဘ၀နဲ့ မိသားစုဒုက္ခကို ရင်ဆိုင်ဖြေရှင်းနေကြရတာတွေ..။)
အဲလို နေနေကြရတဲ့ မိန်းမတွေ မြန်မာပြည်ထဲတော့ အတော့်ကို များတယ်လို့ အစ်မထင်တယ်။ အဲလိုမိန်းမတွေဟာ ထင်ထင်ရှားရှား ရှိချင်မှလည်း ရှိမယ်.. ဒါပေမဲ့ ယောက်ျားတယောက်ရဲ့ တန်ဖိုးဆိုတာတွေကို တန်းညှိနိုင်တာတော့ အမှန်ပဲ..။ တခါတလေ.. ယောက်ျားဆိုတာတွေ ထက်တောင် သာပါသေးတယ်။
အဓိက အစ်မပြောချင်တာကတော့ ဒါတွေဟာ မိန်းမတွေရဲ့ တန်ဖိုးတွေဖြစ်တယ်ဆိုတာကိုပါပဲ။ :)

မေငြိမ်း said...
This comment has been removed by the author.
တန်ခူး said...

မ ရေ… ဒီအင်တာဗျူးလေးကို အထူးပဲနှစ်သက်လှပါတယ်… ခါတိုင်း အင်တာဗျူးတွေလို အမေးတခါ အဖြေတလှည့်မဟုတ်တာကိုက ပိုပြီး အသက်ဝင်သလိုပဲနော်….
ပြင်းပြတဲ့ စိတ်အာရုံနဲ့ ဖန်တီးထားတဲ့ ဒီဘလော့လေးသာမရှိခဲ့ရင် ကျွန်မတို့ လဲ မေငြိမ်းရဲ့ အနုပညာလက်ရာအသစ်တွေကို ခံစားခွင့်ရမယ် မထင်ဘူးနော်… ဒီဘလော့လေးအတွက် ကျေးဇူးပါ မ ရေ…

မီးဖိုချောင်ပြင်ပက အမျိုးသမီးထုနဲ့ ပတ်သက်ပြီး ရှင်းပြသွားတာ လှလွန်းလို့ … ထိလွန်းလို့  စွဲမက်မိပါရဲ့ မ ရေ…

နဒီနဲ့  မသီတာ အတူတူပဲဆိုတာ ခုမှ သိရတယ် မ ရေ… မဂ္ဂဇင်းတွေ အကုန်လိုက်မဖတ်ဖြစ်ပေမယ့် ရွှေအမြုတေကို လတိုင်းဖတ်ဖြစ်တာမို့  မသီတာနဲ့ မဝေးဘူး မ ရေ…

winpapa said...

"ယောက်ျားတယောက်ရဲ့ တန်ဖိုးဆိုတာတွေကို တန်းညှိနိုင်တာတော့ အမှန်ပဲ..။ တခါတလေ.. ယောက်ျားဆိုတာတွေ ထက်တောင် သာပါသေးတယ်။
အဓိက အစ်မပြောချင်တာကတော့ ဒါတွေဟာ မိန်းမတွေရဲ့ တန်ဖိုးတွေဖြစ်တယ်ဆိုတာကိုပါပဲ။ "

I really love this , it is true . Thank you so much Ma May Nyane .
I am really proud for your sucess .

pandora said...

ရင်ထဲမှာ အစိုင်အခဲကြီးတခု တစ်ဆို့နေရင် ကဗျာရေးတတ်တယ် ဆို.....
တခါတလေ ကဗျာ ပြန်ရေးပါဦး အစ်မရယ်
ရင်ဘတ်ကြီးက ရှင်းလင်းလစ်ဟာနေတာတော့ မဟုတ်လောက်ပါဘူးနော်။

mtd said...

မငြိမ်း
မဟေသီအတွက် ဘယ်တုန်းကမှ အင်တာဗျူး မလုပ်ပေးခဲ့ဖူးပါဘူး။ ပေဖူးလွှာအတွက်သာ ၁၉၉၀မှာ လေးနက်နာမည်နဲ့ လုပ်ပေးခဲ့ဖူးတာပါ။ နဒီဆိုတာ ဘယ်သူမှန်းလည်း မသိပါဘူး။ လေးနက်နာမည်နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ မေးခွန်းတစ်စုံတည်းကို စာရေးဆရာ သုံး လေးယောက်က ဖြေရတာမျိုးပါ။ ၀တုတိုအကြောင်းပဲ သီးသန့်မေးခဲ့ပြီး “ရောင်စဉ်များရဲ့ အဇျတနဲ့ ရသနယ်ခြား အတွင်းရေး“ဆိုပြီး ၁၉၉၉မှာ လုံးချင်းပြန်ထုတ်တာပါ။ အခုအင်တာဗျူးကို မဖတ်ဖူးပါဘူး။ ကာယကံရှင် နဒီအပေါ် စော်ကားသလို ဖြစ်မိမှာ စိုးလို့ ရှင်းပြရတာပါ။ သူက အခု အင်တာဗျူးအတွက် အားထုတ်ထားသူပါ။
မသီတာ(စမ်းချောင်း)

mtd said...

မငြိမ်းရေ
ခုမှ ထပ်သတိထားမိတယ်။ အင်တာဗျူး ပါတဲ့လက
၁၉၉၅ ဖေဖော်ဝါရီဆိုတော့ မသီတာက အင်းစိန်ထောင်မှာ တီဘီ ဖြစ်လို့ ကောင်းတုန်းပါ။ နဒီဆိုတာ ဆရာမောင်ခိုင်မာများ ဖြစ်နေမလား။ ပြန်စဉ်းစားပေးပါဦး။ သိချင်လို့ပါ။
မသီတာ(စမ်းချောင်း)

မေငြိမ်း said...

မသီတာရေ..
မငြိမ်းကတော့ သိပ်မလွဲရှာဘူး။ စိတ်ထဲ ဘယ်လိုများ မသီတာလို့ မှတ်မိနေတယ် မသိဘူး။ ဒါနဲ့ စဉ်းစားတော့ ကိုယ့်ရင်းနှီးတဲ့အထဲက အမျိုးသမီးပဲပေါ့လေ..ဆိုပြီး စဉ်းစားတာ..။ ကဲ .. ခက်မာမေးကြည့်ရင် သိမှာပဲလို့ မေးတော့.. ဟီးး တည့်တည့်ကြီးတိုးပါရော..။ "နဒီ"ဆိုတာ ခက်မာဗျ..။ (ရွှေတလုံးပဲ လွဲတယ်ဆိုတာလိုပဲ)။ ဒါနဲ့ ဘွာတေးဘွာတေး လုပ်လိုက်ရ..။ ခုလည်း ပြင်လိုက်ပြီနော်.. ဘွာတေး..။

mtd said...

မငြိမ်းရေ
ဖြစ်မှ ဖြစ်ရလေ။ နဒီဆိုတာ ခက်မာလို့ ထင်မိသလိုတော့ ရှိသား။ ဒါပေမယ့် ကိုယ် လုံးဝမရှိခဲ့တဲ့ ကာလမို့ နဒီငါးသွယ်ကဗျာစာအုပ် လုပ်ခဲ့ဖူးတဲ့ မောင်ခိုင်မာများလားလို့။ ခနဲ့မ ပါတာလေးတော့ တူသား။ ဘာပဲဖြစ်ဖြစ် ခက်မာသာ ဒီအင်တာဗျူးအတွက် မှတ်တမ်းရသင့်တာမို့ တော်ပါသေးရဲ့။ မထင်မှတ်ပဲ သတိထားမိသွားပေလို့။
မသီတာ(စမ်းချောင်း)