Sep 9, 2007

တောင်းပန်ပါရစေ…

ဒီနေ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုဂျင်မီ သေဆုံးတယ် ဆိုတဲ့ သတင်း ထွက်လာ ပါတယ်။ ဒါဟာ မကောင်းပါဘူး။ ဒီနေရာမှာ စဉ်းစားစရာက…
ကိုဂျင်မီ ဆုံးတယ်လို့ သတင်းလွှင့်ပြီး ဇနီးဖြစ်သူ (လောလောဆယ် ရှောင်တိမ်းနေတဲ့) မနီလာကိုပဲ ထောင်ဖမ်းချင်လို့ အကွင်ဆင်တာလား။ ဒါမှမဟုတ်.. တကယ်ပဲ စိုးရိမ်ပူပန်စရာ ကောင်းလောက်အောင် နှိပ်စက်ခံနေရလေ သလား..။ ဒါမှမဟုတ် ကျောင်းသားခေါင်းဆောင်တယောက်.. လောလောဆယ် ၄လအရွယ် သမီးလေးရဲ့ အဖေအဖြစ် .. ဇနီးကိုယ်တိုင် ရှောင်တိမ်း ပုန်းအောင်း နေရတဲ့အတွက် လူတကာ ဂရုဏာသက်နေရတဲ့ ကိုဂျင်မီ သေသွားတယ်ဆိုတဲ့သတင်းဟာ ပြည်သူလူထုဆီကို ဘယ်လောက် ရိုက်ခတ်သလဲ ဆိုတာကိုပဲ သွေးတိုးစမ်းလေသလား။
ဘာပဲဖြစ်ဖြစ်.. အင်မတန် စိတ်ထိခိုက် တုန်လှုပ်စရာကောင်းတဲ့ သတင်းပါပဲ။



သေချာတာကတော့ စစ်အစိုးရဟာ ခုထိတော့ လူထုအပေါ် တရံတဆစ်မှ လိုက်လျောရိပ် မရှိတဲ့အပြင် ငတ်တာ ကို ငြိမ်ခံပြီး သေရင်သေ.. မသေလို့ ငြိမ်မခံရင် ရိုက်သတ်မယ်လို့ စနစ်တကျ ပြင်ဆင်နေတာတွေတောင် ရှိနေတာ အထင်အရှားပါ။

တကယ်တော့ ဒီတစ်ပွဲဟာ ပြည်သူလူထုကို ထိခိုက်လွန်းအားကြီးလို့ ဖြစ်ရတာပါ။ ခုတော့ ပြည်သူလူထု အနာကို ကိုယ့်အနာအဖြစ် ခါးစည်းခံသူတွေဟာ ဒုက္ခတွေ ရောက် သထက် ရောက် နေကြရပါပြီ။ ကျမတို့ နိုင်ငံဟာ သိပ်နာနေပါပြီ။

ခုဆို ကျမတို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေအတွက် အထွတ်အမြတ်ဖြစ်တဲ့ ရတနာသုံးပါးထဲက တပါးဖြစ်တဲ့ ဘုရားသားတော်သံဃာများကို လူထုဘက်က ရပ်တည်တဲ့အတွက် လူထုရှေ့မှာပဲ နှိပ်စက် ညှင်းပမ်း နေပါပြီ။
ဒါဟာ စစ်အစိုးရ ရဲ့ ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ ကြမ်းကြုတ် ရက်စက်မှုပါပဲ။


ဒီနေရာမှာ ကျမ စဉ်းစားနေမိပါတယ်။
မီးများ မီးနိုင် .. ရေများ ရေနိုင် ဆိုတာလို ကျမတို့ လူထုဘက်ကသာ အားကောင်းရင် လူနည်းစုလေးသာဖြစ်တဲ့ ကြံ့ဖွံ့တွေ စွမ်းအားရှင်ဆိုတဲ့ လူမိုက်တုံးတာတွေကို မနိုင်နိုင် ဘူးလား။ ဒီတပွဲဟာ စစ်အစိုးရ မိုက်ဇာတ်သိမ်းဖို့ အသင့်ဆုံး အကိုက်ဆုံးအချိန်ပါ။ တခုပါပဲ.. အားလုံးညီညီ ထွက်ကြဖို့ပါပဲ။ ကျမတို့ လူထုက သန်း၅၀ကျော် တောင် ရှိတာပါ။ သူတို့ ရာဇ၀င်လူဆိုးများ.. သမ္မတ လူကြမ်းများအဖွဲ့တွေက တသန်း မပြည့်ပါဘူး။

တကယ်လို့သာ ဒီတပွဲမှာ လူထုကြီးဘက်က အလျှော့ပေးလိုက်မယ်ဆိုရင်တော့ နောက်ထပ် ကျမတို့ နိုင်ငံရဲ့ မျိုးဆက်သစ်တွေဟာ တကယ့်ကို နွံတောကြီးထဲ တောက်လျှောက် နစ်သွားတော့မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူ လူထုကြီးကို တောင်းပန်ချင်တာကတော့…
ခု လူထုကြီးရဲ့ ဆင်းရဲဒုက္ခ တွေကနေ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့လို့ ဖမ်းဆီး ခံ ထား ရ သူတွေ.. နှိပ်စက်ခံနေရသူတွေ.. အန္တရာယ်ကြီးစွာနဲ့ ရှောင်ပုန်းနေကြရသူတွေ..

အဲဒီ လူထုကိုယ်စားလှယ်တွေ အားလုံးကို ကယ်ထုတ်နိုင်မယ့်သူ..
နောက်ဆုံး…
ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်လာအောင် လုပ်ပေးနိုင်တဲ့ သူဆိုတာဟာ လူထုကြီးသာ ဖြစ်တာမို့.. လူထုရှေ့ဆောင်များရဲ့ နောက်ကနေ
ကြိုးစား လိုက်ပါ အားပေး လှုပ်ရှား ပေးကြပါလို့ တောင်းပန်ချင်ပါတယ်ရှင်..။

မေငြိမ်း
၉ စက်တင်ဘာ

စကားကြွင်း…
ကျမကို "သူကျတော့ အပြင်ကနေပြီးတော့ ပြောနေတယ်" လို့ အပြစ်ဖို့ရင်တော့ ကျမမှာ စိတ်မကောင်းစွာ နဲ့ ပြန်ပြောစရာ တခုပဲ ရှိပါတယ်။ ကျမတို့ အပြင်ကလူတွေ အေးအေး မနေနိုင်ဘဲ ခုလို ပြောနေရတာဟာ လူထုကြီးအတွက် ပူပန်ရလွန်းလို့သာ ပြောနေတာပါ.. ဆိုတာပါပဲ။

5 comments:

Yuyu said...

I think they are just creating rumors to make things worse. So all the people will be coming out of the streets which will creat another 88 and one of the Gyi (General) group will take over the power again.
They are not that stupid enough to know there will be the uprising if they raised the gas price this high.
However they underestimate the power of people and power of the internet. We didn't have internet to connect globally in 88.
We should be more organized,disiplined and very cautious this time.

စိုးဇေယျထွန်း said...

နာမည်တူလူတစ်ယောက် ထောင်ထဲတွင် သေဆုံးခြင်းသာ ဖြစ်ပါကြောင်း ................

လော်စပီကာ said...

ခလေးကိုတယောက်ယောက်ကခေါ်သွားပြီးတော့ အမေဆီ ကိုပို့ ပေးရင်ရော?

Sit Aung said...

I don't know who spread the rumors. But what I hate is the way media , especially DVB treated to Jimmy and Pyone Cho families. DVB provoked them to cry with their questions. This is against the ethic codes for radio journalism. They must check the reliability of their informations and also restrain from exploit concern and felling of family members.

Saw Naga said...

This time is a serious time but a great chance for the whole myanmar people. so nobody should believe without seeing surely.
but we must be brave and try hard now. especially, must be unity and discipline.
everybody must brave for their great chance which give us fair lives.