ငယ်ငယ်က ၈တန်းကျောင်းသူအရွယ်မှာ.. ကဗျာအတိုအစတွေ ဗလာစာအုပ်သပ်သပ်ထားပြီး ရေးတတ်နေပြီ။ နောက်တော့ ၁၀တန်းလောက်မှာ ၀တ္ထုတွေအဖတ်များပြီး ရည်းစားဆိုတဲ့ ဝေါဟာရမှာ စိတ်ကစားတတ်လာတော့ ရည်ရွယ်တဲ့သူ ရှိရှိ မရှိရှိ.. ရည်းစားစာကောင်းကောင်းတွေ ရေးနေတတ်ပြီ။ သူငယ်ချင်းယောက်ျားလေးတွေအတွက် ရည်းစားစာတွေ ကူ ကူ ရေးပေးရတာလည်း မှတ်မိတယ်..။ နောက်တော့ အသက် ၁၇နှစ်လောက်.. တက္ကသိုလ်တက်စမှာ… အသည်းလည်း ကွဲတတ်ပြီ။
သေချာတာကတော့ အချစ်ဆိုတာအပေါ် သေသေချာချာ ပျော်ဝင်ခံစားတတ်တယ် ဆိုတာပါပဲ..။ အဲဒါကြောင့် ကြိုက်တဲ့ ၀တ္ထုတွေကတောင် အချစ်အပေါ် အခြေခံမှ ကြိုက်တာ..။
အသက် ၂၃နှစ်အရွယ်… အချစ်ဆိုတာကို အပြင်းထန်ဆုံး ခံစားလေ့တဲ့ အရွယ်မှာ အချစ်ဘ၀ဆိုတာ အိမ်ထောင်ရေးပဲလို့ မှတ်ထင်ခုန်ချခဲ့။ ဒါဟာ အချစ်တဲ့လားလို့ မူးမူးထွေထွေ သီချင်းတွေ အော်ဆို..။ အသည်းကွဲပေမဲ့.. ဒဏ်ရာရပေမဲ့.. နောင်တ မရတတ်ခဲ့…။
နောက်တော့….
ငယ်ငယ်က ချာတိတ်အရွယ် ကျောင်းနေတုန်း..
လူတကာလိုမဟုတ်ဘူး အရမ်းကိုဆိုး..
လူလိမ်မာတော့ မဖြစ်ချင်ခဲ့.. ခုတော့ ဘယ့်နှယ်လဲ…ဆိုတဲ့ ၀င်းမင်းထွေးနဲ့ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်က ကိုယ်နဲ့ လာအံကိုက်ခဲ့..။
ဂငယ်ကွေ့တွေအပြည့်နဲ့ လမ်းပေါ်မှာ.. လျှောက်ခဲ့ဖူးပြီလေ…
ငါနေထိုင်လာခဲ့တဲ့ နှစ်က ၃၀.. မယုံနိုင်ဘူး ရုပ်ရှင်ကြည့်ရသလို ဘ၀က ဆန်းကြယ်တယ်….။
တကယ်ပဲ ကိုယ့်ဘ၀ဇာတ်အနာက ဒရာမာ ရုပ်ရှင်တကားလို…။
အံ့သြစရာကောင်းတာက အဲဒီနာကျင်စရာ ဘ၀ကို စိတ်မနာဘဲ.. အဲဒီဖြတ်သန်းမှုကိုပဲ အနုပညာတခုလို သဘောကျ..။ ဒါကြောင့်လည်း ရူးသွပ်နိုင်ခဲ့ပေတာ…။
ဒီလိုနဲ့.. ခုတော့ လူ့သက်တမ်းရဲ့ ၃ပုံ ၂ပုံ ကျိုးပြီ…။
၄၅ နှစ်မြောက်ဆိုတာ…. နီလာရတု..တဲ့။
အင်း.. တန်ဖိုးအားဖြင့် ရှိတန်သလောက်ရှိတဲ့ ကျောက်မျက်အပြာ..
သူ့အပြာက မှော်ဆန်တယ်.. အေးတယ်.. ရင့်မာတယ်… ပြီးတော့ ခိုင်ကျည်တယ်…။
ဒါဖြင့်.. ကိုယ်ကရော.. ၄၅ မှာ ခိုင်မာ တည်ငြိမ် အေးချမ်းပြီလား…။
ရောင့်ရဲ ကျေနပ်နိုင်မှုတွေ အရင်ကထက် ပိုများလာတာတော့ သေချာတယ်…
ဘ၀ထဲ ပို ပို နေပျော်လာတယ်…
လက်ရှိဖြစ်တည်မှုကို ချစ်တတ်လာတယ်…
အသက်ရှင်နေထိုင်မှုအတွက် မေတ္တာတရားသာ အရေးပါဆုံးလိုအပ်ချက်ရယ်လို့ အမြင်ပြတ်သားလာတယ်…
လောကကို ကျေးဇူးတင်တတ်လာတယ်..
သဘာဝတရားကို ပို မြတ်နိုးတတ်လာတယ်..
သတ္တ၀ါတွေအပေါ် ပို ကြင်နာတတ်လာတယ်..
တန်ပြီ။
++++++
ချစ်ရတာတွေထဲမှာ မြို့မငြိမ်း ပါသလို.. The Beatles လည်း ပါတာပေါ့.. John Lennon လည်း ထိပ်ဆုံးနားမှာ ပါတာပေါ့..။ Imagine ကို သိပ် ယုံကြည်ကိုးကွယ်တာပေါ့…။ ပြောနိုင်ပါတယ်.. ကျမကိုလည်း အိပ်မက်သမား..လို့။ ဒါပေမဲ့ ကျမလည်း ယုံတာပဲ.. ဒါဟာ လူတိုင်း နှစ်ခြိုက်နိုင်မယ့် လမ်းတလမ်းဆိုတာ…။
Imagine there's no Heaven+++++++
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today
Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace
You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one
Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world
You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one
ဒီလိုနဲု့ နီလာရတု ကို ကျော်ဖြတ်လာရပြီဆိုတဲ့အခါမှာတော့ မကြာခဏ နားထောင်ရတဲ့ သီချင်းက When I’m 64 ဖြစ်သွားပြီ…။ Paul McCartney က ၆၄… ဆိုတဲ့ အသက် အပိုင်းအခြားကိုမှ ဘာလို့ ရွေးခဲ့လဲ.. ကျမ မသိပါ…။ ဒါပေမဲ့…
When I get older losing my hair,တကယ်ပဲ အသက် ၆၄မှာ ကျမ ဆံပင်ဖြူတွေ ကျွတ်နေရော့မယ်…
Many years from now,
Will you still be sending me a valentine
Birthday greetings bottle of wine?
If I'd been out till quarter to three
Would you lock the door,
Will you still need me, will you still feed me,
When I'm sixty-four?
oo oo oo oo oo oo oo oooo
You'll be older too, (ah ah ah ah ah)
And if you say the word,
I could stay with you.
I could be handy mending a fuse
when your lights have gone.
You can knit a sweater by the fireside
Sunday mornings go for a ride.
Doing the garden, digging the weeds,
Who could ask for more?
Will you still need me, will you still feed me,
When I'm sixty-four?
Every summer we can rent a cottage
In the Isle of Wight, if it's not too dear
We shall scrimp and save
Grandchildren on your knee
Vera, Chuck, and Dave
Send me a postcard, drop me a line,
Stating point of view.
Indicate precisely what you mean to say
yours sincerely, Wasting Away.
Give me your answer, fill in a form
Mine for evermore
Will you still need me, will you still feed me,
When I'm sixty-four?
ခြေလက်တွေလည်း အားလျော့လို့…
မျက်လုံးတွေက ဝေသီလို့..
ခုလို ညနေခင်း ခင်ပွန်းသည်နဲ့ ၀ိုင် အတူတူသောက်ရင်တောင်မှပဲ ခပ်ပါးပါးတခွက်ဆို ကျမ မူးပြီး စောစော အိပ်ချင်လာတော့မယ်။ ခုလို စကားတွေဖောင်ဖွဲ့ ပြောနိုင်ပါဦးမလား..။
အဲဒီအခါ ချစ်တဲ့သူက ဟိုးတုန်းကထက် မလျော့တဲ့ ချစ်ခြင်းနဲ့ ချစ်ဖို့ဆိုရင်တော့ဖြင့် မေတ္တာတရားကိုသာ အားကိုးရပေတော့မယ်..။
++++++
အသက် ၆၄နှစ်မှာတော့ ခြံဝန်းကျယ်ကြီးထဲ တနိုင်တပိုင် စားပင် သီးပင်ကလေးတွေ စိုက်လို့ နေချင်တယ်..။ မနက်ခင်းတွေမှာ ခြံထဲ သစ်ပင်အောက်မှာ .. နေရောင်ခံရင်း အဖိုးကြီး အဖွားကြီး နှစ်ယောက် လဘက်ရည်သောက်မယ်.. ငှက်ကလေးတွေ ကြည့်မယ်… ပန်းပင်တွေ ကြည့်မယ်..။ ပြီးရင် အဖိုးကြီးက သူ့တိုလီမိုလီအလုပ်တွေနဲ့ ရှုပ်…။ အဖွားကြီးကျမကတော့ စာဖတ်.. စာရေး.. ။ ကျမကတော့ သီချင်းတွေလည်း နားထောင်ချင်နေဦးမှာ ထင်ပါတယ်။ အဲဒီအချိန်ထိ Linda Ronstadt သီချင်းတွေလည်း ရှိနေစေချင်သေးတယ်…။ Love is a Rose တို့ Blue bayou တို့ပေါ့..။ သားသမီးတွေ မြေးတွေ မရှိတဲ့ အချိန်ဆိုရင်တော့ အဖွားကြီးက Mamma Mia အခွေကို ဖွင့်ပြီး Meryl Streep နဲ့ အပြိုင် ABBA သီချင်းတွေ လိုက်ဆိုဦးမှာ…။ ဗုဒ္ဓတရားကို အချိန်တကူးတကယူ မပွားများ တတ်ပေမဲ့ သတ္တ၀ါတွေကို မေတ္တာထားပြီး သတိကို အမြဲ စောင့်ကြည့်နေရင်.. ဒါဟာ ဘာဝနာပဲ မဟုတ်လားနော်…။
ခင်ပွန်းကလည်း စိုက်ခင်းလယ်ကွင်းပြင်ကျယ်ကြီးထဲမှာ သားသမီး မြေးမြစ်တွေပါ တစုတဝေးတည်း မိသားတစု အိမ်တလုံးစီနဲ့ မိသားစုရွာ တည်နေချင်တာတဲ့…။ ဟုတ်တယ်.. ဒါမှ မနက်လင်းတဲ့အခါ အလုပ်သွား ကျောင်းသွားမယ့် သားသမီးမြေးမြစ်တွေအတွက် မနက်စာ ကောင်းကောင်း ကျမ ပြင်ဆင်ကျွေးနိုင်မှာ…။ သူတို့ အသီးသီး ထွက်သွားကြတဲ့အခါ အဖွားကြီးရဲ့ ကိုယ်ပိုင်ချိန် တနေကုန်မှာ.. စာတွေ ဖတ်.. စာတွေ ရေး.. ပန်းချီတွေတောင် ဆွဲနိုင်သေးးး
နွေအားလပ်ရက်တွေဆိုရင်တော့ အခုအချိန်တွေလိုပဲ မိသားစုကြီး တစုတဝေး အပန်းဖြေခရီး ထွက်မှာပေါ့…။ တောင်ပေါ်ရွာလေးတွေမှာ အိမ်တလုံး လုံးချင်းငှား.. ဒါမှမဟုတ်.. ပင်လယ်ကမ်းခြေမှာ.. ။ ဒါမှမဟုတ်.. ကျေးလက်တွေဘက်…။ အချင်းချင်းမတည့်တဲ့ သားသမီးတွေ ပါရင်လည်း အဖိုးကြီးအဖွားကြီးနှစ်ယောက် ကူရှင်းပေါ့..။ ပြီးတော့မှ ကွယ်ရာမှာ သားသမီး မြေးမြစ်တွေရဲ့ အတင်းကို ပြောရင်း စိတ်ညစ်ညစ်နဲ့ ခေါင်းချင်းဆိုင် ပြုံးရယ်ကြမယ်..။ ချစ်တတ်မယ်ဆိုရင် အရာရာဟာ ပြုံးစရာ လို့ ယုံပါတယ်..။ အဲဒီအခါ ၆၄နှစ်ဆိုတာ.. ခု ၄၆နှစ်နဲ့ ဘယ်လောက်မှ မကွာ…။ စိတ်ထားတတ်ဖို့သာ လိုပါမယ်…။
++++
၆၄နှစ်မှာ.. လူ့လောကထဲ ကျမ နေခွင့်ရနေသေးတယ်ဆိုရင် ကျမ ရောဂါဝေဒနာ တခုခု ခံစားနေရတာလည်း ဖြစ်နိုင်တယ်.. ဒါမှမဟုတ် ကျန်းမာပကတိနဲ့ ခုလိုပဲ လှုပ်လှုပ်ရှားရှား သွားသွားလာလာ.. အလှတွေပြင်လို့ ခေတ်မီမီ အဖွားကြီးအဖြစ်နဲ့လည်း ရှိနေနိုင်သေးတယ်..။ ဘာပဲဖြစ်ဖြစ်... ဘ၀ကို စုံမက်တတ်တဲ့ ကျမကတော့ နေပျော်မှာ...။
အင်္ဂလိပ်တွေကတော့ ၇၀ သက်တမ်းဟာ ရွှေဖြူရတု..တဲ့။
မြန်မာအယူအဆမှာတော့ ပထမစိန်ရတု .. တဲ့။
၆၀..၆၄နှစ်ဆိုတာတွေအတွက် တန်ဖိုးသတ်မှတ်ထားတာ မရှိပေမဲ့ .. တန်ဖိုးရှိတဲ့ ရတု တခုခုတော့ ဖြစ်ရမှာပေါ့…။
ရတနာရတု တခုခုပေါ့လေ...။
အဲဒီအခါ.. ကျမကတော့ ကြည်အေးပြောတဲ့..
“ကျမချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်..” ဆိုတာကို သက်ဝင်သူပီပီ
ကျမချစ်တဲ့ သံသရာနှောင်ကြိုးတွေထဲ အရစ်ပတ်ခံရင်း..
ရောက်လာဦးမယ့် ရွှေရတုတွေ.. စိန်ရတုတွေနဲ့ အမည်ပေးမထားတဲ့ ရတုများစွာကို
ခုလိုပဲ ကိုယ်လုပ်ချင်တာတွေ လုပ်ရင်း စိတ်ကူးယဉ် သာယာရင်း စိတ်လိုလက်ရ ကြိုဦးမှာ..။
+++++
အရွယ်ဆိုတာကိုက ရှေးဟောင်းဂန္ဓ၀င်ပစ္စည်းများလို... တန်ဖိုးထား မက်မောတတ်တဲ့သူပေါ် မူတည်ပြီးတော့၊ သက်တမ်းရင့်လေ… တန်ဖိုးတက်လေ… မက်မောစရာကောင်းလေလို့.. ကျမကတော့ ယုံတာပဲ။
၂၀၁၁ ဧပြီ ၂၆။
(လမင်းတရာက ထုတ်ဝေမယ့် '၆၀' စာအုပ်အတွက် အမှတ်တရရေးတဲ့ စာပါ...)