Jun 24, 2007

အင်းလျား

မိုး နဲ့ ဆက်စပ်ပြီး ကျောင်းဆီရောက်တော့ အင်းလျားကိုပါ ဖြတ်မိခဲ့သေး။
ဒါနဲ့ .. ကျမသူငယ်ချင်းတစ်ယောက်ရဲ့ အင်းလျား ဆိုတဲ့ ကဗျာလေးကိုပါ သတိရသွားတယ်။
၁၉၉၅ဇူလိုင်မှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကဗျာသမားတွေ အပျော်စုထုတ်တဲ့
အမေမျှော်တဲ့မိုး.. ကဗျာစာအုပ်ထဲမှာ ပါခဲ့တာပါ။
ခု... အဲဒီကဗျာလေး တင်ပေးလိုက်ပါတယ်။

အင်းလျား

ကလေးတွေက..
ငါ့ခြေ ငါ့လက်ပေါ်မှာ
အိပ်မက်တွေကို စွန့်ပစ်
ဘ၀အစစ်ရှိရာဆီကို
ပျံသန်းသွားကြသတဲ့.......

ငါနဲ့အတူ
ကောင်းကင်ပက်လက်
ရွက်လှေနဲ့ သက္ကရာဇ်တို့
ငါ့ခန္ဓာကိုယ်ပေါ်နဲ့
ရင်ထဲ စီးဆင်းသွား.....။ ။

ကျော်ဇောခိုင်


ထုံးစံအတိုင်း ကဗျာရှင်ကို ခွင့်မတောင်းနိုင်ပါ။

မေငြိမ်း(ဇွန်၂၄)



2 comments:

s0wha1 said...

ကန်ဘောင်ကို လွမ်းသွားပြီ...

မေဓာဝီ said...

အံမယ် ... ဒီက လွမ်းမလို့ကြံကာရှိသေး... သူက ဦးအောင်လွမ်းသွားတယ်။ မမေငြိမ်းရဲ့ ဓာတ်ပုံထဲက အင်းလျားရေပြင်နဲ့ ကောင်းကင်ကြီးက တကယ်ပဲလွမ်းစရာ ... ကဗျာလေးကလည်း တကယ့်ကို အင်းလျားပုံရိပ်ထင်ဟပ်စေတယ်။ အင်းလျားရဲ့ရင်ခွင်ကနေ ဘ၀အစစ်ရှိရာကို ပျံသန်းသွားကြသူတွေထဲမှာ အင်းလျားကို သတိရရင်တောင် ပြန်လာဖို့ ခဲယဉ်းကြသူတွေ အများကြီးရှိနေမှာပဲ နော်။ ပြောရင်းနဲ့ လွမ်းလာပြီ။ လာမယ့်တနင်္ဂနွေကျရင်တော့ အင်းလျားသွားပြီး လွမ်းအုံးမှပဲ... ဘယ်သူလိုက်မလဲ ... :)