Sep 5, 2007

ဖြန့်ဝေခြင်း(၈)

ပြည်သူလူထုကြီးတရပ်လုံး အန္တရာယ်ကင်းကင်းနဲ့ လုပ်နိုင်တဲ့ တနိုင်တပိုင် နိုင်ငံရေးပါ။
ဒါဟာ လူ့အခွင့်အရေး အတွက် တိုက်ပွဲတပွဲလည်း ဖြစ်ပါတယ်။
စစ်ကျွန်အဖြစ် နွံမနစ်ဖို့အရေးအတွက် ကြိုးစား လမ်းလျှောက်ကြပါစို့လားးးး။

စောစောအိပ်လို့ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့

ရန်ကုန်မြို့နေ လိုင်းကားကိုသာ အားကိုးအားထားပြုနေရသော အစိုးရ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ နှင့် ကုမ္ပဏီဝန်ထမ်းများ၊ အလုပ်သမားများနှင့် နိစ္စဓူဝ သွားလာ ရုန်းကန် လှုပ်ရှား နေရသော လူထုအားလုံးအား အောက်ပါအတိုင်း လေးစားစွာ အကြံပြုအပ်ပါသည်။
သေရေးရှင်ရေး၊ အရေးကြီးသော လုပ်ငန်းများမှအပ၊ နိစ္စဓူဝ လှုပ်ရှားရုန်းကန် လုပ်ကိုင်နေရ သော နေ့စဉ်အလုပ်သို့ (မိမိသွားလိုရာ အလုပ်သို့) နံနက်စောစောထကာ လမ်းလျှောက်၍ သွားခြင်းကို (၅၊ ၉၊ ၀၇) ရက်နေ့မှစ၍ စုဖွဲ့၍ သွားခြင်းမျိုးမဟုတ်ဘဲ မိမိအစီအစဉ်နှင့်မိမိ လမ်းလျှောက်၍ သွားကြပါရန် ပန်ကြားအပ်ပါသည်။
လမ်းလျှောက်ခြင်းအားဖြင့်
၁။ ကျန်းမာရေးနှင့် ညီညွတ်ခြင်း
၂။ ငွေကြေး အကုန်အကျ သက်သာခြင်း( မိသားစုအတွက် အပိုဝင်ငွေ စုမိခြင်း)
၃။ အများအကျိုးအတွက် ဘ၀ကိုစွန့် အဖမ်းအဆီးခံနေရသော ဆန္ဒထုတ်ဖော်သူများကို ကရုဏာ သက်ရာရောက်ခြင်း၊
၎။ ကုန်ဈေျးနှုန်းတက်ခြင်း၊ ကားခဈေးတက်ခြင်းတို့ကို မိမိကိုယ်တိုင်က လက်မခံခြင်းကို ငြိမ်းချမ်း စွာ (မိမိဘာသာ) ဆန္ဒပြခြင်း
ထိုကဲ့သို့ သဘောပိုက်ကာ နှစ်ဆင့်သွားရမည့် ခရီးကို တစ်ဆင့်သာ ကားစီး၍ ကျန်တစ်ဆင့်ကို လမ်းလျှောက်၍ သွားကြပါရန်၊ မိမိလျှောက်နိုင်သလောက်အပိုင်းကိုသာ လျှောက်ခြင်းအားဖြင့် ကိုယ်ကျိုး မဖက် ဘ၀ကိုစွန့်လွှတ်၍ အများအကျိုးအတွက် အဖမ်းဆီးခံ ဆန္ဒပြ လမ်းလျှောက်သူ တို့အား လေးစားဂရုဏာသက်ခြင်းကို ပြကြပါရန် အနူးအညွတ် ပန်ကြား၊ တိုက်တွန်း၊ နှိုးဆော် လိုက်ပါသည်၊

မှတ်ချက်။ ။ ငြိမ်းချမ်းစွာ လမ်းလျှောက်ခြင်းအားဖြင့် မိမိဆန္ဒကို လွတ်လပ်စွာ ဖေါ်ထုတ်နိုင်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဆန္ဒပြုလိုက်ပါသည်။

ယင်းအစီအစဉ်ကို နီးစပ်ရာ လုပ်ဖေါ်ကိုင်ဖက်များ၊ အိမ်နီးချင်းများမှတဆင့် ဖြန့်ဝေပေးပါ။

ငြိမ်းချမ်း(လမ်းလျှောက်နေသူတစ်ဦး)

ဒီမှာက Original ပါ။




3 comments:

pkw said...

I strongly would like to recommend your advice .It can make strength in personal belief and participation with others who love democracy and freedom.

wkthu said...

I do like this rule as I started to foot at ygn till now.
I accept & request to all to do like this in this rule.

Unknown said...

သိပ်ကြိုက်တယ်..သိပ်ပြီးကောင်းတဲ့နည်းလေးဘဲ။ အားလုံးလည်း အလွယ်တကူ လိုက်လုပ်လို့ ရတယ်. ကိုငြိမ်းချမ်း ထောက်ပြထားတဲ့ ဒီနည်းလမ်းလေးဟာ လူထုအားလုံးပါဝင်နိုင်တဲ့ အမြင့်ဆုံးအဆင့်အထိ ဆွဲတင် သွားနိုင်တဲ့ အလွယ်ဆုံး အရိုးဆုံးနဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်...
မျက်စိထဲမြင်ကြည့်ပါ. ပုံဖေါ်ကြည့်ပါ. လိုက်လုပ်ကြည့်ကြပါ. ကိုယ့်အနီးစပ်ဆုံး ပါတ်ဝန်းကျင်ကို ခေါ်ဆောင်နိုင်ကြပါစေလို့...........

သေးသေးလေးပါဘဲ. ဒါပေမဲ့
အဲဒါ အနုမြူ ။

မောင်ပေစိ ( Pea Ce )