Jan 24, 2008

ပက်ချင်မပြည့်တဲ့ ဘ၀တွေ

ဒီတလော အလုပ်တွေ ဖိစီး…။ လူမှုရေး စိတ်ရှုပ်စရာတွေနဲ့ လေးလံ..။
လောကကြီးကလည်း စက်တင်ဘာနောက်ပိုင်း ပို ကျပ်သိပ်လာသလိုပဲ..။
ဖြစ်နိုင်ရင် အားလုံးကို မေ့ချင်ယောင်ဆောင်ပြီး အချစ်ဝတ္ထုတွေပဲ ဖတ်နေချင်တာ.။
တကယ်တမ်းကျတော့ အဲလိုလည်း တည်ဆောက်ယူလို့ မရ.။
ကျမတို့ ဗမာပြည်ခမျာတော့ အချစ်တွေထဲမှာတောင်မှ မွန်းကျပ်လို့။

ဒါနဲ့ပဲ… ကျမမောင်လေး သစ်ကောင်းအိမ် ၂၀၀၆တုန်းကရေးခဲ့တဲ့ ကဗျာတပုဒ်ကို တင်ဖို့ စိတ်ကူးပေါက်သွားခဲ့ပါတယ်…။

ပက်ချင်မပြည့်တဲ့လမ်း

အတောင်ပံတွေက
ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ်

ကောင်းကင်က

မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ်

မီးရထားဘီးတွေက သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်

မလှဲဘူး
လွှင့်တုန်းပါပဲ

အလံလည်း အသံတွေဝင်လို့

စွဲစွဲမြဲမြဲ ၊ ချစ်စိတ်မပြယ်

ကျောင်းပြေးခဲ့တယ်
အိမ်ပြေးခဲ့တယ်

မိန်းမတယောက်ရင်ခွင်က ပြေးခဲ့တယ်

အ၀င်ဆိုးလိုက်တာ
အ၀င်ဆိုးလိုက်တာ

အ၀င်ဆိုးလိုက်တာ

ငရဲမှာ ပြဒါးဖမ်းကြ
ငရဲမှာ အပ်ပျောက်ရှာကြ

တရားသဖြင့်

ပန်းတို့ပွင့်ရန်

အို
အသင်
!
ဒေ၀ဒတ်

သံသရာအဆက်ဆက်

ခြစ်ရာများ

ခြစ်ခဲ့တယ် ။

သစ်ကောင်းအိမ်
(၂၀၀၆)

(ပုံကို ဒီက ယူပါတယ်။)

1 comment:

Unknown said...

့ in search of truth ဆိုတဲ့သူရေ နင်တို့ နအဖ ကလုပ်တဲ့ ဘလော့ဂ် ကြော်ငြာချင်ရင်လည်း ကိုယ့်ဖါသာကိုယ် တခြားနေရာကနေ သွားကြော်ငြာပါ။ ဒီမှာ စာကောင်းကောင်းဖတ်နေတဲ့သူတွေကို လာပြီးအနှောင့်အယှက်မပေးပါနဲ့။ နင့်ရဲ့တောသားနှစ်ယောက်ပြောတဲ့အတိုင်း မှန်ရင်တောင်မှ အမေရိကန်က သူ့ဖါသာသူ ဘာပဲလုပ်လုပ် သူလုပ်ခဲ့တဲ့အတိုင်း အကောင်းအဆိုးကံကို သူခံရလိမ့်မယ် ဂျော့ဘုရှ် အတွက်မပူပါနဲ့။ ဂျော့ဘုရ်က ဗုဒ္ဓဘာသာမဟုတ်လို့ ထားလိုက်ပါတော့ နင်နဲ့ နင့်ရဲ့ တောသားနှစ်ယောက်က ဗုဒ္ဓဘာသာတရားအရသာ ငြိမ်းချမ်းမှုကို ရနိုင်မယ်ဆိုတာသိရင်လည်း ပြည်သူလူထုနောက်မလိုက်ပဲ ဘုန်းကြီးတွေကို သတ်ပြီး ပဉ္စနန္ဒိယကံကျူးလွန်ထားတဲ့ စစ်ခွေးတွေနောက်ကို ဘာဖြစ်လို့လိုက်နေရတာလဲ။ အ၀ီစိငရဲထဲ စောက်ထိုးကျမည့် အန္တရယ်ကို ကာကွယ်ဖို့ ကိုယ့်အတွက်ပဲကိုယ်ပူပါ။ မပူရင်လည်း ကိုယ့်ဖါသာကိုယ် အ၀ီစိကို အေးအေးသွားပါ ဒီမှာငါတို့ကို လာမနှောင့်ယှက်ပါနဲ့လို့ ပြောပါရစေ။