Jan 1, 2011

နှစ်သစ်အတွက် ဘာဆုတောင်းပါလိမ့်…



၂၀၁၀ ဟာ တေးသံသာတွေ ကြိမ်ရေများများ လွင့်ပျံ့ခွင့်ရခဲ့တယ်လို့ ဆိုနိုင်ပါရဲ့..။
မင်္ဂလာရှိသော နေ့ရက်များ… မင်္ဂလာရှိသော အပေါင်းအပါတချို့နဲ့.. မင်္ဂလာရှိသော အမှုအခင်းတွေ ရင်ဆိုင်ခဲ့။ ဆွတ်ပျံ့ဖွယ်ပါပဲလေ..။ တချို့သော အမင်္ဂလာများကိုတော့ ရယ်မောဖြတ်ကျော်နိုင်ဖို့ ကြိုးစားခဲ့ရ..။ အမှန်တရားဘက်မှာ ကိုယ်ရပ်ခဲ့တယ်လို့ သေချာတာ တခုနဲ့ပဲ ဖြတ်သန်းခဲ့ရလေတယ်။ ဘာပဲဖြစ်ဖြစ်.. မြိန်ယှက်ဖွယ်..။
၂၀၁၁..
“ကိုယ်မေးမယ်.. ဘာတွေဖြစ်ဦးမလဲ”ဆိုတဲ့ သီချင်းကို အော်ဆိုရင်း အခါများစွာကလို ပေါ့ပေါ့ပါးပါး ဖြတ်သွားနိုင်ပါဦးမလား..။ ဘ၀ရှင်သန်ရေးမှာ ဂုဏ်သိက္ခာနဲ့ အမည်နာမက ငွေကြေးထက် အရေးကြီးတယ်လို့ ခံယူသူတယောက်အတွက် ရှေ့လာမယ့် ၂၀၁၁မှာ အခိုင်အမာ ဆုံးဖြတ်ရမှာတွေက စောင့်ကြိုလို့..။
သေချာမှ ဖြစ်မယ်….
မှန်ကန်မှ ဖြစ်မယ်..
တရားမျှတမှ ဖြစ်မယ်..။
ခုလောလောဆယ်တော့ ကျမက လမ်းဆုံမှာ…။
(အင်း လူဆိုတာကိုက လမ်းဆုံမှာ မကြာခဏ ရပ်ရသူတွေ ထင်ပါရဲ့။)

၂၀၁၀ မှာ… ကိုယ့်ဘာသာ သေချာတာကတော့ အမှန်များများ အမှားနည်းနည်း…၊ မေတ္တာတရား များများ.. အမုန်းစိတ် နည်းနည်း…၊ အတ္တ များများ ပရ နည်းနည်း..၊ စေတနာ များများ.. နာလိုခံခက် နည်းနည်း…။
၂၀၁၁ မှာတော့ ဖြစ်နိုင်ရင်.. စာတွေဖတ်.. စာတွေရေး..။ မိသားစုကို ချက်ပြုတ်ကျွေး၊ အပင်တွေစိုက်..။ စိတ်ပျက်စရာတွေ မတရားတာတွေ မှားနေတာတွေကို ကျောခိုင်း..၊ ကိုယ့်ဘာသာပဲ ငြိမ်းချမ်းအောင် တည်ဆောက်…၊ ဘာခံစားချက်ကိုမှ မွေးမြူမထားဘဲ… ပြုံးရယ်ပြီးတော့သာ နေနိုင်ချင်တယ်…။

+++++

10-9-8-7-6-5-4-3-2-1 Happy New Year!!!!!!!!!!!

Cheers!! လို့ ရှန်ပိန်သောက် ဆုတောင်းကြတယ်..
ဆုတောင်းလေ့မရှိတဲ့ ကျမအတွက်တော့ ဒီတကြိမ်မှာ တကယ့်ကို လိုလိုချင်ချင် ဆုတောင်းချင်နေမိတာ အမှန်ပါပဲ။
ကျမ ဘာဆုတောင်းချင်ပါလိမ့်…။
၂၀၁၁ အတွင်းမှာ ဘ၀အတွက် မှန်သော လမ်းကိုသာ ရွေးချယ်နိုင်ပါစေ… တဲ့။
ဟုတ်တယ်.. ကျမ အဲလို ဆုတောင်းလိုက်မိပါတယ်..။

၁ ဇန်န၀ါရီ ၂၀၁၁ တနင်္ဂနွေ။

9 comments:

တန်ခူး said...

တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ မ ရေ...
ဒီပို့ စ်လေးဖတ်ပြီးမှ ၂၀၁၁အတွက် ဆုမတောင်းဖြစ်သေးတာ သတိရတယ်... အသက်ကြီးလာလို့ လားမသိပါဘူး မ ရယ်... မ လို ငြိမ်းချမ်းမှုလေးကိုသာ လိုချင်နေမိတယ်... ငြိမ်းချမ်းနှစ်သစ် ၂၀၁၁ဖြစ်ပါစေလို့ ...

မယ့်ကိုး said...

ဆရာမ လိုရာပြည့်သော ပျော်ရွှင်ဖွယ် နှစ်သစ်မင်္ဂလာဖြစ်ပါစေး)

ဇွန်မိုးစက် said...

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ် ၂၀၁၁ ဖြစ်ပါစေ ဆရာမ။း)

မန်းကိုကို said...

မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)

ညီလင်းသစ် said...

တိုးတိတ်အေးချမ်းစွာနဲ့ ရယ်ရယ်မောမော, ပေါ့ပေါ့ပါးပါး ရှိလှတဲ့ နေ့ရက်တွေများတဲ့ ၂၀၁၁ ဖြစ်ပါစေ အမရေ...။

သက်ဝေ said...

မင်္ဂလာ နှစ်သစ်ပါ ဆရာမ...

ဆရာမ တောင်းတဲ့ဆုလေး ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။ ဆရာမတို့ တမိသားစုလုံး အတွက် သာယာပျော်ရွှင်ဖွယ် ၂၀၁၁ ဖြစ်ပါစေနော်...

PAUK said...

နှစ်သစ်မှာ ဆရာမ ကျနော်တို့ဆီကို
ရောက်လာပါစေ ဆုတောင်းမယ်။
ငါးငပိချက်စားရပါစေ ဆုတောင်းမယ်..။
ဘာပဲဖြစ်ဖြစ်..
နှစ်သစ်မှာ ပျော်ရွှင်ပါစေ..။

ချစ်ကြည်အေး said...

မင်္ဂလာရှိသော နှစ်သစ်ပါ အမ၊ အမရွေးချယ်တဲ့ မှန်သောလမ်းပေါ်မှာ ပျော်နိုင်ပါစေ အမရေ.....:)

ÁLVARO BÓMEZ CASTRO said...

Hi, I back often with great interest publications. I am an educator in Santa Marta, Colombia and I am determined to develop a list of authors and literary works by country. If you can help, I appreciate it. The blog address is:
http://alvarogomezcastro.over-bog.es
Thank you very much