ဆောင်းတွင်းကို
ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက ကျမ ရောက်ဖူးခဲ့တဲ့ ထိုင်းမြန်မာနယ်စပ်က မြန်မာနိုင်ငံသားတွေနေတဲ့
ဒုက္ခသည် စခန်းလေးတွေကို။ အဲဒီမှာ နှင်းငွေ့တွေ အေးအေးစက်စက် ဝေနေတဲ့ ရာသီအောက်မှာ မလုံမခြုံ သစ်ဝါး အိမ်လေးတွေ .. မြေလမ်းပေါ်မှာ အဝတ်အစား နွမ်းနွမ်း လေးတွေနဲ့ မရွှင်ပျတဲ့ မျက်နှာတွေ နဲ့ ကိုယ့်နိုင်ငံသား အရွယ်စုံ..။ အထူးသဖြင့် ကလေးတွေ..။ သူတို့ အနာဂတ်ကလည်း သူတို့ ဝတ်ထားတဲ့ အဝတ်တွေလို နွမ်းဖတ်.. မပြည့်စုံ.. စုတ်လု စုတ်ခင်.. ပျက်စီး လု ပျက်စီးခင်။ သူတို့ကို ငေးကြည့်ပြီး ကျမ ဓာတ်ပုံတောင် မရိုက်ရက်ခဲ့။ ကျမက သူတို့ကို ဓာတ်ပုံ ရိုက်ပြီး ဘာများ လုပ်ပေးနိုင် မှာမို့လဲလို့ ကျမ ခံစားခဲ့ရတယ်။
နောက်တော့
ရာသီအေးအေးနဲ့ စောင်ပုံထဲ ကိုယ်က နွေးထွေးဇိမ်လုပ်နေချိန်ဆို
ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်စခန်းလေးတွေဆီ
စိတ်ရောက်ပြီး မလုံမလဲ ခံစားရပြန်တယ်။ အဲလိုပဲ ကိုယ်တိုင် နှစ် နှစ်တာ နေခဲ့ဖူးတဲ့ ရှမ်းဒေသ က စစ်ပြေးစစ်ရှောင်ဘဝတွေ..။ အဲဒီ ဘဝတွေအတွက် ဘယ်သူ့မှာ တာဝန် ရှိလဲ.. ဘယ်သူက ဖြေရှင်းပေးမှာလဲ။ အဲလိုတွေးပြီး အဖြေမရတဲ့အခါ ကျမ က ဖန်တီးသူ တွေ ကိုပဲ ခါးခါးသီးသီး မုန်းမိတော့တယ်။ ဒါပေမဲ့ ဒါကလည်း အဖြေမဟုတ်ပါ။
+++++
ကမ္ဘာမြေပြင်ကို အရောင်ခြယ် မျဉ်းကြောင်းတို့
ရေးလို့ဆွဲ
.. ဘယ်ဘုရားမှ
မပညတ်
ထားလည်း
.. နယ်နိမိတ်တို့
သတ်မှတ်ခွဲ
.. ဘာသာ
အယူဝါဒ
နဲ့
စကားသံတွေ
ကွဲလွဲ
.. အပိုင်လိုချင်နေသူအတွက်
သူ့ဝန်ပိုတိုး။
အဖြူ အညို မဟူရာ အနီရယ် အဝါ .. အပေါ်ယံအရေပြား .. လူ့ဘဝက အဓိပ္ပါယ် ရှိရဲ့လား.. ခွဲခြား ဆက်ဆံကြ.. ဒီမြေသည်သာ အားလုံးရဲ့ ဘုံဌာနပဲ၊ နိုင်လိုမင်းထက်
အကျင့်တွေနဲ့
အကျည်းတန်
တယ်။
ဒါ .. အမှန်တရားအစစ်တစ်ခုပဲ.. လောကရဲ့ စံ နဲ့ မူ .. ယဉ်ကျေးသော နှလုံးသား စွမ်းအား ရှိတဲ့ လူဆိုတာသာ လူ.. စစ်တလင်းမဖြစ်စေနဲ့.. ဂေဟမြေ အခြေချသူ.. အရေးကြီးဆုံးတို့
ထိန်းသိမ်းဖို့
အားလုံးသော
ဘဝတို့
ကျောခင်းနေတဲ့
မြေ
.. ဒါ
ဘုံဌာနလေ…
ဘုံဌာန
လေး…
မျဉ်းတစ်ကြောင်းတို့နဲ့ ကျောချင်းကပ်.. ကျည်ဆံတွေကို ထမ်း.. ကလေးတစ်ယောက်ရဲ့
ငိုညည်းသံ.. နားစွင့်လို့ နှလုံးသားနဲ့ ကြည့်စမ်း.. သာတူ ညီဝေမျှဖို့ လက်တွေ့လိုအပ်မှန်း .. လူသား .. ကျည်ဆံ နဲ့ မေတ္တာ .. သင့်ရဲ့ သဘော..
ခုတလော
ခဏခဏ နားထောင်ဖြစ်တဲ့ သီချင်းတွေထဲ ဒီ “ဘုံ”
ဆိုတဲ့ သီချင်းလေးလည်း ပါတာပေါ့။ ဒီသီချင်းလေးကို ခံစားရလွန်းလို့ တေးရေး (ကို) ‘အောင်ကိုမြင့်’ ကို ကျေးဇူးတင်.. ဒီလို လူကြိုက် များလေ့ မရှိတဲ့ အကြောင်းအရာမျိုး နဲ့ ဖွဲ့ထားတဲ့ သီချင်းကို စိတ်တိုင်းကျ ရွေးပြီး စိတ်နှစ်ပြီး အကောင်းဆုံး ဆိုထားတဲ့ အဆိုတော် ‘တင်ဇာမော်’ ကို ကျေးဇူးတင်ပြီး လူတွေအများကြီး ဒီသီချင်းကို နားထောင်ပြီး အနည်းဆုံး “အချင်း ချင်း” ဆိုတဲ့ ဝေါဟာရလေးလောက်ကိုပဲ စာနာတတ်သွားရင် တောင်
တော်ပါပြီလို့ တွေးမိတယ်။
တကယ်တော့
လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အစွဲတွေနဲ့
တိုင်းတာပြီး အရာရာကို ဆုံးဖြတ်နေ ကြတာပဲ မဟုတ်လား။ ကြာလေ.. ကမ္ဘာလောကမှာ အရေးကြီးဆုံးလိုအပ်နေတာက
မေတ္တာတရားသာပဲ လို့ သေချာလာလေလေ။ မေတ္တာတရားကသာ ငြိမ်းချမ်းရေးကို ဦးဆောင်တယ် ဆိုတာကို ဘုရားလို့ သမုတ်ခံထား ရတဲ့ ပုဂ္ဂိုလ်အားလုံးက ပြောခဲ့ပြီးသားပါ။
မြတ်ဗုဒ္ဓ
က သတ္တဝါတွေအပေါ် မေတ္တာထားရင်း တကိုယ်ရည် ငြိမ်းအေးလွတ်မြောက်ရာကို
ရှာကြဖို့ လမ်းညွှန်ခဲ့တယ်။ တစ်ယောက်စီတိုင်းရဲ့ ငြိမ်းအေးမှုကနေ အစုအဖွဲ့ကြီးရဲ့ ငြိမ်းအေးရာဆီထိ သွားဖို့။
“ငါသည်
နာကျင်သောကိုယ် ရှိသူဖြစ်လျက် နာကျင်သောစိတ်ကင်းသူ ဖြစ်လတ္တံ့ ” (ဓမ္မပဒ)
သခင်ယေရှုကလည်း
ခွင့်လွှတ်သည်းခံခြင်း
မေတ္တာတရားနဲ့သာ ငြိမ်းချမ်းခြင်းကို ဆောင်ကျဉ်းဖို့ လမ်းပြခဲ့တယ်။ “အကြောင်းမူကား.. မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏” ရှောလမုန် သီချင်း (အခန်းကြီး၈အခန်းငယ်၆၊ ရှောလမုန်၈း၆)။
အစ္စလာမ်ဘာသာမှာလည်း
တမာန်တော် မိုဟာမက်က လူအချင်းချင်း မေတ္တာထားပြီး တန်းတူ ဆက်ဆံဖို့ သွန်သင်ခဲ့တာပဲ။ “ဆင်းရဲနွမ်းပါးသူတိုင်းကို ပေးကမ်းခြင်းကို ငါ မြတ်နိုးတယ်။ နွမ်းပါးသူ တွေ အပေါ် အမြတ်ထုတ်သူသည် ငါ့နောက်လိုက်မဟုတ်၊ မတူသူများအပေါ် ခွဲခြားဆက်ဆံမှုပြု သူတိုင်းကို ငါ ခွင့်မလွှတ်”
လို့ တရားမျှတမှုကို ပြခဲ့တာပဲ။
သေချာတာတော့ ဘာသာတရားတိုင်းဟာ အချင်းချင်း ချစ်ကြည်မှု ၊
စာနာငဲ့ညှာမှု နဲ့ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ရေးကိုချည်း ဦးတည်ခဲ့တာပါပဲ။ ဒီမြေသည်သာ အားလုံးရဲ့ ဘုံဌာနပဲ …
ဒါကို သူအပိုင် ငါအပိုင်တွေ သတ်မှတ်.. နယ်မြေတန်ဖိုးတစ်ခု သတ်မှတ်ကြ.. လုကြယက်ကြ.. တိုက်ခိုက် သိမ်းပိုက်ကြ.. နှောင့်ယှက်ဖျက်ဆီးကြ… ခေတ်အဆက်ဆက်။ ဘာကြောင့်များ မငြိမ်းချမ်းချင်
ကြ သလဲ…။
ကမ္ဘာမြေပြင်ကို အရောင်ခြယ် မျဉ်းကြောင်းတို့
ရေးလို့ဆွဲ
.. ဘယ်ဘုရားမှ
မပညတ်
ထားလည်း
.. နယ်နိမိတ်တို့
သတ်မှတ်ခွဲ
.. ဘာသာ
အယူဝါဒ
နဲ့
စကားသံတွေ
ကွဲလွဲ
.. အပိုင်လိုချင်နေသူအတွက်
သူ့ဝန်ပိုတိုး။
အဖြူ အညို မဟူရာ အနီရယ် အဝါ .. အပေါ်ယံအရေပြား .. လူ့ဘဝက အဓိပ္ပါယ် ရှိရဲ့လား.. ခွဲခြား ဆက်ဆံကြ.. ဒီမြေသည်သာ အားလုံးရဲ့ ဘုံဌာနပဲ၊ နိုင်လိုမင်းထက်
အကျင့်တွေနဲ့
အကျည်းတန်
တယ်။
+++++
*** ဒါ .. အမှန်တရားအစစ်တစ်ခုပဲ.. လောကရဲ့ စံ နဲ့ မူ .. ယဉ်ကျေးသော နှလုံးသား စွမ်းအား ရှိတဲ့ လူဆိုတာသာ လူ.. စစ်တလင်းမဖြစ်စေနဲ့.. ဂေဟမြေ အခြေချသူ.. အရေးကြီးဆုံးတို့
ထိန်းသိမ်းဖို့
အားလုံးသော
ဘဝတို့
ကျောခင်းနေတဲ့
မြေ
.. ဒါ
ဘုံဌာနလေ…
ဒါ..
အမှန်တရားအစစ်တစ်ခုပဲ
.. တဲ့။
ကိုယ့်ဘာသာ တွေးနေမိတယ်… အမှန်တရားပဲ အစစ် .. အတု ရှိသေးလား ပေါ့။ ဟုတ်တာပေါ့.. သိပ်ရှိတာပေါ့။ ကိုယ့်အလိုဆန္ဒလောဘ နဲ့ ယှဉ်ပြီး ငါပြောတာသာ အမှန်ဆိုတဲ့ အမှန်တွေက..
လူအများရဲ့
သဘောကိုလည်း ကိုယ်စားမပြု.. လောကသဘာဝ ဓမ္မ နဲ့လည်း ဆန့်ကျင်ပြီး လူတွေရဲ့ စိတ်နှလုံးကို ညှိုးချုံးစေတယ်ဆိုရင်.. ဒါ အမှန်တရားအစစ် ဖြစ်ပါ့ မလား.. နော်။ ဟုတ်တာပေါ့.. လောကနဲ့ လူသတ္တဝါတွေကို သာယာချမ်းမြေ့စေတဲ့ စံ တွေ မူတွေ ရှိမှပဲ.. အဲဒါက အမှန်တရား အစစ်ပေါ့။ ယဉ်ကျေးသော နှလုံးသား စွမ်းအား ရှိတဲ့ လူဆိုတာသာ လူ…
စစ်အေးတွေ.. စစ်ပူတွေဟာ လူသားမျိုးနွယ်တွေကိုသာမက တိရစ္ဆာန်တွေ
ရေမြေတောတောင် သဘာဝတွေကိုပါ တိုက်စားဖျက်ဆီးနေတာ… အဓိက တရားခံဟာ
ရိုင်းစိုင်းစိတ်ထားရှိတဲ့ လူတွေ ကြောင့်သာပဲ။ ရန်စ လို့ ပြန် ဖြေရှင်းရင်း တရားသော
စစ်ကို ဆင်ရတယ်ဆိုလည်း ဘုံဌာနဟာ ပျက်စီးရတာပဲ။ ဘယ်လောက်ကြေကွဲဝမ်းနည်းစရာကောင်းလဲ။
အပြစ်မဲ့ ပြည်သူတွေ သေကြေ ပျက်စီးရတဲ့ အခြေအနေတွေ။ ဘာအတွက်လဲ။ ဘယ်လောက် အဓိပ္ပါယ်မဲ့လိုက်သလဲ။
အသားရောင် တွေ .. ဘာသာရေးဆိုတာတွေက ဘဝတွေပျက်စီးစေတဲ့ အကြောင်းရင်းတွေ
ဖြစ်နေတာ ဟာ အဓိပ္ပါယ် ဘယ်လောက် ကင်းမဲ့လိုက်သလဲ။
အဖြူ
အညို
မဟူရာ
အနီရယ်
အဝါ
.. အပေါ်ယံအရေပြား
.. လူ့ဘဝက
အဓိပ္ပါယ်
ရှိရဲ့လား..
+++++
ပုဂံ
ကို ဘယ်သူ တကယ်ပိုင်သလဲ။ အီဂျစ် ပိရမစ်တွေကို ဘယ်သူ တကယ် ပိုင်သလဲ။ ဗုဒ္ဓဂယာကို ဘယ်သူ တကယ်ပိုင်သလဲ။ ဂျေရုစလင်ကို ဘယ်သူ တကယ်ပိုင်သလဲ။ ဗာဆိုင်းနန်းတော်ကို ဘယ်သူ တကယ်ပိုင်သလဲ။ ရောမ ရဲ့ ဂန္ဓဝင် ယဉ်ကျေးမှုတွေကို ဘယ်သူ တကယ်ပိုင်သလဲ။ မြေပိုင်နက် သတ်မှတ်ချက်အရ မဟုတ်ဘူးဆိုရင်.. ဒါတွေဟာ လူသားတွေ အားလုံး ပိုင်တဲ့ လူ့ယဉ်ကျေးမှု သမိုင်းတွေပဲ မဟုတ်လား။ ဒါတွေကို ချစ်ကြည်ညိုပြီး ထိန်းသိမ်းမယ့်သူဆိုရင်ဖြင့်
ဘယ်သူဖြစ်ဖြစ်.. လူသားမျိုးနွယ်သမိုင်းကို
ချစ်မြတ်နိုး တန်ဖိုးထားသူပဲ။ ဘာက အရေးကြီးသလဲ။ အဘက်ဘက်က တန်ဖိုးကြီးလှတဲ့ သမိုင်းတွေ မပျက်မစီး တည်တံ့ဖို့ကလွဲလို့ ဘာကများ ပို အရေးကြီင်္းမလဲ။
ဂေဟမြေ အခြေချသူ.. အရေးကြီးဆုံးတို့
ထိန်းသိမ်းဖို့
အားလုံးသော
ဘဝတို့
ကျောခင်းနေတဲ့
မြေ
.. ဒါ
ဘုံဌာနလေ…
ဘယ်လောက်ဆင်းရဲတဲ့နိုင်ငံဖြစ်ပါစေ.. သဘာဝကမ္ဘာဟာ နေရာတိုင်းမှာ လှတယ်။
ကန္တာရမှာတောင် လှပတဲ့ သဲမြေဟာ ရွှေရောင် ကော်ဇောပြင်ကြီး ဖြန့်ခင်းထားသလိုရှိမယ်။ အပူပိုင်း ကန္တာရပင်တွေရဲ့ အရိုင်းဆန်ဆန် အလှတွေ ရှိတယ်။ သာယာတဲ့ အိုအေစစ်လေး တစ်ခုတစ်လေ တွေ့ကောင်းတွေ့နိုင်သေးတယ်။ တောင်ဝင်ရိုးစွန်း .. မြောက်ဝင်ရိုးစွန်း တွေမှာ တောင်မှပဲ ငွေရောင် လင်းလက်တဲ့ ရေခဲပြင်တွေဟာ သဘာဝရဲ့ အလှတစ်ပါးပဲ။ နေရာတိုင်းလိုလိုမှာ.. ပင်လယ်သမုဒ္ဒရာ ရေပြာပြာတွေ.. သစ်တော စိုစိုစိမ်းစိမ်းတွေ.. မြစ်ချောင်းအင်းအိုင်တွေ.. မှော်ဆန်တဲ့ တိမ်တိုက်တွေ.. တောင်ညိုတောတန်းတွေ..။ မလှတဲ့ သဘာဝ ရှာကြည့်စမ်းပါ့။ ဒီလိုပဲ ဖြူဖြူ ညိုညို မည်းမည်း လူတွေ ဟာ
ချစ်တဲ့ စိတ်နဲ့ယှဉ်ပြီး တူတူနေတတ်မယ်ဆို ဘာအချက်အလက်မှ မလိုဘဲ ပျော်ရွှင် နေထိုင်သွား ကြရုံသာ။ ပြီးတော့ ဒီ သဘာဝအလှတရားတွေကို ဖြည့်တင်းရင်း.. မွမ်းမံရင်း.. ထိန်းသိမ်း ပြုစုရင်း..
စောင့်ရှောက်ရင်း ကြည်ကြည်လင်လင် စားသုံးသွားရုံသာ..။ ဒါ.. အဆန်းတကြယ် မဟုတ်.. ။
ဒါ
အမှန်တရားအစစ်တစ်ခုသာ။
ယဉ်ကျေးသော နှလုံးသား စွမ်းအား ရှိတဲ့ လူဆိုတာသာ လူ.. စစ်တလင်းမဖြစ်စေနဲ့.. ဂေဟမြေ အခြေချသူ.. အရေးကြီးဆုံးတို့
ထိန်းသိမ်းဖို့
အားလုံးသော
ဘဝတို့
ကျောခင်းနေတဲ့
မြေ
.. ဒါ
ဘုံဌာနလေ…
ဘုံဌာန
လေး…
+++++
ကိုယ်ချင်းစာခံစားတတ်တဲ့..
ယဉ်ကျေးတဲ့နှလုံးသားရှိတဲ့သူ.. ဘယ်သူမှ စစ်ကို မလိုလား.. ဒါ သိပ်သေချာပါတယ်။ ကျောင်းနေရမယ့် အရွယ်ကလေးလေးတွေ စစ်မြေပြင်မှာ ပြေးနေရသလို.. ဘဝရပ်တည်ရေးအတွက် လက်တွေ့ဘဝစစ်မြေပြင်မှာ
တိုက်ပွဲဝင်နေရတဲ့ ကလေးလေးတွေရော။ အားလုံးဟာ ဓားစာခံတွေ။ တချို့ကလေးတွေ လူငယ်တွေကတော့ လောဘမောဟ သားကောင် တွေရဲ့ လွှမ်းမိုးစေခိုင်းမှုကြောင့်
လူသတ်လက်နက်တွေ ကိုင်နေကြရ.. စစ်ပွဲတွေမှာ။ ချစ်ခြင်းမေတ္တာ လည်း ဝေး .. ဉာဏ်ပညာ ဆင်ခြင်တုံတရား လည်းဝေး။ လူ့ဘဝက အဓိပ္ပါယ်ရှိရဲ့လား။
ဟိုဘက်
ဒီဘက် စည်းရိုးလေး ဒါမှမဟုတ် စည်းမျဉ်းလေး တစ်ချက် ခြားလိုက်ရုံ နဲ့ .. ဒါ တို့ ပြည်.. ဒါတို့မြေတွေ ဖြစ်။ ပုံပန်းသွင်ပြင် အသားရောင်လေး မတူရုံနဲ့ ဒါ ငါ့လူ.. ဟိုဟာ သူ့လူတွေ ဖြစ်။ ခြုံရုံ ထားတဲ့ အဝတ်အထည် ကွဲပြားရုံ နဲ့ ဒါမှ ငါ့ ဘာသာရေး .. ဒါသာ အကောင်းဆုံးတွေ ဖြစ်။ သက်မဲ့ တွေ ရဲ့ လွှမ်မိုးမှုမှာ သက်ရှိတို့ ရူးသွပ်နေပုံများ။
မျဉ်းတစ်ကြောင်းအတွက်နဲ့ ကျောချင်းကပ်.. ကျည်ဆံတွေကို ထမ်း.. ကလေးတစ်ယောက်ရဲ့
ငိုညည်းသံ.. နားစွင့်လို့ နှလုံးသားနဲ့ ကြည့်စမ်း.. သာတူ ညီဝေမျှဖို့ လက်တွေ့လိုအပ်မှန်း .. လူသား .. ကျည်ဆံ နဲ့ မေတ္တာ .. သင့်ရဲ့ သဘော..
ဘာကို ရွေးချယ်သင့်သလဲ။ ဘာကို ရွေးချယ်မလဲဆိုတာဟာ တကယ်တော့ ဝေခွဲရခက်စရာ တောင် မဟုတ်.. သိပ်ရှင်းလင်းတဲ့ အဖြေပေပဲ။ အမှန်တရားသစ္စာဆိုတာ ကြည်လင်ရွှင်ပျဖွယ်ရာသာ ဖြစ်ရမယ် မဟုတ်လား။ ငြိမ်းအေး သာယာစရာ ဘဝနေရေးအတွက် ကိုယ့်သဘောကျ ရွေးဖို့သာပါပဲ။
လူသား .. ကျည်ဆံ နဲ့ မေတ္တာ .. သင့်ရဲ့ သဘော..
လူသား .. ကျည်ဆံ နဲ့ မေတ္တာ .. သင့်ရဲ့ သဘော..
သီချင်းနားထောင်ချင်ကြရင်
https://www.youtube.com/watch?v=2x1Jc_opoVM&list=RDMM2x1Jc_opoVM
https://www.youtube.com/watch?v=2x1Jc_opoVM&list=RDMM2x1Jc_opoVM
4 comments:
Everest Trekking Routes could be a Nepalese trekking company closely-held and operated by a competent and a skilled native team of trekking consultants. We have earned a superb prime rating in Trip adviser and being suggested on Lonely The planet as per the optimum clients' happiness over our reliable service in organizing the safe and nice trekking and mounting journeys. individualize service and safety on prime of any agenda in organizing any of our trekking in Nepal and mounting journeys within the mountain range. we tend to guarantee practiced, competent and medical trained trek leader to guide your journey Trekking in Nepal to climb with correct safety make a copy like a gas cylinder or PAC bag and comprehensive care kit. Proud to be a pioneer and accountable tour operator to Porters on all high altitude Kingdom of Nepal treks and mounting visit reasonable value.Trekking in Nepal is final Activities to explore and know the incomparable native culture and thrilling beauty and splendor of the high mountain range. we tend to do stand out among the remainder in leading our trip in most accountable method Olympian each expectation. we've got earned a superb name for absolute dependableness, caring and safety over the year in organizing trekking within the Himalaya. With our dedicated native team of experts' work commitment and over two-decade-long tour in operation expertise, we tend to doubtless ensure the safe and better of Kingdom of Nepal trekking Guide expertise to any or all our valued trekkers. so we've got over forty you rather than recurrent trekkers every year UN agency while not a shred of doubt continuously select America for his or her final trip to the Kingdom of Nepal treks to mountain chain expeditions. several travelers square measure connotation America as they need to be seen America in action on earlier trip experts and reliable service we tend to cater to make sure the most effective and safe journey vacation of the period of time. Proud to share that we've got achieved an expert Everest Trekking Guide, Annapurna Trekking Guide, Manaslu Circuit Trekking Guide in Nepal.
Why Trekking in Nepal Nepal?, a land of high hills, mountains, raging rivers and verdant deep jungles of Terai & its rich lifestyle makes one of the most sought locations inside the map of the world. a destination for all season as it's miles one of the most numerous and varied international locations on this planet a unique us of a nestled inside the excellent snow capped variety is some other advent of the mom earth and it embraces worlds' 8 highest peaks from mt.everest, mt.kanchenjonga, mt.lhotse, Makalu, Cho Oyu, Dhaulagiri, Manaslu to Annapurna massive. nepal is likewise the beginning location of Buddha (light of Asia). The Buna Treks is Local Base Under Nepal Government Trekking Agency in Nepal. blessed with wealthy nature, the brilliant Himalayan in Nepal range stretches from the far north-west to the way east where the worlds highest 8th eight-thousanders are in Nepal. nepal gives a enthralling adventure with enough time to wonder the encompassing beautiful landscapes and immerse with its warm human beings, imparting you full of range and enchantment from the low lands of Gangetic plains and its verdant dense jungle where the endangered species of Royal Bengal tigers and the one-horned rhinoceros roam, to the mythical yak and yeti trail to Everest.as the adventure and leisure tourism was hooked up in view that late 1960 and 70’s quality travel & trekking enterprise have mushroomed by using a tourism professionals Nepalese, and were leading countless of adventure trips in the course of Himalaya consisting of rafting, mountain climbing also organize adventure trekking, and entertainment trips which includes tailor-made itineraries for own family, college companies and company executives. Many of Trekking Company in Nepal are not perfect trip dealing, they have not enough Experienced. Trekking in Nepal, Nepal is domestic to community of trails also known as the amazing Himalaya trails, an extensive trail gadget that covers Nepal from humble and Darchula within the west to Kanchenjunga in the east. the range of Trekking in Nepal cannot be located in any other location of the world. in fact, the lowest factor in Nepal is fifty-nine m above sea-level inside the terai location even as the very best point is Everest, eight,848 m above sea-level, the two factors are, in a direct line, most effective two hundred kilometers aside. the majority of visitors to Nepal are available through the Tribhuvan international airport in Kathmandu. it's far in Kathmandu that trekkers want to accumulate their permits and other documentation, both from a trekking agent or from the best places of work. those files will be checked along the hiking route. for people with little time to spend in Nepal, there are half of-day hikes from Kathmandu to witness breathtaking Himalayan Trekking in Nepal perspectives in any other case trek for weeks over stunning tough mountain passes. as much as the mid-1960s just a few trekkers had generally visited Nepal and lower back then as part of corporations of excursion fans. the various huge expeditions of the day recommended trekkers to join up in an try to help balance the investment.
Manaslu Tsum Valley Trekking is freshly open trekking path in Manaslu region. Manaslu Tsum Valley trekking supply stunning Himalayan views of Mt. Manaslu 8163m, Mt. mountain peak 8167m, Mt. Annapurna8091m, twenty-three different mountain peaks, stunning landscape, Tsum Valley and mixed Nepalese culture. Manaslu Tsum Valley trek could be a sacred Everest Trekking Routes circled by the Baudha Himal and Himal Chuli to the west, Ganesh Himal to the South and Sringi Himal to the north. Tsum Valley trekking is finite by 3 high passes Ngula Dhoj Hyang (5093 m.) to the west and Yamdro Pass (5326 m). Tsum word comes from the Tibetan word 'Tsombo', which suggests vividly. Manaslu tsum natural depression trekking tour is restricted trekking in the Kingdom of Nepal and needed special trekking to allow through legal Nepal trekking agency and minimum 2 people participant obligatory trekking in Manaslu Tsum natural depression space. The smart good shape and minimum 3 we tend treks vacation needed for Tsum Valley Trekking, however, Everest Trekking Routes prepare customized trekking service as per trekkers want and vacation schedule. Fall & spring season is the best time trekking in Tsum natural depression, however, we tend to ETR prepare around the year as per trekkers vacation schedule.Manaslu Tsum Valley trekking begins at Arughat Bazaar Gorkha once 6-7 hours drive from Kathmandu. Everest Trekking Routes trekking guide LED through stunning Valley of Machhikhola, Jagat Lakpa River Dupchet and at last reach the Tsum natural depression. Tsum natural depression Trekking has completely different choices Manaslu Circuit Larke larke la pass trekking, Tsum Valley, Manaslu circuit trekking, Manaslu Rupina La pass trekking or solely Tsum natural depression trek begin from Arughat and finish at the same place. Ordinarily, inhabitation / tented trekking is additional appropriate and cozy for Manaslu Tsum Valley trekking however currently a day’s tea house/lodge trekking is worn out this space. We tend to Everest Trekking Routes prepare either tea house or inhabitation trekking as per trekkers want and need. We’ve mentioned below 3 completely different choices trekking in Manaslu tsum Valley, however, trekking itinerary style in keeping with travelers/trekker’s demand.the part of Annapurna and Ganesh Himal between Wilderness and Restricted area of Nepal.
Thanks for sharing such a nice article. It is very useful and informative.
Astrologer in Toronto
astrologer in Mississauga
astrologer in Brampton
Indian astrologer in Scarborough
Indian astrologer in New Jersey
Astrologer in Texas
Astrologer in Brooklyn
Astrologer in Manhattan
Astrologer in New York
Astrologer in California
Post a Comment