Nov 18, 2007

ကြော်ငြာ



ကျမစာမရေးနိုင်လို့ အသစ်တင်ပါလို့ ပြောနေကြတဲ့ ကြားထဲ မှာပဲ ဒီနေ့တော့ ထူးထူးခြားခြား ပို့စ်တခု တင်ပါမယ်။ ကြော်ငြာပါ.. :) ။

Burma Media Association ကနေ ဒီနှစ်မှာ စာအုပ်နှစ်အုပ် ထုတ်ပါတယ်။ တစ်အုပ်က ကျမ ပြုစုတဲ့ “သတင်းသမား သတိထားစရာ မြန်မာစာနှင့် စကားသံများ” ဖြစ်ပြီး၊ နောက်တစ်အုပ်ကတော့ ဘလော့ဂါ ယောဟန်အောင်(အောင်သူငြိမ်း) ဘာသာပြန် ထားတဲ့ “ဘလော့ဂါများနှင့် ဆိုင်ဘာအတိုက်အခံများအတွက် လက်စွဲ“ စာအုပ် ဖြစ်ပါတယ်။

အသင်းသားတွေနဲ့ သတင်းသမားတွေအတွက် အခမဲ့ဖြန့်ဝေတဲ့ ဒီစာအုပ်နှစ်အုပ်ကို အသင်းရဲ့ ရန်ပုံငွေအတွက် ပြင်ပမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းပါမယ်။ 'ဘလော့ဂါလက်စွဲ' ရဲ့တန်ဖိုးက ၂ဒေါ်လာဖြစ်ပြီး၊ 'သတင်းသမား သတိထားစရာ' ကတော့ ၁ဒေါ်လာ ဖြစ်ပါတယ်။ လောလောဆယ်တော့ တမျိုးကို အုပ်၂၀၀စီပဲ ရှိပါတယ်။ လိုချင်ရင် ကျမဆီမှာ မှာလို့ရပါတယ်။ maynyane@gmail.com ကို မှာနိုင်ပါတယ်။ ပြည်ပကနေ မှာယူရင်တော့ စာပို့ခကို မှာတဲ့သူက ကျခံရပါမယ်။ မှာတဲ့အခါ ကျမဆီကို ပို့ပေးရမယ့် လိပ်စာ ထည့်ပေးပါ။ အဲဒီလိပ်စာအရ စာအုပ်ပို့ခ ကျသင့်ငွေ ဘယ်လောက် ဆိုတာကို စုံစမ်းပြီး အကြောင်းပြန်ပါမယ်။ အဲဒီ့အခါမှာ Money order သုံးပြီး ငွေပို့ရမယ့် စာတိုက်သေတ္တာနံပါတ် ကျမ ပေးပါ့မယ်။

ထိုင်းနိုင်ငံမှာဆိုရင်တော့ ဘတ်ငွေနဲ့ ရောင်းပါမယ်။ ၂အုပ်ပေါင်း တစ်စုံကို ဘတ် ၁၀၀ ပါ။ တစ်အုပ်စီ ဆိုရင် တော့ 'ဘလော့ဂါလက်စွဲ'က ဘတ် ၇၀၊ 'သတင်းသမား သတိထားစရာ'က ၃၅ဘတ်ပါ။ မြန်မာပြည်ထဲက လိုချင်သူတွေကိုတော့ အခမဲ့ပို့ပေးမှာ ဖြစ်ပါတယ်။


2 comments:

ကလိုစေးထူး said...

အဲဒီစာအုပ်တွေကို ကျနော်လိုချင်ပါတယ်။ ဘယ်လိုမှာရမလဲ ဆိုတာကတော့ ဂျီတော့ခ်မှာ တွေ့မှ မေးတော့မယ်…။ အခုက ချန်ထားပေးဖို့ လက်ဦးတာ။ :D နှစ်အုပ်လုံးနော်။

Hteink Min said...

i want the two book .. eventought the book seems quite expensive :P.. hahaha.. 3 usd, should be abit higher.. dont you think .hhehe.. tell me how can i pay by money order. keep the book for me..