Nov 7, 2010

ရွေးကောက်ပွဲ ဆိုပဲ...

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှမရေးတော့ဘူးလားလို့ ကျမကို မေးကြတယ်..။
ကျမက ပြန်ပြောမိတယ်..ဘာရေးစရာရှိလို့လဲ..လို့။
ဟုတ်တယ်..
ကျမစိတ်ထဲ ဘာမှကို မရှိတာ..။ ပြည်သူတယောက်အနေနဲ့ ဒီ မတရားလှတဲ့ အစိုးရကို ဘယ်တုန်းကမှ မထောက်ခံခဲ့ဘူး။ မကြိုက်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ.. မကြိုက်ဘူး.. လက်မခံနိုင်ဘူး။ အဲဒီမှာ ပြတ်ပြီ။
အဲဒီ ဖွဲ့စည်းပုံအရ ဖြစ်လာမယ့်အစိုးရဆိုတာကို မယုံကြည်မှတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောစရာအကြောင်းကို မရှိတော့။

ရသလောက်လေး လုပ်ကြည့်တာ ဆိုတဲ့ မျှော်လင့်ချက်တွေကိုလည်း လက်မခံပါ.. သဘောမတူနိုင်ပါ။
တလောဆီတုန်းက ကျမရဲ့ မောင်လေးအရင်းလို ချစ်ခင်ရတဲ့ လူငယ်စာရေးဆရာတယောက်က နိုင်ငံရေးပါတီဖွဲ့တယ်။ ပြီးတော့ လူထုကိုယ်စား စကားတွေ ပြောခွင့်ရအောင်လို့တဲ့.. ရွေးကောက်ပွဲဝင်မလား စဉ်းစားတာတွေ လုပ်..။ နောက်တော့.. အစ်မကြီးရာ.. ဒီကောင်တွေ ညစ်ပတ်လိုက်တာ.. ယုတ်မာ ကောက်ကျစ်လိုက်တာ.. ကမ်းကုန်ပဲ.. တော်ပြီ.. ဒီရွေးကောက်ပွဲ မ၀င်တော့ဘူးတဲ့။ ကျမပြန်ပြောလိုက်တယ်.. ညံ့ပါ့ ငါ့လူရာ.. အဆန်းတကြယ်မဟုတ်တာတွေကို လာပြောနေတာ.. သတင်းမဖြစ်တော့ဘူးဟေ့..လို့။ တကယ်လည်း လူတော်လူကောင်းတွေကို ညှဉ်းဆဲ...ပညာတတ်တွေကို သတ်.. သံဃာတွေကို သတ်.. မုန်တိုင်းသင့်ပြည်သူတွေကိုသတ်.. တကယ်တော့လည်း တိုင်းပြည်တပြည်လုံးကို သတ်နေတာပါပဲလေ..။ အဲလို ကမ်းကုန်လမ်းကုန်လုပ်နေတဲ့.. အရှက်အကြောက်မရှိတဲ့သူတွေကို ဘာများ ဆက်ပြီး မျှော်လင့်စရာရှိသလဲ..။ အထူးသဖြင့် ဒီဖွဲ့စည်းပုံထဲက လွှတ်တော်ရဲ့ ဘယ်နေရာကနေ ဘယ်လိုများ စကားပြောနိုင်ကြမှာတဲ့လဲ..။ ကျမကတော့ မျှော်လင့်သူတွေကိုသာ အံ့သြတာပဲ...။

ဟော.. မရေးဘူးဆိုပြီးမှ ရေးဖြစ်ရပြန်ပြီ။ တကယ်တော့ ကျမကသာ ရှည်ရှည်ဝေးဝေးတွေရေးနေတာ.. တကယ်ကျတော့ဖြင့် ဟောဒီမှာ ကြည့်ပါဦး တကွက်တည်းရယ်..။ ကာတွန်းဆရာကတော့ ဘာပြောချင်တယ် မသိ.. ကျမကတော့ အပေါ်မှာ ကျမရှည်ရှည်ဝေးဝေးပြောခဲ့သမျှ အဲဒီတကွက်နဲ့ပြီးရောလို့သာ တွေးတာပဲ..။



(ကာတွန်းဆရာကို ခွင့်မတောင်းဘဲ ဖော်ပြပါတယ်)

5 comments:

PhotoVigor said...

Absolutely agree with you.
Cheers..

Moe Cho Thinn said...

ဆရာမ .. တချို့က ကြို ဟ ထားတာ အာညောင်းလို့ အံသေနေပြီ။ ပါးစပ်တောင် ပိတ်မရတော့ဘူး။ ဟောင်းလောင်းကြီးးး

Unknown said...

သြော် ...သြော်
စားချင်သောက်ချင်လို့
နိုင်ငံရေး လုပ်ချင်တာကို ...
တော်တော် တရားကျဖို့ကောင်းတယ်...

ဒီလိုစိတ်တွေနဲ့တောင် သူများကို မတရားဘူး ပြောနေပါလား ....

ညီလင်းသစ် said...

ကောင်းလိုက်တဲ့ ကာတွန်းလေး...၊

တချို့ကတော့ ပြန်ပိတ်ဖို့ မပြောနဲ့၊ မေးရိုးကိုပြုတ်နေ တာ..။

...အလင်းစက်များ said...

That's stiffness of jaw.

They'll never open their mouth.