Aug 6, 2009

ခုတလော.... တဲ့။

ခုတလော
တွေးနေမိတာက
ငါ တကယ် ဘာလုပ်ချင်.. ဘာဖြစ်ချင်တာပါလိမ့်လို့…

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တကယ်တော့ ငါဟာလည်း ကိုယ့်အကျိုးသာ ကြည့်သူပဲ…

ကျန်းမာရေး
အိပ်ချိန် နိုးချိန်တွေ ပုံမမှန်တော့ (တပတ်မှာ ၄ရက်လောက်က ည ၁၀နာရီအိပ်ပြီး မနက် ၂နာရီခွဲ ထရပါတယ်.. မြန်မာပြည် ရေဒီယိုချိန်အတွက် အလုပ်လုပ်ရတာ ဆိုတော့လေ) ဒီတော့… တကယ် နေလို့ မလန်းဆန်းတာ အမှန်။ (ပုံမှန်မဟုတ်ဘူးလို့တော့ ပြောလို့ မဖြစ် :P )

ဖတ်ဖြစ်တဲ့စာအုပ်တွေက
မြန်မာပြည်က မဂ္ဂဇင်းတွေ ၀တ္ထုတွေ…။ (ကိုယ်ကလည်း ဖတ်ချင်တာနဲ့ VOA မှာ ရသစာအုပ်စင် program လုပ်ရတာနဲ့တော့ အကိုက်)

ရောက်နေဖြစ်တာက
လူတကာလိုပါပဲ.. အင်တာနက်ထဲက နေရာစုံ….

ရေးဖြစ်နေတာက
အင်း စုံတကာစေ့.. အလုပ်နဲ့ဆိုင်တဲ့ သတင်းတွေရော.. ကိုယ်ရေးချင်တဲ့ စာတွေရော… (မဆိုးပါဘူး..ဒါတော့)။

နားထောင်ဖြစ်နေတာက
သတင်းတွေ.. များတယ်။ သီချင်းဆိုရင်တော့ လေးဖြူတွေ… ပြန်နားထောင်နေတယ်…။

ရွတ်နေမိတဲ့ကဗျာက
ဒီတလောတော့ ကဗျာတွေအများကြီး.. ဖတ်ပဲ ဖတ်ဖြစ်တယ်… မရွတ်ဖြစ်…

ဖြစ်ချင်နေတာက
ပိုက်ဆံ ငွေကြေး မပူရဘဲ အချစ်လုံးချင်းဝတ္ထုတွေ ထိုင်ရေးနေချင်တာ..။

စားဖြစ်နေတတ်တာက
ထမင်း ဟင်းကောင်းကောင်းတွေ.. ဗမာအစာမျိုးစုံ.. (ရုံးက ထမင်းဝိုင်းမှာလည်း ဗမာအစာ ကောင်းကောင်း ချက်စားသူတွေချည်းပဲဆိုတော့.. အဟင့်.. အရပ် ၅ပေ ၃လက်မမှာ ပေါင်ချိန်က ၁၂၀ ရှိလာပြီ)

သနားနေမိတာက
အန်တီစုကို (သူကတော့ အဲလို သနားတာကို ကြိုက်မှာ မဟုတ်).. ပြီးတော့ မြန်မာပြည်က လူထုကြီးကို..။

လွမ်းနေမိတာက
အများကြီးပဲ… အထူးသဖြင့်ဆိုရင်တော့ ဆုံးသွားတဲ့ အဖေ့ကို နေ့တိုင်း လွမ်း.. ပြီးတော့ ဗမာပြည်က အမေ့ကို။

မေ့လျော့ပစ်နေမိတာက
သူများက ကိုယ့်အပေါ် မကောင်းခဲ့တာတွေကို မေ့ပစ်ဖို့ ကြိုးစားနေမိတယ်…

ခါးသက်နေမိတာက
မဟုတ်မတရားလုပ်တာကို မြိန်ယှက်နေတဲ့သူတွေနဲ့ ပတ်သက်ရင်…

တမ်းတနေမိတာက
အပူအပင်ကင်းကင်းနဲ့ ကိုယ့်တိုင်းပြည်မှာ ပြန်နေခွင့်…

ကျိတ်ပြီး ချီးကျူးနေမိတာက
အင်းး ကျမကတော့ ချီးကျူးစရာရှိရင် ဗြောင်ပဲ ချီးကျူးတာမို့ ကျိတ်မချီးကျူးတတ်..။ နေဦး… မဖြစ်မနေဆိုရင်တော့… ဟီးး ကျရာပျော်တတ်တဲ့ ကိုယ့်ကိုကိုယ်ပဲ ချီးကျူးရမှာ.. :P

ဆန္ဒမရှိတဲ့ နေရာ
စစ်ဖြစ်နေတဲ့ နေရာ

ဆန္ဒရှိနေတဲ့ ကိစ္စ
မြန်မာပြည်တုန်းက ဆရာမဘ၀လေးဆီ ပြန်သွားချင်တယ်…

မုန်းတီးနေမိတာက
ဘဘကြီးနဲ့ အလိုတူ အလိုပါများ..၊ အခွင့်အရေးအတွက် ဘာမဆို လုပ်ရဲသူများ..၊ နိုင်ငံ့အရေးကို ပြစားသူများ..။

ချစ်နေတာက
လက်ရှိဘ၀လေးကို ချစ်ပါတယ်..။

စိတ်ပျက်နေမိတာက
ရှေ့တမျိုး ကွယ်ရာတမျိုး ပြောကျင့် ရှိသူတွေကို…

စွဲလန်းနေမိတာက
ခုထိတော့ တစွဲတလန်းမရှိပါဘူး.. ရနိုင်သမျှ အကောင်း…။ ဒါပေမဲ့ ကိုယ့် ဘလော့လေးနဲ့ Facebook စာမျက်နှာလေးကိုတော့ စွဲလန်းသားပါ..။

လိုအပ်နေတာက
ဟိ.. သူများနဲ့ သိပ်မကွာပါဘူး…။ ပိုက်ဆံပေါ့.. (ကြွေးတွေ အများကြီး ရှိနေလို့ပါ.. ကြွေးမရှိရင်တော့ ပိုက်ဆံ မမက်သူပါရှင် :) )။

တောင်းနေမိတဲ့ဆု
ကျမရဲ့ မိသားစု ဘယ်သူမှ နေမကောင်းမဖြစ်ပါစေနဲ့… (Health Insurance မ၀ယ်နိုင်သေးလို့ :P)

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
အဲဒီဟာတွေ သေပဲ မသေနိုင်ဘူး… =))

ဝန်ခံချင်တာက
ကိုယ်လည်း သူတော်ကောင်းကြီးတော့ မဟုတ်ပါ.. (ဒါမဲ့ သူယုတ်မာလည်း မဟုတ်.. တကယ်ပါ :D)

ဆက် မတက်ဂ်တော့ပါဘူးနော်... ။ ပြန်ရေးတာ နောက်ကျနေပြီဆိုတော့ ....

14 comments:

မေ့သမီး said...

အခြေအနေတွေကောင်းသွားရင် မြန်မာပြည်မှာ ဆရာမပြန်လုပ်မှာပေါ့။ ကောင်းတယ်အမ။

ATN said...

ခုတလောကို လာဖတ်သွားတယ်...
အတော်များများက ဘာလို့ တူနေကြပါလိမ့်...
ဒဏ်ရာတွေက ဓါးတချောင်းထဲကြောင့် ရခဲ့တာမို့ထင်ပါရဲ့လေ...

MieMie said...

အမတို့ရုံးက ဗမာထမင်းဝိုင်းမှာလာစားချင်တယ်...
ဒါပေမယ့် ပေါင်တွေတက်လို့တော့ မဖြစ်သေးဘူး...
ဒီမရောက်ခင်က ပေါင်ချိန်ကိုမှတ်ထားဦးနော် အမရေ..
ဒီမှာက ဘာစားစားပေါင်တက်နေတာ မလွယ်..ရေချည်းဘဲ သောက်နေရရင်တောင် ၀ နေဦးမလားမသိ...

mie nge

Nge Naing said...

အရပ် ငါးပေ သုံးလက်မနဲ့ ပေါင် ၁၂၀ ကို BMI တွက်ပေးမယ်နော့်။ ပေါင် ၁၂၀ ကို ကီလို ဂရမ်ဖွဲ့ဖို့ ၂.၂ ပေါင်နဲ့စား ရင် ၅၄.၅၄ ကီလိုဂရမ် ရတယ်။
၅ ပေ ၃ လက်မကို လက်မဖွဲ့ရင် ၆၃ လက်မရတယ်။ ၆၃ လက်မကို ဆင်တီမီတာဖွဲ့ဖို့ ၂.၅ နဲ့ မြှောက်ရင် ၁၅၇.၅ ဆင်တီမီတာ = ၁.၅၇၅ မီတာ။ ကိုယ်အလေးချိန်ကို စားဖို့ စတုရန်းမီတာဖွဲ့ရင် ၁.၅၇၅ အချင်းချင်းမြှောက် (square) ရင်2.48m2 ရတယ်။ အဲဒါနဲ့ ကိုယ်အလေးချန် ၅၄.၅၄ ကို စားရင် Body Mass Index (BMI) ၂၂ ရတယ်ဆရာမ။ BMI က (18.5 - 25) အထိကို ပုံမှန် (Healthy Weight) အဖြစ် သတ်မှတ်တယ်ဆိုတော့ ဆရာမက ပုံမှန်ထဲမှာပဲ ရှိပါတယ်။ နောက်ထပ် ၆ ကီလိုလောက် ထပ်တက်တဲ့အထိ ဆရာမက Healthy weight ထဲမှာပဲ ရှိဦးမယ်ဆိုတော့ ကြိုက်တာ စားလို့ရသေးတယ်။ ဒါပေမယ့် အ၀တ်အစားဝတ်လို့ သိပ်တော့ ကြည့်ကောင်းမယ် မထင်တော့ဘူး။

MANORHARY said...

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေထဲက မြန်မာအကျီ င်္ရင်ဖုံး
လုံခြည်တိုတိုနဲ့ တပည့်တွေတအုပ်ကြီးနဲ့ ပျော်ရွှင်စွာ ရယ်မောနေတတ်တဲ့ ဒေါ်ငြိမ်းခက်ခက်ကိုသတိရတယ်
ကိုယ်လည်း အဲဒီ ဆရာမဘဝလေးဆီပြန်သွားချင်တယ် ပိုက်ဆံအတွက်မပါတဲ့စာတွေရေးချင်တယ် ကိုယ့်ကို ဒုက္ခပေးတဲ့သူတွေကို မေ့ထားချင်တယ် ခုတလောကတော့ အမရယ်.............
........ခုတလောတော့...........

သက်ပိုင်သူ said...

ဟီး ဟီး
အနော်လည်း ပိုက်ဆံမက်တယ်ဂျ....
(လုပ်ချင်တာလေးတွေ လုပ်ချင်လို့ပါ)

ဟုတ်ပါ့ .. အဲဟာတွေလည်း သေပဲမသေနိုင်သေးဘူး...
(အမက ဘယ်သူတွေလည်း မပြောဘူး၊ ကျွန်တော်လည်း ဘယ်သူတွေလဲ မပြောဘူးနော်။)

rose of sharon said...

ငွေကြေးအတွက်မပူပင်ရဘဲအချစ်ဝထ္တုတွေထိုင်ရေး နေချင်တဲ့ဆရာမရဲ့ဆန္ဒတွေအမြန်ဆုံးပြည့်ဝနိုင်ပါစေ... ဆရာမရေးတဲ့အချစ်ဝထ္တုတွေဖတ်ချင်တယ်....

kay said...

အမရေးတဲ့.. ဒုတိယအရွယ်ရဲ့ အချစ်လုံးချင်းကြီးတွေ ဖတ်ချင်နေပြီ။ ဗီအိုအေ က ဘော့စ် ကို ပြောလိုက်လေ.. ကျမအတွက်..ကိုယ်ပိုင် လုံးချင်း အစီအစဉ် လုပ်ပေးပါလို့။း)

တန်ခူး said...

တမ်းတနေမိတဲ့ နေရာလေးမှာ နေပြီး ဆန္ဒရှိနေတဲ့ ဆရာမဘ၀လေးနဲ့  ဖြစ်ချင်နေတဲ့ လုံးချင်းဝတ္ထုလေးတွေ အမြန်ဆုံးပြန်ရေးနိုင်ပါစေလို့ … မိသားစုတစုလုံး ကျန်းမာချမ်းသာကြပါစေ မ ရေ…

tin min htet said...

တီချယ်ကြီးရေ ခုတလောကို တိုတိုရေးရရင်
"ခုတလော၊ မောတယ်" ပေါ့။ စိတ်မော၊ လူလည်း နည်းနည်းမော။

Mogok Thar said...

ဆရာမ

ခုတလော တွေ ဖတ်သွားတယ်။ ပြုံးရတာလဲ ရှိ။
မောရတာလဲ ရှိ။

ဆရာမ ဆန္ဒတွေ အမြန်ဆုံး ဖြစ်လာကြပါစေလို့။
ဒါဆို အနော်တို့ ဆန္ဒတွေလဲ အမြန်ဆုံး ဖြစ်လာတာပဲပေါ့။
ဘာလို့လဲ ဆိုတော့ ပျင်းပျတဲ့ ဆန္ဒတစ်ခုက လူတိုင်း အတူ ရှိနေကြလို့လေ။

မေတ္တာဖြင့်

မီယာ said...

အမအသံကို ကြားဖူးသွားပြီ...

ကိုရင်နော်ခင်လေးငယ် said...

မင်္ဂလာပါ ဆရာမ..
ခုတလောကို လာဖတ်တယ် ဆရာမရေ..

ဆရာမ သင်တဲ့ အတန်းမှာ တက်ခဲ့ရတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ချင်ခဲ့တာ..

ချစ်ခင်လေးစားစွာဖြင့်..

Anonymous said...

ညီမလည်uးniversity ဆ၇ာမဘ၀လေးကိုအ၇မ်းလွမ်းတယ်ဘ၀ဆိုတာကိုယ်မှန်းသလိုမဖြစ်တတ်ဘူးနော်
အမမေငြိမ်းလိုစာေ၇းတတ်၇င်ကောင်းမှာဘဲခံစားချက်တွေေ၇းချင်လို့လေ