စိန်ပန်းပွင့်ချိန်မှ သင်္ကန်းပွင့်ချိန် ညီမလေး
ဇီဝဇိုးငှက်တကောင်ရဲ့ အန်ဖတ်လို
မေတ္တာတရားမှာလည်း
သွေးစသွေးစနတွေနဲ့
သမိုင်းပျို့တယ်
သင်္ကန်းကို မီးလောင်လို့
ခွေးတွေက တခေတ်လုံးဟောင်တယ်
ဟောင်ဖွာ ဟောင်ဖွာတွေနဲ့
မီးမညှိလေနဲ့ ညီမလေး
ရတာခဲထားကြတာလည်း
ရခဲခြင်းပါပဲ
နောက်ကျောက ဓားနဲ့
ကျောခိုင်းရပ်ခဲ့တယ်
အနီးကြီးနီးဖို့
အဝေးကြီး အဝေးကြီးဝေးခဲ့တယ် ။ ။
သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)
Oct 31, 2007
ဖြန့်ဝေခြင်း(၅၇)
ဖြန့်ဝေခြင်း(၅၆)
သေစာရှင်စာ
နိုင်ငံကူးလက်မှတ် မရှိဘူး
ဘ၀ကူးလက်မှတ်တော့ ရှိတယ်
နေ့ကိုစွဲသေပြီး နေ့စွဲဖြစ်ခဲ့
နေ့စွဲလေးတစွဲပါပဲ
သီတင်းကျွတ် လပြည့်ညကောင်းကင်မှာ
မီးပုံးပျံတွေမြင်မှ
ဘယ်တုံးကမှ မှိုင်းမ၀ဘူးတဲ့
ကိုယ်နှလုံးသားကိုလည်း သတိတရနဲ့
ပီကာဆိုလွှတ်လိုက်တဲ့ ချိုးငှက်
ပီကာဆိုလက်ထဲ ပြန်မရောက်နိုင်ခဲ့
တရား...တရားဆိုလား
ဘုရား...ဘုရားဆိုလား
မျှပြီးတကြရ
ကြားဖူးတယ်..
် ကြားဖူးတယ်
တရားဆိုတာ
မျှတမှုပဲဆိုလား
ကြားဖူးတယ်
ငါ့ ဘောပင်လေးကိုတော့ ခွေးစာမကျွေးနိုင်ပါ
ဟဲလို.....
၃၁ဘုံခင်ဗျား
ရမ္မက်ကြီးလွန်းလို့
အရင်းအတိုင်း ထိုင်မြည်းနေတာ။ ။
သစ်ကောင်းအိမ်
(၂၅၊ ၁၀၊ ၂၀၀၇)
Oct 29, 2007
ဖြန့်ဝေခြင်း(၅၅)
ငွေကြာယံ
သရဏဂုံကို
သရဏဂုံ ပြန်တင်နေရတဲ့ခေတ်
ဒေါင်းသင်္ဃန်းတွေနဲ့
သူပုန်အလံကို ဥုံခံကာလွှင့်ကြ
အစွယ်ဖွေးဖွေး
စစ်ခွေးအုပ်ကြား
အောင်ခြင်းကိုးပါး မြတ်တရားနဲ့
ဗုဒ္ဓပွင့်တော်မူခဲ့ပြီ ။
သစ်ကောင်းအိမ်
( ၂၅ – ၁၀ – ၂၀၀၇ )
Oct 25, 2007
ဖြန့်ဝေခြင်း(၅၄)
စစ်အစိုးရကို စီးပွားရေးအရ ဆန္ဒပြနိုင်တဲ့ နည်းလမ်းကောင်းလေးတခု (ထီမထိုးကြပါနဲ့)
"အောင်ပါလေ” ကို “ရှုံးပါလေ” လုပ်ကြပါစို့။စစ်အစိုးရကို စီးပွားရေးအရ ဆန္ဒပြနိုင်တဲ့ နည်းလမ်းကောင်းလေးတခုပါ။ အန္တရာယ်မများသလို၊ လူတိုင်းလည်း လိုက်ပါ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကလေးတခုဖြစ်ပါတယ်။
လွယ်လွယ်လေးပါ။ လူတွေက အစိုးရရောင်းတဲ့ “အောင်ပါလေထီ” တွေကို မ၀ယ်ကြဖို့ပါပဲ။
ဘာဖြစ်လို့ ထီမထိုးကြဖို့ လိုအပ်သလဲ။ ဘာဖြစ်လို့ အစိုးရထီ မ၀ယ်ရမှာလဲ။
၁။ ထီဆိုတာက လောင်းကစားတမျိုးပါ။ ထီဆိုတာမျိုးက ပေါက်ဖို့အခွင့်အလမ်း အလွန်နည်းပြီး၊ ဒိုင်ကိုင်တဲ့သူဖက်က အမြဲတစေ မြတ်ပါတယ်။ ရောင်းရငွေရဲ့ ရာခိုင်နှုန်းတချို့ကိုသာ ပြန်ထုတ်ပေးတာ ဖြစ်ပါတယ်။ အဲသည်ထဲက ၀င်ငွေ တွေက အစိုးရရဲ့ အိပ်ကပ်ထဲ၊ ဘဏ္ဍာငွေထဲကို ရောက်သွားလို့ပါပဲ။ စေတနာရှိလွန်းလို့ ဆုကြေးတွေ မြှင့်ပေးတယ် မထင်ပါနဲ့။
အနောက်နိုင်ငံတွေမှာ ထီထိုးမယ်ဆိုရင် "Responsibly Play" (ကစားပေမယ့် ကိုယ့်တာဝန်ကိုသိပါ) ဆိုတာမျိုး သတိပေး ထားတာ ရှိပါတယ်။ ထီထိုးဖို့ မိမိဘာသာ ထိန်းချုပ်လိုက်တာဟာ ကိုယ်ကျင့်တရားအရလည်း ကောင်းမွန်တဲ့ စိတ်ဓါတ် ဖြစ်ပါတယ်။
၂။ ကျနော်တို့က နိုင်ငံခြားတိုင်းပြည်တွေမှာ စစ်အစိုးရအိပ်ကပ်ထဲ ငွေမ၀င်ရလေအောင် စီးပွားရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်ဖို့ တောင်းဆိုနေတာ ရှိပါတယ်။ ဒီကိစ္စကတော့ အစိုးရထံ ငွေမ၀င်ရလေအောင် ကျနော်တို့ ဘာသာ ဆောင်ရွက်နိုင်တဲ့ ကိစ္စပါ။ နိုင်ငံခြားကိုလည်း အားမကိုးဘဲ ဆောင်ရွက်နိုင်ပါတယ်။
ကိုးကားလို့ရတဲ့ သတင်းတပုဒ်အရ ၂၀၀၅ ခုနှစ်၊ စတ်တင်ဘာလ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အစိုးရထီတစောင်ကို ကျပ် (၁၀၀) ပေးရပြီး၊ ဆုကြီးတွေက ကျပ်သန်း (၃၀) ကနေ သန်း (၅၀) အထိ ရနိုင်ပါတယ်။ မက်စရာပါပဲ။ လစဉ် ရောင်းရတဲ့ ထီက စောင်ရေ ၃၂-သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဆုကြေး ပိုပေးလာလို့ စစ်အစိုးရက ထီစောင်ရေ နောက်ထပ် ၂၁-သန်း ရိုက်နှိပ်ရောင်းချရမယ်လို့ တွက်ထားပါတယ်။ ဆိုပါစို့- ရောင်းရနိုင်တဲ့ ထီအစောင်ရေက ၅၃- သန်း ရှိလာနိုင်ပါတယ်။ တစောင်ကို ၁၀၀ ကျပ်နဲ့ မြှောက်လိုက်တဲ့အခါ အစိုးရအတွက် ကျပ်သန်း ၅၃၀ ရလာပါလိမ့်မယ်။
အဲဒီအထဲက စစ်အစိုးရက ၄၀% ကို အခွန်အနေနဲ့ ကောက်ယူလို့ရရှိပါတယ်။ အဲသည်တော့ လစဉ် အခွန်ငွေ ကျပ် ၂၁၂ သန်း၊ (နှစ်စဉ်တွက်ရင် ကျပ် ၂၅၄၄ သန်း) ၀င်ငွေ ရစေမယ့် ကိစ္စပါ။ ဒီငွေတွေနဲ့ ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပမ်းနေတာ ဖြစ်ပါတယ်။
(အကိုးအကား။ AFP: Myanmar's lottery dreams twice as pricey: report , Thu 22 Sep 2005)
၃။ ဒီမိုကရေစီဆိုတာ ရွေးချယ်နိုင်တဲ့ အခြေအနေ များများ ရှိခြင်းပါပဲ။ တခုမကြိုက်ရင် တခုရွေးခွင့်ရှိနေပါတယ်။ ဒီထီကို ထိုးမှ မဟုတ်။ မနေနိုင်လွန်းရင်တောင် တရားမ၀င်ချဲထီ ထိုးနိုင်သလို၊ မြန်မာနိုင်ငံမှာ ဘောလုံးပွဲ လောင်းနေတာလည်း အများပါ။ အားပေးလိုခြင်း မဟုတ်ပေမယ့်၊ ထီမထိုးရ မနေနိုင်သူတွေအတွက် အခြားနေရာလေးတွေ ရှိကြောင်း လက်တို့ တာပါ။
ဘယ်လို ဆန့်ကျင်ကြမလဲ။
- တာဝန်သိသိဖြင့် ထီမထိုးပါနဲ့။
- မနေနိုင်ရင် အစိုးရဆီတိုက်ရိုက် မရောက်စေမယ့် ထီထိုးပါ။
- မိတ်ဆွေများကို အစိုးရထီ မထိုးရန် တိုက်တွန်းပါ။
- ထီရောင်းချနေသည့် ဆိုင်များကို တိုက်တွန်းပါ။
- ထီအရောင်းမြှင့်တင်ရေး လုပ်ပေးနေကြသည့် ရုပ်ရှင် မင်းသား၊ မင်းသမီး၊ ဖက်ရှယ်မယ်များကို တိုက်တွန်းပါ။
စစ်အစိုးရ ကျဆုံးရပါလိမ့်မည်။ အောင်ပါလေလည်း ရှုံးပါလေ ဖြစ်တော့မည်။
(ရွက်မွန် ကနေယူပါတယ်)
Oct 21, 2007
ဖြန့်ဝေခြင်း(၅၃)
"သီတင်းကျွတ် တန်ဆောင်တိုင် မီးထွန်းပွဲမှာ မီးပုံးပျံလေးတွေ လွှတ်ကြရင်း ပြည်သူ့ဆန္ဒဖော်ထုတ်ကြရအောင်"
ဒီအတွက် စစ်အစိုးရရဲ့ ဖိနှိပ်မူတွေကြားထဲက လူထုပါဝင် လှုပ်ရှားနိုင်မယ့် နည်းလမ်းများ ရှာကြံတဲ့အခါမှာ တခု သတိထားမိတာက သီတင်းကျွတ် တန်ဆောင်တိုင် မီးထွန်းပွဲတွေမှာ မီးပုံးပျံလွှတ်ကြတာကို သွားသတိရမိပါ တယ်။ ဒီတော့ ဒီနှစ် မီးထွန်းပွဲမှာ ကျွန်တော်တို့ ပြည်သူ့ဆန္ဒမှန်တွေပါတဲ့ မီးပုံးပျံလေးတွေ လွှတ်ကြရင် မ ကောင်းဘူးလား။ သာသနာ့ အာဇာနည်တွေကို ကိုယ်စားပြုတဲ့ သာသနာ့အလံပါတဲ့ မီးပုံးပျံ အနီလေးတွေ၊ ကျောင်းသား အာဇာနည်တွေကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းပုံပါတဲ့ မီးပုံးပျံ အနီလေးတွေ၊ ပြည်သူ့တွေရဲ့ ဆန္ဒမှန် "Free Burma" ဆိုတဲ့ စာတန်းပါတဲ့ မီးပုံးပျံ အနီလေးတွေ၊ ကျဆုံးသွားတဲ့ သာသနာ့ အာဇာနည် ကျောင်းသား အာဇာနည်တွေကို ကိုယ်စားပြုတဲ့ မီးပုံးပျံ အနီလေးတွေကို ကောင်းကင်ထက်စီ လွှတ်တင်ကြရအောင်လားဗျာ။
မီးပုံးပျံလေးတွေ ကောင်းကင်ယံဆီ ပျံဝဲသွားပြီဆိုတာနဲ့ ဒီ နအဖတွေ၊ ကပ်ဖားရပ်ဖားကောင်တွေ ငုတ်တုတ် ထိုင် ကြည့်ရုံမှတပါး ဘာမှမလုပ်နိုင်ပါဘူး။ ၀ါးရင်းတုတ်နဲ့လည်း လိုက်ရိုက်လို့မရ၊ အဲ…သေနတ်တွေနဲ့ လိုက်ပစ်ချရင်တော့ မပြောတတ်ဘူးပေါ့ဗျာ။ လူတစ်စုကို လိမ်ညာလို့ရချင်ရမယ်၊ လူထုကိုတော့ လိမ်ညာလို့ မရကြောင်း သက်သေပြလိုက်ကြပါစို့။ စစ်မှန်တဲ့ ပြည်သူ့ဆန္ဒတွေ ထက်ကောင်းကင် ဘ၀ဂ်ထိတိုင် သိနိုင်ကြပါ စေလို့…..။
မြန်မာကျောင်းသူ/သားများ
New
Coming Lighting Festival, and Tazaungdine Festival we can show People's Desire by releasing Hot Balloon with attachment.
People's Desire
• We favour stability
• We favour peace
• We oppose spdc's violence
We encourage to participate everyone who loves the truth! in this festival.
Win your fear with the truth!
Show your desire over the sky!
Now Lighting Festival and Tazaungdine Festival are very close.
I'm thinking of how to show our desire to the Junta. Ok what we can do is releasing Hot Air Balloon (Mie Pone Pyan) to air, with Sar Sa Na flag, NLD logo, "Free Burma" letter or even Red ballon can show our desire. Once the balloon is up to the air it's very hard to take it down. Means our desires are up in the sky and not easily crack down by gun. Let the key full with people desire in ThaDinKyut Night.
Pls spread the idea to other, hope our country will free soon.
Oct 20, 2007
ဖြန့်ဝေခြင်း(၅၂)
သေပြီတော်
Oct 19, 2007
မွေးနေ့ဆုတောင်း
ကိုယ်ပိုင်ဘ၀ကို နိုင်ငံအတွက် ပေးဆပ်ထားတဲ့၊ နိုင်ငံလွတ်မြောက်ရေး အတွက် တစိုက်မတ်မတ် ကြိုးပမ်းနေတဲ့၊ စဉ်းစားနေတဲ့ ကိုမင်းကိုနိုင်.. ဒီကနေ့မှာကျရောက်တဲ့ ၄၅နှစ်မြောက်မွေးနေ့က စလို့ ရှေ့ဘ၀ခရီး တလျှောက်မှာ အန္တရာယ်ခပ်သိမ်း ဘေးရန်ခပ်သိမ်းမှ ကင်းလွတ်ငြိမ်းပြီး၊ သူလိုချင်တဲ့.. လွတ်လပ်တဲ့.. ငြိမ်းချမ်းသာယာတဲ့.. မြန်မာနိုင်ငံကို အမြန်ဆုံး မြင်တွေ့ရပါစေ…. လို့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်းပေးလိုက်ပါတယ်...
မေငြိမ်း
Oct 18, 2007
ဖြန့်ဝေခြင်း(၅၀)
Oct 17, 2007
ဖြန့်ဝေခြင်း(၄၉)
၁။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များကို အားပေးသော အလုပ်မှန်သမျှကို ရှောင်ရှားမည်။
၂။ ငါတို့သည် နအဖ အတွက် အလုပ်ကို ဆိုးဆိုးရွားရွားလုပ်ပေးမည်။ ဖြည်းလေးစွာ လုပ်ပေးမည်။
၃။ ငါတို့သည် နအဖ ၏ အရေးပါသော စက်ကိရိယာများ၊ စက်ယန္တရားများကို ဖျက်ဆီးပစ်ရမည်။
၎။ ငါတို့သည် နအဖအတွက် အကျိုးရှိနိုင်မည့် အရာမှန်သမျှကို ဖျက်ဆီးပစ်ရမည်။
၅။ ငါတို့သည် နအဖ ထုတ်ဝေသော ရုပ်မြင်သံကြားသတင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ စာစောင်များကို သပိတ်မှောက် ရမည်။
၆။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များပိုင် ဆိုင်များတွင်ဈေးမ၀ယ်တော့ပါ။ နအဖ နှင့် အဆက်အနွယ်များ ပိုင် ကုန်ပစ္စည်းအမျိုးမျိုးကို မစားသုံးတော့ပါ။
၇။ ငါတို့သည် နအဖ တို့၏ ဆက်သွယ်ရေး၊ နအဖ၏ အင်ထရာနက် ကွန်ယက်များ၊ သယ်ယူပို့ဆောင်ရေးများ အားလုံးကို နှောင့်နှေး ပိတ်ဆို့ အောင်ပြုလုပ်မည်။
၈။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များအား သူတို့နှင့်ထိုက်တန်သည့်အတိုင်း ဆက်ဆံရမည်။ အရေးတယူ မဆက်ဆံတော့ပါ။ ရှောင်ကျဉ်ရေးမူကို လုပ်ဆောင်မည်။
၉။ ငါတို့သည် ရဟန်းတော်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ပြည်သူများကို နအဖတို့ မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း မခံရအောင် အတတ်နိုင်ဆုံး ကာကွယ်ကြမည်။ လွတ်မြောက်အောင် ကြံဆောင်ပေးကြမည်။ ကျန်ရစ်သော ဘုန်းတော်ကြီးကျောင်းများ၊ ကျန်ရစ်သူမိသားစုများ၏ စားဝတ်နေရေး၊ ပညာရေးများကို လူအား ငွေအား စသည့် နည်းလမ်းပေါင်းစုံဖြင့် ထောက်ပံ့ ကူညီစောင့်ရှောက်ကြမည်။
Oct 14, 2007
ဖြန့်ဝေခြင်း(၄၇)
တုံဏှိဘာဝေ နိုင်ငံမှာ
(In the quiet Land)
ဒင်းတို့ ရောင်းဝယ် ဖောက်ကားနိုင်တဲ့
လျို့ဝှက်ချက်တွေကို
တစုံတယောက်က
ဘယ်သူမှ ပြောမပြနိုင်ဘူး။
သတင်းတွေကို
ဒီနိုင်ငံရဲ့ သွေးတွေနဲ့ ပေးချေ၊
အာဏာရှင်တွေရဲ့ အားနည်းချက်ကိုတောင်
ဘယ်သူမှ မပြောရဲကြဘူး။
ဘယ်သူမှ မရယ်မောဝံ့ကြသလို
ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးဝံ့ကြဘူး။
ရယ်မောမှုတွေကို
လူအုပ်ကြီးရဲ့ ဆိတ်ငြိမ်မှုထဲမှာ
တွေ့မြင်နိုင်ကြပါရဲ့။
သူတို့ကို ခေါ်ဆောင်သွားမယ့်
စစ်သားတွေလာနေတာတောင်
ဘယ်သူတစ်ဦးတစ်ယောက်ကမျှ
ပြောမပြနိုင်ပေဘူး။
လမ်းတွေကို လိုချင်တယ်....
ပြင်သစ်တွေကတော့
လောင်စာဆီကို လိုချင်တယ်..
ထိုင်းတွေက
သစ်တွေကို ယူတယ်...
နအဖ ကတော့
အမြတ်အစွန်းတွေကို
ယူတယ်လေ...။
ဟော့ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ..
လူသတ်သမားတွေကြောင့်
တေမိဇာတ် ခင်းနေရတာ...
စိုးရိမ်မှုတွေ ဖုံးလွှမ်းနေတာကို
မကြားသိနိုင်ပေဘူး။
ဘယ်လိုပဲ အင်အားသုံးသုံး
လွပ်လပ်မှုအသံကိုတော့
လူညာတွေ လိမ်လို့ မရသလို
ဘယ်လိုအသံမျိုးနဲ့မှလည်း
မဖုံးလွှမ်းနိုင်ပေဘူး...။
(မြန်မာပြန်..ဖေသက်နီ)
Oct 12, 2007
ဖြန့်ဝေခြင်း(၄၅)
ရွှေဝါရောင် ဥဒါန်း
ဟော့ဒီ ကာလဟက်တက်ကြီးထဲ
အလွမ်းကိုလည်း တကျွန်းပို့ထားရပေါ့
မောင့်ဂူစတီနာ။
ကိုယ့်ကိုယ်ကို လောင်ကျွမ်းကြ
ပက်ပက်စက်လောင်ကျွမ်းကြ။
စုန်းမအိုရဲ့ မြည်တွန်တောက်တီးသံတွေလား..
ဒါမှမဟုတ် သွေးနံ့ရတဲ့ ပင်လယ်လား..။
ငါတို့ ကောင်းဘွိုင်ကြီး ဂျွန်ဝိန်းကို မမျှော်နဲ့..
မိစ္ဆ္ဆာက ဟားတိုက်ရယ်နေရဲ့။
ဆွေးနွေးဖို့ မရှိတော့ပါ။
သစ်ကောင်းအိမ်
(၁၁၊ ၁၀၊ ၀၇)
Oct 9, 2007
ဖြန့်ဝေခြင်း(၄၄)
ပြည်တွင်းနာ
မြန်မာပြည်သူများ အတော်များများတွင် စိတ်ဒဏ်ရာရသွားကြသည်။ အမာရွတ်ထင်စေနိုင်လောက် သည့် စိတ်အတွင်း ဒဏ်ရာမျိုး ဖြစ်သည်။ ၁၉၈၈ ခုနှစ် အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာဒဏ်ချက်များက သွေးမတိတ်သေး။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာဒဏ်ချက်များက သွေးစိမ်းရှင်ရှင်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်များ ရစေခဲ့ပြန်သည်။ ဤတကြိမ်တွင်တော့ အတော်ကုစားရန် ခက်ပါလိမ့်မည်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့၊ ပြန်လည်သင့်မြတ်ရေးတို့ ပြောနေကြသော်လည်း ဤတကြိမ်တွင်တော့ အစစ်အမှန် ပြန်လည် ပေါင်းစည်းနိုင်ရန် အတော် အချိန်ယူကြရတော့မည် ဖြစ်သလို၊ ပျက်ပြားသွားပြီဖြစ်သော ယုံကြည်မှု တည်ဆောက်ရေးအတွက်လည်း နိုင်ငံတခု၊ လူမှုအဖွဲ့အစည်းတခုအနေဖြင့် အတော် ရုန်းကန်ကြိုးပမ်း ကြရပါဦးတော့မည်။(Trauma) ဟု ဆေးပညာရပ်အားဖြင့် ခေါ်ဆိုကြသော စိတ်တွင်းနာ၊ သို့မဟုတ် စိတ်ဒဏ်ရာသည် လူတဦးချင်းအဖို့ပင် နှစ်ပေါင်းများစွာ ရင်ဆိုင်ရုန်းကန်ကြရသော ပြဿနာဖြစ်ပါသည်။ လူတဦး၏ စိတ်တွင်းဒဏ်ရာများ ကုသနိုင်ရေးအတွက် ပင် နှစ်ပေါင်းများစွာ အချိန်ပေးကြရသည်။ အချို့ပညာရှင်များက ၇-နှစ်မှ ၁၅-နှစ်တိုင်တိုင် အချိန်ယူကြရသည်ဟု ဆိုကြပါ သည်။ ကဗျာဆရာကြီးဦးတင်မိုးက သူ၏ကဗျာတပုဒ်တွင် မြန်မာပြည်၏အခြေအနေနှင့် ပတ်သက်၍ “ပြည်တွင်းနာ” ဟု သုံးနှုံးခဲ့ဖူးသည်ကို ကျနော် မှတ်မိနေပါသည်။ သူက ကပ်သဘော၊ အထွေထွေ အကျပ်အတည်းသဘောကို ပြောသည်ဖြစ် နိုင်ပါသည်။ ကျနော်၏ယူဆချက်ကတော့ ဤ“ပြည်တွင်းနာ” ဟူသော စကားလုံးတွင်ပင် စိတ်ခံစားချက်သဘောများလည်း ပါဝင်နေသယောင် ထင်မှတ်မိပါတော့သည်။ လူတဦးချင်း၏ စိတ်ဒဏ်ရာများ ပေါင်းစည်းမိသောအခါ၊ ကပ်ဘေးဒုက္ခ၊ အကျပ်အတည်းများ၊ စစ်ကြီးများ၊ အဖျက်အဆီး ဘေးဆိုးကြီးများ ကြုံတွေ့ရသောအခါ လူမှုအဖွဲ့အစည်းတခုလုံး စိတ် ဒဏ်ရာ ခံစားရ တတ်ပါသည်။ ကျနော်ကတော့ ၁၉၈၈၊ ၂၀၀၃ ဒီပဲယင်း၊ ၂၀၀၇ သံဃာများ၏ ကံဆောင်ပွဲဖြိုခွင်းနှိမ်နင်းမှု များသည် ကျနော်တို့ လူမှုအဖွဲ့ကြီးတခုလုံးအတွက် တခုအပေါ် တခုဆင့်၍ စိတ်ဒဏ်ရာများ အနာဖေး မတက်နိုင်ခင်၊ နောက်ထပ် နာကျဉ်စေပြန်ခဲ့ပြီဟု မြင်နေမိပါတော့သည်။
ဤသို့ စိတ်ဒဏ်ရာရစေလောက်အောင် ကြုံရသော အခြေအနေမျိုးတွင် ထိုသူတဦး၏ လုံခြုံမှုနှင့် ပတ်သက်သော ကျနော်တို့၏ ယုံကြည်ထားချက်ကို အခြေခံဖောင်ဒေးရှင်းမှ စ၍ ဆွဲလှုပ်ခံလိုက်ရပါ သည်။ တနည်းဆိုရသော် ယုံကြည် ထားသောအရာ ကိစ္စများလည်း ပြိုကွဲကြေမွသွားရပါတော့သည်။ ထို့အပြင် စိတ်ဒဏ်ရာရလျှင် လူအများသည် ဤဒဏ်ရာ ပြေပျောက်စေကြောင်းအတွက် နည်းလမ်း များစွာဖြင့် တုံ့ပြန်တတ်ကြပါ သည်။ ဥပမာအားဖြင့် -မိမိစိတ်တွင်း ခံစားချက်ကို ဖြေသိမ့်နိုင်ရေး အတွက် အရက်သောက် ထွက်ပေါက်ရှာကြခြင်းများ၊ အိမ်ပြန်လာသောအခါ မိန်းမရိုက်၍ အိမ်တွင်း အနိုင်ကျင့် နှိပ်စက်မှုများ၊ အခြားနည်းပေါင်းစုံဖြင့် လွဲမှား မူမမှန်စွာဖြေရှင်း ကြသည်များလည်း တွေ့ရတတ်ပါသည်။ ဤတုံ့ပြန်ပုံလုပ်ငန်းမျိုးကို Coping mechanism ဟု ခေါ်ကြပါသည်။
နိုင်ငံအများတွင်လည်း ဤသို့ လူမှုအဖွဲ့အစည်းကြီးတရပ်လုံး စိတ်ဒဏ်ရာရစေသော ဖြစ်ရပ်များ ကြုံခဲ့ကြရ ဖူးပါသည်။ ဥပမာ-အမေရိကန်ပြည်ထောင်စုဆိုလျှင် ပြည်တွင်းစစ်၏ သမိုင်းကြောင်းကို ပြော၍ မဆုံး သေးသကဲ့သို့၊ ဒုတိယကမ္ဘာစစ် ကို ကြုံခဲ့ရသော မျိုးဆက်များက ရန်-ငါ (အဖြူ သို့မဟုတ် အမဲ) စသည့် အတွေးများနှင့် စစ်အေးတိုက်ပွဲကို ဆက်ခဲ့ကြ ကြောင်းလည်း လေ့လာသူများက ဆိုကြပါသည်။ ထို့အပြင် စက်တင်ဘာ ၁၁ (September 11) သည် အမေရိကန် လူထု အများအတွက် စိတ်ဒဏ်ရာအကြီးအကျယ် ရစေခဲ့သော ကိစ္စပင် ဖြစ်သည်။ ဤစက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ တုံ့ပြန်လာပုံ ဆိုးကျိုးများကို မိမိတို့တွေ့ကြုံ ခံစားနေကြရပြီ ဖြစ်ပါသည်။ အမေရိကန်လူထုများ၏ အစွန်း ရောက် မျိုးချစ်စိတ်ဓါတ်ကို ပိုမိုပြင်းထန်စေသကဲ့သို့ အခြားသော လူမှုအခွင့်အရေး၊ စစ်၊ ကမ္ဘာ့ဆက်ဆံရေး မျက်နှာစာများ တွင် များစွာ အကျိုးသက်ရောက်စေခဲ့ပါသည်။
အချို့ လူမှုအဖွဲ့အစည်းများတွင်လည်း စိတ်ဒဏ်ရာရစေသော ဖြစ်ရပ်များ ကြုံကြရဖူးပါသည်။ နာဇီများ ၏ အစုလိုက် အပြုံလိုက် ဂျူးများကို လက်စတုန်းသုတ်သင်မှုသည် လူမှုအဖွဲ့အစည်းတခုလုံးကို ထိခိုက်စေခဲ့ သကဲ့သို့၊ ပါလက်စတိုင်း ပြည်သူများ၏ နိုင်ငံမဲ့တွန်းပို့ခံရသောအခြေအနေ၊ ဒုက္ခသံသရာများကလည်း လူမှုအဖွဲ့အစည်းကို ၀ါးအစည်းပြေစေ သကဲ့သို့၊ တဖက်တွင်လည်း အစွန်းရောက် အယူအဆများ ထွက်ပေါ်လာစေပါသည်။ အကြမ်းဖက်မှုများအကြောင်း လေ့လာကြသူများက ထိုလူမှုအဖွဲ့အစည်း၏ ကောက်ယူမွေးစားထားသော စိတ်ဒဏ်ရာ (chosen trauma) များ အကြောင်းကိုလည်း အကျယ်တ၀င့် လေ့လာဖူးခဲ့ကြပါသည်။
ယခုတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာများကို လမ်းမလယ်ခေါင် ရက်ရက်စက်စက် ပစ်ခတ် ချေမှုန်းနေပုံများကို မြင်တွေ့ခဲ့ကြရသည်။ ပြောရမည်ဆိုလျှင် ၂၀၀၇ စက်တင်ဘာလ သံဃာများနှင့် ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် ဖြိုခွဲချေမှုန်းမှုသည် မြန်မာနိုင်ငံ၏ စက်တင်ဘာ (၁၁) Burma September 11 ဟု တင်စားလျှင် မမှားနိုင်ပါ။ ထစ်ကနဲရှိ စစ်တပ်အားကိုး၊ လက်နက်အားကိုးဖြင့် ဖိနင်းချေမှုန်းလိုသည့် အာဏာရှင်များ၏ ဒေါသ၊ အမျက် မာန်မာနများကို မြင်တွေ့လိုက်ကြရသည်။ ထို့အပြင် တဖက်သတ်ပြောဆို ၀ါဒဖြန့်ချိနေမှုများကလည်း၊ ထပ်မံ စော်ကားသကဲ့သို့ ရှိနေစေသည်။ သံဃာများက ဆိုခဲ့သကဲ့သို့ မေတ္တာဓါတ်အားနည်းသည့် အပြုအမူများ၊ ရုန့်ရင်းကြမ်း တမ်းမှုများကလည်း ဆက်လက်သည်းညည်း မခံနိုင်စရာ။ လူအများ၏ ကိုးကွယ်ယုံကြည်မှု ဘာသာရေးအခြေခံကိုပါ ရိုက်ချိုးကြေမွစေသကဲ့သို့ ဖြစ်စေခဲ့သည်။
သမိုင်းအရလည်း စိတ်နာကျည်းစရာများက အကြိမ်ကြိမ်၊ ၁၉၆၂ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖြိုခဲ့သည်။ ဦးသန့်အရေးအခင်းတွင် သွေးချောင်းစီးခဲ့ရသလို၊ ၁၉၇၀ ခုနှစ် အလုပ် သမားဆန္ဒပြပွဲများ ကိုလည်း ပစ်ခတ်ချေမှုန်းခဲ့သည်။ ၁၉၈၈၊ ၂၀၀၃၊ ၂၀၀၇ သွေးချောင်းစီးရမှုများက မြန်မာ့လူ့အဖွဲ့အစည်း အတွက် မမေ့နိုင်စရာ အဖြစ်အပျက်များ ဖြစ်နေသည်။ ထိုထက်ပို၍ ဆိုးသည်မှာ ငြိမ်းချမ်းမှုကို လိုလားသည့်၊ ဗုဒ္ဓဘာသာထွန်းကား၊ အလေးအမြတ်ထားသည့် လူမှုအဖွဲ့အစည်းဟု ဂုဏ်ယူနေကြဆဲ ရဟန်း သံဃာများနှင့် သာသနာကို အဆိုးဝါးဆုံးဖျက်ဆီး ချေမှုန်းလိုက်မှုသည် လူအများအတွက် စိတ်ဒဏ်ရာကို ပို၍ နက်ရှိုင်းလာစေခဲ့တော့သည်။
သံဃာများ၏ ဆန္ဒပြပွဲများကို အကြမ်းဖက်ချေမှုန်းနေစဉ်တွင် ပြည်တွင်းမှ “သဲ” ဟူသော ကလေးမ တဦး နှင့် မိမိ ချက်တင် စကားပြောခွင့် ရနေခဲ့ပါသည်။ သူရော၊ ကျနော်ပါ စိတ်လှုပ်ရှားနေကြ၍ အတော်လည်း စိတ်ထိခိုက်နေကြရပါသည်။ “ပစ်နေပီ။ ပစ်နေပီ။ လုပ်ကြပါဦး” “သေကုန်ကြတော့မှာပဲ” တဖက် မြန်မာပြည်ဖက်မှ သူမ ရိုက်ပို့လိုက်သော စာသားများ ကျနော် ရရှိနေပါသည်။ သူမက ပြင်ပသို့ အဖြစ်အပျက်များကို တတ်နိုင်သမျှ သတင်းပေးနိုင်ရေးအတွက် ကြိုးစားကူညီနေ သူသာ ဖြစ်ပါသည်။ မိမိနှင့် ယခင်ကလည်း မရင်းနှီး၊ မကျွမ်းဝင်ခဲ့ပါ။ “ပြောပေးကြပါဦး” “ကျမတို့လည်း ဘာမှ မတတ်နိုင် တော့ဘူး” သူမက အဖြစ်အပျက် အသေးစိတ်ကို ပေးပို့နေချိန်တွင် ခံစားချက်ကိုပါ ကျနော်ထဲထဲဝင်ဝင် မြင်နေရပါသည်။
ကျနော်လည်း မည်သို့မျှ မကူညီနိုင်ခဲ့ပါ။ ကျနော့ကိုယ် ကျနော်လည်း ၁၉၈၈ အာဏာသိမ်းမှုအပြီး၊ ရန်ကုန်ဆေးရုံကြီးအနီး ရင်ခွဲရုံရှိ သူငယ်ချင်းအလောင်းနားတွင် နံရံကိုထု၊ မျက်ရည်တွေတွေကျ ငိုယိုနေသော လူငယ်လေးတယောက်ကို ပြန်မြင် ယောင်နေပါသည်။ ထိုသို့ ငိုယိုနေခဲ့သူ လူငယ်ကလေးမှာ ကျနော်ကိုယ်တိုင် ဖြစ်ပါသည်။ ယခုတော့ ငိုယိုနေသူကလေးမ တဦး၏ အဖြစ်ကို ကျနော်ကိုယ်တိုင် နောက်ထပ် မြင်တွေ့နေရပါတော့သည်။
ကျနော်တို့၏ စိတ်ဒဏ်ရာများက ပို၍ပို၍ နက်ရှိုင်းလာစေပါသည်။ ကျနော်တယောက်ထဲ မဟုတ်။ ကျနော် တို့ လူမှု အသိုင်း အ၀ိုင်းကြီးရော၊ နောက်ထပ် မျိုးဆက်သစ်လူငယ်များပါ ထပ်၍ စိတ်ဒဏ်ရာသင့်ရပြန်ပါပြီ။ ဘယ်တော့များမှ ပြီးနိုင်တော့ မည်နည်း။ မည်သည့်အခါမှ ကျေပျောက်နိုင်ကြပါတော့မည်နည်း။ မျိုးဆက် များ ဆင့်ခဲ့ကြပြီ ဖြစ်သည်။
စစ်အစိုးရကတော့ လူအနည်းစုကလေး၏ အုံကြွမှု၊ ကောက်ရိုးမီးသဖွယ် ပုံဖော်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မည်ဟု အပေါ်စီး မက်လုံးပေးရုံလောက်ဖြင့် ငြိမ်းအေးသွားတော့မည့် ကိစ္စ ဟု ထင်နေပုံရပါသည်။ လူမှုအဖွဲ့အစည်း အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေခဲ့သော စိတ်ဒဏ်ရာ အတွင်းကြေကို ဤမျှလောက်ဖြင့် ကျေပျက်စေလိမ့်မည် မဟုတ် ပါ။ ကျနော်တို့၏ ယုံကြည်မှု အခြေခံတခုလုံး ကိုင်လှုပ်ခံလိုက်ရသောအခြေအနေ၊ ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်ကြီး ပြိုကျခဲ့ သလို အပြန်အလှန်ယုံကြည်မှုများ ပြိုကွဲ မြေပေါ်ပုံကျသွားရသည့် အခြေအနေကို ကျနော်မြင်နေရပါသည်။ ဤစိတ်ဒဏ်ရာ ဒဏ်ချက်များဖြင့် ကျနော်တို့ လူမှုအဖွဲ့အစည်းကြီးက ကာလအတန်ကြာ ဆက်လက် လျှောက်လှမ်းနေကြရဦးတော့မည် ဖြစ်ပါတော့သည်။
အောင်သူငြိမ်း
အောက်တိုဘာလ ၂၀၀၇ ခုနှစ်။
(ရွက်မွန် မှ)
Oct 8, 2007
ဖြန့်ဝေခြင်း(၄၃)
မပြီးဆုံးသေးသော မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ
အားတင်းထားကြပါ။ နိုင်ငံတကာက ပြည်သူများရဲ့ ကိုယ်ချင်းစာနာစွာ အားပေးမှုများကို ရရှိနေပါတယ်။ လွတ်လပ်မှုအတွက် ငြိမ်းချမ်းစွာ ဆက်လက် တိုက်ပွဲဝင်ကြပါ။
အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နည်းဗျူဟာများချမှတ်ပြီး စစ်ကျွန်ဘ၀ အန္တရာယ်ဆိုးကြီးက လွတ်မြောက်အောင် စုပေါင်း စီမံခန့်ခွဲကြစေလိုပါတယ်။
ပြည်သူတို့ရဲ့ သဘောထားကို အမှန်တကယ် နားလည်ထင်ဟပ်သော သုံးသပ်မှုများ ဖြစ်စေလိုပါတယ်။ မိမိတို့ ရဲ့ တတ်ကျွမ်းတဲ့ ပညာများကို လွတ်လပ်ရေးတိုက်ပွဲ အောင်မြင်ရန် မြန်မာပြည်သူများ ဆောင်ရန် ရှောင်ရန် အပြုသဘော အကြံဥာဏ်ကောင်းများပေးတဲ့ နေရာမှာ အသုံးချနိုင်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ မတရားဖိနှိပ်မှုများ အခုချက်ချင်း ရပ်တန့်အောင်နဲ့ အတိုက်အခံများနဲ့ စေ့စပ် ညှိနှိုင်းလာ အောင် ထိထိရောက်ရောက် ဖိအားပေးကြပါ။
သတင်းများကို မပြတ်နားစွင့်ကြပါ။ မြန်မာ့အရေးအတွက် ရန်ပုံငွေများထည့်ဝင်ကြပါ။ မိမိတို့သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ လှုပ်ရှားမှုများတွင် ပါဝင် အားပေးကြပါ။
Burmese Bloggers without Borders
http://bbwob.blogspot.com/
Oct 6, 2007
ဖြန့်ဝေခြင်း(၄၂)
“တန်ခိုးကြီးဘုရားများ .. ဗလီများ .. ဘုရားကျောင်းများ အားလုံးမှာ ..
ဝတ်ပြုဆုတောင်းမှုတွေကို ကျွန်တော်တို့ ပြုလုပ်ကြပါမယ် .. ။
ဖယောင်းတိုင်တွေကို ထွန်းညှိပြီးတော့ ဆုတောင်းကြမှာ ဖြစ်ပါတယ် .. ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယူနီဖောင်းဝတ်ပြီးတော့ ..
ဘယ်လိုရာဇ၀တ်မှုမျိုးကိုမဆို ကျူးလွန်လို့ရတယ်ဆိုတဲ့ စနစ် ..
မုဒိန်းမှုတွေ .. လူသတ်မှုတွေ .. ပြန်ပေးဆွဲမှုတွေ .. လုယက်မှုတွေ..
ကြိုက်တဲ့ရာဇ၀တ်မှု မှန်သမျှကို ကျူးလွန်လို့ ရတယ်ဆိုတဲ့ စနစ်ကို
ကျွန်တော်တို့ လက်မခံတော့ဘူး .. ။
နှစ်ပေါင်းများစွာ ..
ကျွန်တော်တို့ ပြည်သူတွေ ခံစားခဲ့ရတဲ့ ဒုက္ခတွေ ..
မြန်မာနိုင်ငံရဲ့သမိုင်းတလျှောက်မှာ ပြည်သူတွေရဲ့မျက်ရည်တွေ ..
ငိုရှိုက်သံတွေနဲ့ နာကျည်း တောက်ခေါက်သံတွေ ..
သံဃာတွေရဲ့သွေးတွေ ..
အားလုံးအတွက်ကို ကျွန်တော်တို့ တုံ့ပြန်ကြရပါတော့မယ် .. ။
အဲဒီ့ကြေကွဲမှုကို ကျွန်တော်တို့ ယုံကြည်မှုနဲ့ တုံ့ပြန်ပါမယ် .. ။
မြန်မာနိုင်ငံရဲ့ ..
တရားမျှတခြင်း ..
လွတ်လပ်ခြင်း .. ဆိုတဲ့ ယုံကြည်မှုနဲ့ ..
တုံ့ပြန်ပါမယ် .. ။”
(ကိုဌေးကြွယ်)
Oct 4, 2007
ကမ္ဘာမှာ ဗမာကျန်ဖို့
မေငြိမ်း
၎ အောက်တိုဘာ ၂၀၀၇။
ဖြန့်ဝေခြင်း(၄၁)
Oct 3, 2007
ဖြန့်ဝေခြင်း(၄၀)
ကြည့်ကြပါဦး..။ ကျမတို့ ရဲ့ အန်တီစုကို ကျမတို့ ရင်းနေကြတာ။ သူ့အသက်အရွယ်အရ ပျိုရွယ် ဖျတ်လတ်ချိန်တွေ အများကြီး ပေးဆပ်ခဲ့ရပြီ။ သူ့ကို ကယ်တင်ဖို့ဆိုတာ ပြည်သူလူထု အားမှတပါး အခြားမရှိ။ အာဏာရူး စစ်ခွေးတွေကတော့ အန်တီ့ကို သေတဲ့အထိ ချုပ်နှောင်ထားမှာပါပဲ။ လူထုကြီး အနေနဲ့ အန်တီစု ကို ပါးစပ်နဲ့ ချစ်နေလို့ သတိရတယ်ပြောနေလို့ မရတော့တဲ့အချိန် ရောက်နေပါပြီ။ ကျမတို့ နိုင်ငံ လွတ်မြောက်ဖို့ အရေးအတွက် အန်တီစု လွတ်မြောက်ဖို့က အဓိက ကျလှပါတယ်။ အန်တီစု လွတ်မြောက်ဖို့ဟာလည်း လူထုတရပ်လုံးအားနဲ့ စစ်တပ်ကို အင်အားချိနဲ့ ပြုတ်ကျသွားအောင် လုပ်တာက လွဲလို့ တခြားနည်း မရှိပါ။ ကျမတို့ပြည်သူတွေ တကယ် လွတ်မြောက်ချင်ပြီ ဆိုရင်တော့... .... ...
Oct 2, 2007
ဖြန့်ဝေခြင်း(၃၉)
အောင်ခြင်းကိုးပါး ဖြစ်စေချင်
သည်နေရာမှာ မြတ်စွာဘုရားရဲ့ အောင်ခြင်းရှစ်ပါးကို ပြန် သုံးသပ်ကြည့်မိပါတယ်။ ဗုဒ္ဓဟာ မေတ္တာကို အခြေခံ ထားသော်လည်း တဘက်လူ(ရန်သူ)ရဲ့ အခြေအနေကိုကြည့်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေ သုံးပြီး အောင်ခဲ့ တာပါ။ အားလုံးကို မေတ္တာသက်သက်နဲ့သာ အောင်တော်မူခဲ့တာ မဟုတ်ပါဘူး။
အောင်ခြင်းပထမမှာ မြတ်စွာ ဘုရားရဲ့ ဘုရား ဖြစ်တော်မူခြင်းကို မနာလိုတဲ့ မာန်နတ်နဲ့ နောက်လိုက် စစ်သည် တွေဟာ မြတ်စွာဘုရားကို နည်းမျိုးစုံခြောက်လှန့် နှိပ်စက်ပါတယ်။ မြတ်စွာဘုရားက မတုန်မလှုပ် မကြောက်မရွံ့ဘဲ မေတ္တာလက်နက်ကို ကိုင်စွဲပြီး သစ္စာ ဆိုပါတယ်။ သည်အခါမှာ ပြင်ပအကူအညီဖြစ်တဲ့ ၀သုနြေ္ဒနတ်သမီးရဲ့ အစွမ်းနဲ့ မာန်နတ်နဲ့နတ်စစ်သည်တွေ ရေမှာမျောပြီး ရှုံးနိမ့်ကုန်ကြပါတယ်။ မာန်နတ်နဲ့ နောက်ပါ စစ်သားတွေဟာ မြတ်စွာဘုရားရဲ့ မေတ္တာတရားမှာ နောင်တရပြီး မြတ်စွာဘုရားကို ဒူးထောက် တောင်းပန်ကြတယ်လို့ မကြားဖူးခဲ့ပါဘူး။
နောက် အောင်ခြင်းတပါးဖြစ်တဲ့ အာဠာဝက ဘီလူးကြီးကို အောင်တော်မူခန်းမှာလည်း မြတ်စွာဘုရားဟာ ဒေါသ ကြီးလှတဲ့ ဘီလူးကြီးကို ပြောက်ကျားနည်း သုံးပြီး အောင်တော်မူခဲ့ပါတယ်။ ဘီလူးကြီးရဲ့ နေရာမှာ ခေတ္တ ခဏ စံမြန်းနေတဲ့ မြတ်စွာဘုရားကို ဘီလူးကြီးက အကြမ်းဖက် အင်အားသုံးပြီး မောင်းထုတ်ပါတယ်။ ဗုဒ္ဓက တန်ခိုး နဲ့ ဟိုနေရာက ပေါ်လာလိုက် သည်နေရာက ပေါ်လာလိုက်နဲ့ နောက်ဆုံးမှာ ဘီလူးကြီးမောပြီး မြတ်စွာဘုရားရဲ့ရှေ့မှောက် ဒူးထောက်ရပါတော့တယ်။ သည်တော့မှ မြတ်စွာဘုရားက မေတ္တာနဲ့ တရားဟော တော်မူပါတယ်။
အောင်ခြင်းနံပါတ်(၈) မှာ လည်း သူ့ကိုသူ စွမ်းအားကြီးလှတယ်လို့ ဘ၀င်မြင့်ပြီး မြင့်မိုရ်တောင်ကို ကိုယ်နဲ့ ရစ်ပတ် အပိုင်စီးထားတဲ့ နန္ဒောပနန္ဒနဂါးကြီး ကို ဆုံးမဖို့ မြတ်စွာဘုရားဟာ သူ့ရဲ့ လက်ဝဲရံ တန်ခိုးအရာမှာ ထူးချွန်ဆုံးဖြစ်တဲ့ ရှင်မဟာမောဂ္ဂလာန်ကို တာဝန် ပေးခဲ့ပါတယ်။ ရှင်မဟာမောဂ္ဂလာန်က နဂါးဆိုးကြီးထက် (၂) ဆကြီးတဲ့ နဂါးကြီး တကောင်အဖြစ် ဖန်ဆင်းပြီး တောင်ကို ရစ်ပတ်ထားတဲ့ နဂါးဆိုးကြီးကို ထပ်မံရစ်ပတ် ဖိညှစ်ပြတော့ မှ နဂါးဆိုးကြီးလည်း မာန်စွယ်ကျိုးသွားခဲ့ပါတော့တယ်။
သည်နေ့ မြန်မာပြည်သူတွေရဲ့တိုက်ပွဲမှာလည်း မြတ်စွာဘုရားကျင့်သုံးခဲ့သလိုပဲ မေတ္တာတရားကို အခြေခံလို့ ရန်သူရဲ့ အခြေအနေ တုံ့ပြန် သဘောထားတွေ ကို သုံးသပ်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေ သုံးနိုင်ခြင်းဖြင့် အောင်ခြင်းကိုးပါး ဖြစ်စေချင်ပါတယ်။ ပြည်တွင်းပြည်ပ အားလုံးက သင့်တော်မယ့် နည်းလမ်းတွေနဲ့ ၀ိုင်းဝန်း တိုက်ပွဲဝင်လို့ မတရားမှုကို တရားမှုဖြင့် မုချ အနိုင်ယူနိုင်မှာပါ။
ဖြန့်ဝေခြင်း(၃၇)
အညတြပြည်သူတစ်ဦး၏အိတ်ဖွင့်ပေးစာ (အောက်တိုဘာ ၁၊ ၂၀၀၇)
လေးစားအပ်ပါသော မြန်မာနိုင်ငံ၏ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင်၊ လက်နက်မဲ့ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များခင်ဗျား ......
မြန်မာနိုင်ငံ၏ ကောင်းကျိုးချမ်းသာကို လိုလားသော မြန်မာပြည်သူလူထု၏ ကိုယ်စား အညတရ မြန်မာ နိုင်ငံသားတစ်ဦးအနေဖြင့် အနည်းငယ်အကြံပြု ပြောကြားလိုပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ အတွင်းတွင် ဒီမိုကရေစီရရှိရေး၊ နိုင်ငံသားတိုင်း သာတူညီမျှ အခွင့်အရေးရရှိရေး၊ စစ်အစိုးရ၏ အုပ်ချုပ်ရေးဆုံးခန်းတိုင်စေရေးအတွက် နောက်ဆုံးနည်းလမ်းအဖြစ် လူထုတိုက်ပွဲအသွင်ဖြင့် လူထုနှင့် သံဃာ ပူးပေါင်းကာ စတင် တိုက်ပွဲဝင်နေကြပြီ ဖစ်ပါသည်။၊ ယခင့်ယခင် ကာလများဆီက လူထုတိုက်ပွဲ ဖြစ်မြောက်အောင် ပုံဖော်တော့မည်ဟု လွတ်မြောက်နယ်မြေရှိ NCUB, NLD(LA), FDB ကဲ့သို့သော ဦးဆောင်အဖွဲ့အစည်း များက တရားဝင် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်ကို ကြားသိ ဖတ်ရှုခဲ့ရပါ သည် ခင်ဗျား။
ထိုသို့ ကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များကို ဖတ်ရှုကြည့်ခဲ့ရာတွင် လူထုတိုက်ပွဲ ဖြစ်ပေါ်ဖို့ သည် ပြည်တွင်းက လူထုအပေါ်တွင် အဓိကမူတည်သည်ဟူသော အာဘော်မျိုးကို ဖတ်ရှုခဲ့ရပါ သည်။ ယခုအချိန်တွင် မြန်မာပြည်တွင်းကလူထုသည် သံဃာတော်များ၏ ဦးဆောင်မှုအောက်မှနေကာ လူထုတိုက်ပွဲ အသွင်မျိုးတိုက်ပွဲဝင်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်ကို လူကြီးမင်း တို့ အသိပင်ဖြစ်ပါသည်။ ထိုအတောအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူနှင့် သံဃာများစွာရှိနေသလို၊ လက်ရှိ အဖမ်းဆီးခံ၊ အနှိပ်စက်ခံနေရသည့် ပြည်သူလူထုနှင့် သံဃာများလည်း များစွာရှိနေပြီ ဖြစ်ပါသည်။
ထို့ကြောင့် ယခုအချိန်သည် ပြည်တွင်း၏အင်အားကိုသာမက ပြည်ပမှ လူကြီးမင်းတို့ကပါ ၀ိုင်းဝန်းပါဝင် လုပ်ဆောင်ကြရမည့်ကာလဟု ယူဆမိပါသည်။ ထို့အတွက်ကြောင့် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်း များ၊ ခေါင်းဆောင်များ၊ လက်နက်ကိုင်၊ လက်နက်မဲ့ တိုက်ပွဲဝင် နေကြသူများအနေနှင့် ပြည် တွင်းက လူထုကြီး၏ သတ္တိကို လေးစားသောအားဖြင့်လည်းကောင်း၊ အားပြုခြင်းအားဖြင့်လည်းကောင်း၊ ပြည်ပ လွတ်မြောက်နယ်မြေများမှနေ၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ ပြည်တွင်းကို အထောက်အပံ့ပေးရန် အချိန်တန်ပြီဟု ယူဆမိပါသည်။ မြန်မာပြည်သူအားလုံး၏ ဘုံရန်သူ သာသနာဖျက် မင်းဆိုးမင်းယုတ် နအဖ စစ်အစိုးရအား ဘက်ပေါင်းစုံမှ ဖိအားပေးလုပ်ဆောင်သင့်ပြီဟုလည်း ထင်မှတ်မိပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဦးစီးဦးဆောင် လုပ်ဆောင်နိုင်သူ အများစုမှာ နအဖမှ ဖမ်းဆီးထားသူများမှလွဲလျင် ပြည်ပတွင်သာ ရောက်ရှိနေကြပါသည်။ လူကြီးမင်းတို့အနေဖြင့် လူထု လိုက်ပါမှုကို တကူးတကစည်းရုံးစရာမလိုပဲ ယခုရရှိနေပြီဖြစ် သဖြင့် လွတ်မြောက်နယ်မြေ အသီးသီးမှ ယခု မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများချမှတ်ကာ စနစ်တကျ ဦးဆောင်မှု ပေးစေလိုပါသည်။ နိုင်ငံရေးဆိုသည်မှာ လူထုလိုက်ပါလာအောင် စနစ်တကျစည်းရုံးလုပ်ဆောင်နိုင်လျှင် အောင်ပွဲရသည်ချည်း ဖြစ် သည်ကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။
လွတ်မြောက်နယ်မြေရှိ ခေါင်းဆောင်များက ဦးဆောင်မှုပေးလျှင် ပြည်တွင်းက ပြည်သူလူထုသည် လိုက်ပါဖို့ အဆင်သင့်ဖြစ်နေကြသည့် အနေအထားကို ရောက်ရှိမြင်တွေ့နေရပြီ ဖြစ်ပါသည်။ ထို့ကြောင့် လွတ်မြောက်နယ်မြေအသီးသီးရှိ ခေါင်းဆောင်များက ဦးဆောင်ဦးရွက်ပြုပြီး ခေါင်းဆောင်မှု လိုအပ် နေသည့် ပြည်တွင်းမှမြန်မာပြည်သူလူထုကို လမ်းညွှန်ပေးစေလိုပါသည်။
ခေါင်းဆောင်များအနေနှင့် ကြေညာချက်များထုတ်ပြန်ရုံ၊ သံရုံးများရှေ့တွင် ဆန္ဒပြ နေရုံမျှ နဲ့ကျေနပ်မနေကြစေလိုပဲ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး၊ ပြည်သူလူထုလိုလားသော ပြည်ထောင် စု စစ်စစ် တည်ထောင်ရေးကို ပြည်တွင်းမှ မြန်မာပြည်သူလူထုနှင့် ပူးပေါင်း လုပ်ဆောင် သင့်သည့်အချိန် ကျရောက်နေပြီ ဖြစ်ကြောင်း သတိထားမိစေလိုပါသည်။
၂၀၀၇၊ စက်တင်ဘာတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသော သံဃာတော်များနှင့် ပြည်သူလူထု အာဇာနည် များကို လေးစား အသိအမှတ်ပြုသောအားဖြင့်သော်လည်းကောင်း၊ ပေါ်ပေါက်လာသော နိုင်ငံရေး အခြေအနေ အခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်သင့်သည်ကို သတိပြုစေချင်သောကြောင့်လည်းကောင်း၊ ဤအိတ်ဖွင့်ပေးစာကို ရေးသားရခြင်း ဖြစ်ပါတယ်။
အမိနိုင်ငံတော်အကျိုးကိုလိုလားသူ
ရွှေဘိုသား(အညတြပြည်သူတစ်ဦး)
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေ...
-
ဆောင်းတွင်းကို ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက...